ဘဘကြီးနဲ့ကျွန်တော် ခြံထဲကိုလမ်းလျှောက်ထွက်လာရင်း ခေါင်မိုးချွန်ဘန်ကလိုလေးထဲဝင်ထိုင်လိုက်ကြတယ်
"ဘာလိုလိုနဲ့သမီးရွေးရောက်လာတာတောင်လေးလရှိသွားပြီနော်"
"ဟုတ်တယ်ဘဘကြီး အချိန်တွေများကုန်မြန်လိုက်တာနော် ရွေးဒီကိုစရောက်တုန်းက ဆောင်းတွင်းကြီးလေ"
၄လဆိုတဲ့အတိုင်းအတာမှာ ကျွန်တော်ဒီအိမ်မှာနေရတာ နေသားကျသလိုကိုဖြစ်နေပါပြီ။
ပြန်ရမဲ့အချိန်ကိုတွေးမိတိုင်း ကျွန်တော်အလိုလိုဝမ်းနည်းမိတယ်
"ဟိုတစ်နေ့ကတောင် သမီးရွေးမိဘတွေနဲ့ဘဘကြီးဖုန်းပြောဖြစ်သေးတယ်"
"သူတို့ဘာပြောလဲဟင် ဘဘကြီး"
"ဒီလိုပါပဲ သာကြောင်းမာကြောင်းလှမ်းမေးတာပါ ထူးထူးခြားခြားပြောရအောင်ကလည်း သမီးရွေးနဲ့ဦးခိုက်အခြေအနေက ဒီတိုင်းပဲမလား"
ကျွန်တော်ဘဘကြီးကို ဘာပြန်ပြောရမှန်းတောင် မသိတော့ပါဘူး။
ဘဘကြီးပြောတဲ့ဒီတိုင်းပဲဆိုတာ အဓိပ္ပါယ်တွေအများကြီးပါကောင်းပါနေပါလိမ့်မယ်
ကျွန်တော့်အခြေအနေကလည်း ရှေ့တိုးရခက်သလို နောက်ဆုတ်ရခက်တဲ့အနေအထားပဲမဟုတ်လား။
ကျွန်တော်ကိုယ်တိုင်စတင်ခဲ့တဲ့လမ်းမို့နောင်တတော့မရပေမဲ့ လိမ်ညာထားမိတဲ့အတွက်တော့ဘဘကြီးတို့ကိုအားနာမိတယ်
ဘဘကြီးနဲ့ကျွန်တော်စကားပြောနေတုန်း အနီးနားမှာ တစ်ယောက်ယောက်ကသစ်ကိုင်းခြောက် တက်နင်းလိုက်တဲ့အသံကိုကြားလိုက်ရသည်
ကျွန်တော်အသံကြားတဲ့နေရာကိုကြည့်လိုက်တော့ မုတ်သုန်က ကျောပိုးအိတ်လေးလွယ်ပြီး အိမ်ထဲဝင်လာတယ်
"နေကောင်းလားဘဘကြီး"
"ကောင်းပါတယ်ကွာ ဘယ်လိုလဲ ပန်းချီဆွဲသင်တာတော်တော်ရနေပြီလား"
"အခြေခံပဲသင်ရသေးတာဘဘကြီး ဒါပေမဲ့ မုတ်သုန်ကကြိုးစားပါတယ်"
"ဒါဆိုလဲ ဆက်သင်ကြအုံးလေ ဘဘကြီးလည်း နေပူလာပြီဆိုတော့ အိမ်ထဲပြန်ဝင်လိုက်အုံးမယ်"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Roman d'amourအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ