Part5(Uni/ZG)

7.6K 262 5
                                    

ကျွန်တော့်ပန်းချီကားချပ်ပျက်စီးသွားတဲ့နေ့ကစပြီး ကျွန်တော် ဦးခိုက်နဲ့မတွေ့ဖြစ်အောင် ပိုရှောင်ခဲ့တယ်

သူအိမ်မှာရှိတဲ့အချိန်တိုင်း ကျွန်တော်အခန်းထဲကအခန်းပြင်မထွက်ပဲအတတ်နိုင်ဆုံးနေတယ်

အခုဆိုကျွန်တော့်မှာ ပန်းချီဆွဲစရာဆေးတွေလည်းမရှိတော့ဘူး။

မနက်၈နာရီဆို သူအိပ်ယာမထလောက်သေးဘူးထင်တာကြောင့် ဘဘကြီးဆီကခွင့်တောင်းပြီး အပြင်ထွက်မယ်စိတ်ကူးလိုက်တယ်

ကျွန်တော်အောက်ဆင်းလာတော့ ဘဘကြီးကထမင်းစားခန်းမှာ မနက်စာစားနေတယ်

"ဘဘကြီး"သူခေါ်ပြီး ဝင်လာတော့ ဦးခိုက်ကကော်ဖီသောက်ရင်း မော့ကြည့်လာတယ်

သူဒီမှာရှိနေမှန်းကျွန်တော်တကယ်မသိလိုက်တာပါ

တစ်ပတ်လောက်ကျော်လောက် မျက်နှာချင်းမဆိုင်လိုက်ရတာကြောင့် သူ့ဆံပင်တွေကပိုတိုနေပြီး သပ်သပ်ရပ်ရပ်ရိတ်သင်ထားတဲ့မုတ်ဆိတ်မွှေးတွေက မေးရိုးတစ်လျှောက်စိမ်းဖန့်နေတယ်

"သမီးရွေး ဘဘကြီးကိုဘာပြောမလို့လဲ"

"ဘာမှမဟုတ်ပါဘူးဘဘကြီး ရွေးဒီတိုင်းပဲခေါ်လိုက်တာပါ"

ဘဘကြီးကခေါင်းတစ်ချက်ငြိမ့်တယ်
ပြီးမှ"ဪ...ဘဘကြီးသမီးရွေးကို ခိုင်းစရာတစ်ခုရှိသေးတယ်"

"ဘာခိုင်းမို့လဲဟင် ဘဘကြီး"

"ဘဘကြီးဆေးကုန်နေတာ ဈေးချိုပရဆေးဆိုင်က တရုတ်စံကားပန်းပွင့်ခြောက်ဝယ်ခိုင်းမလို့လေ"

"ဟုတ်ဘဘကြီး ရွေးသွားဝယ်လိုက်ပါ့မယ်"

"နေအုံး သမီးရွေးကမန္တလေးကိုရောက်တာမကြာသေးတော့ လမ်းတွေသိအုံးမှာမဟုတ်ဘူး ဦးခိုက်မင်းလိုက်ပို့ပေးလိုက်လေ"

"ရပါတယ်ဘဘကြီး ရွေးသွားတတ်ပါတယ်"

"ရတယ် ကျွန်တော်လိုက်ပို့လိုက်မယ်ဘဘကြီး"

အစကတော့ ကိုယ့်ဘာသာ ဖာသိဖာသာနေအုံးမလို့ပဲ သူကိုယ်တိုင်က ကိုယ့်ကိုရှောင်ဖယ်ရှောင်ဖယ်လုပ်နေတာကြည့်မရလို့။

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now