Part11(Uni/ZG)

6.6K 218 1
                                    

ဦးခိုက်ရုံးမှာနှစ်ရက်လောက်လာနေတဲ့အတွင်း ပူပြင်းမဆူခံရတဲ့အချိန်တစ်ချိန်မှမရှိဘူး။

ဘာကိစ္စစိတ်ဆက်နေလည်းတော့မသိဘူး။လချုပ်စာရင်းတွေလည်းမှန်အောင်လုပ်နေတဲ့ကြားက မနက်ကတင် သူ့စားပွဲကပန်းအိုး ပန်းညှိုးလို့ဆိုပြီးတစ်ခါဆူခံရပြီးပြီ။

ရုံးမှာသူဌေးရဲ့ညာလက်ရုံးကသူဆိုတော့ ပူပြင်းက မျက်နှာသာလည်းရသလို တစ်ခုခုဆိုထိပ်ဆုံးကဆူခံရတယ်

ဘယ်လောက်ပဲအလုပ်များများ အိမ်အမြဲတမ်းပြန်တဲ့သူက အိမ်မပြန်ပဲ အလုပ်မှာပဲပေတေပြီးနေတာကိုတော့ ပူပြင်းကိုယ်တိုင်လည်းအံ့ဩရတယ်

လချုပ်စာရင်းတွေလာပေးရင်း နှစ်ရက်လောက်စိတ်ထဲမှာမြိုသိပ့်ထားရတဲ့မေးခွန်းကို ပူပြင်းမေးဖြစ်အောင်ထုတ်မေးလိုက်တယ်

"အစ်ကိုလေး အိမ်မပြန်တာနှစ်ရက်လောက်ရှိပြီဘာဖြစ်လို့လဲ"

ဦးခိုက်မျက်နှာက ချက်ချင်းဆိုသလိုမျက်မှောင်ကျုံ့သွားပြီး အလိုမကျတဲ့ပုံ‌ပေါက်သွားတယ်

"ငါ့ကိုမလိုလားတဲ့သူရှိလို့ပေါ့!"

"ဘယ်သူလဲ ဘယ်သူကအစ်ကိုလေးကိုမလိုလားတာလဲ"

"ဘယ်သူရှိရမှာလဲ ရွေးရတုပေါ့"

"ထင်တော့ထင်သားပဲ ဒါပေမဲ့ဘဘကြီးဖုန်းဆက်တာတော့ အိမ်မှာမမလေးအအေးမိပြီးနေမကောင်းဖြစ်နေလို့တဲ့"

"ဘာ!"ဦးခိုက်မျက်နှာမှာစိုးရိမ်ရိပ်တွေဖြတ်ပြေးသွားတယ်

အိမ်မှာဆေးခန်းလိုက်ပို့မဲ့သူကရှိတာမဟုတ်ဘူး ဆရာဝန်ရောခေါ်ပြရဲ့လားပဲ။

"ဘယ်တုန်းကဘဘကြီးဖုန်းဆက်တာလဲ ဘယ်ချိန်ကဆက်တာလဲ ဘာလို့ငါ့ကိုမပြောရတာလဲပူပြင်း!"

"မနက်ကဆက်တာ အစ်ကိုလေးစက်ရုံဘက်သွားနေလို့လေ ကျွန်တော်ကိုင်လိုက်တာ ပြန်လာမှပြောမယ်ဆိုပြီးမေ့သွားတာ"

"အေးအေး မင်းအဲ့လိုကြပ်ကြပ်လုပ်သိလား ငါမင်းကိုအလုပ်ဖြုတ်ပစ်ချင်စိတ်ပေါက်လာပြီ"

ပူပြင်းအဲ့စကားကြားလိုက်ရတော့ ရင်တုန်ပန်းတုန်ဖြစ်သွားရတယ်

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now