Part37(Uni/ZG)

4.7K 156 1
                                    

ကားရပ်သွားတော့မှ ကျွန်တော်တို့နှစ်ယောက်လုံးလန့်နိုးလာတယ်

ပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အချိန်ကနေဝင်နေပြီ။

"ဦးခိုက်!"

"ဦးခိုက်ဒါဘယ်ရောက်နေတာလဲ!"

"ကိုယ်လည်း မသိဘူး အဝေးပြေးလမ်းမပေါ်မှာထင်တယ် ထ...ဆင်းရအောင်"

သူလည်သာအိတ်လွယ်ပြီး ကားပေါ်ကအရင်ဆင်းတယ်

ကားထဲမှာကားဆရာနဲ့စပယ်ယာလည်းမရှိဘူး ကြည့်ရတာခြုံတိုးနေတယ်ထင်တယ်

ကျွန်တော်ဆင်းမယ်လုပ်တော့ သူကျွန်တော့်ကိုအောက်ကနေလက်ကမ်း‌‌ပေးပြီးချီချတယ်

ကျွန်တော်ဘာမှမစားရသေးတာကြောင့် ဗိုက်တွေလည်းအရမ်းဆာနေပြီ။

"ငါတို့ဘယ်လိုလုပ်ကြမလဲ"

"ကိုယ်တို့ဆင်းနေခဲ့တာကောင်းမယ် သူတို့ကဘယ်ထိသွားကြမှန်းမှမသိတာ"

"ကားဆရာကိုပြောပြီးအိမ်ပြန်ပို့ခိုင်းရင်ကောင်းမလား"

"ပြဿနာတက်မှာပေါ့ သူတို့ကားပေါ်ခိုးလိုက်လာတယ်ဆိုပြီး"

အဲ့တာလည်းဟုတ်တယ် ကူညီရင်ကအကြောင်းမဟုတ်ပေမဲ့ မကူညီပဲပြဿနာထပ်ရှာနေရင်လမ်းပေါ်မှာဒုက္ခထပ်ရောက်နေအုံးမယ်။

"ကားသမားကိုအကူညီတောင်းတာထပ် ဒီနားကခြံတွေမှာ အကူညီတောင်းကြည့်တာပိုကောင်းမယ်ထင်တယ် ရွာတွေဆိုတော့ တစ်အိမ်မဟုတ်တစ်အိမ်ကူညီလောက်မှာပါ"

သူကျွန်တော့်မျက်နှာကိုကြည့်ပြီး အားပေးပြုံးလေးပြုံးပြတယ်

ဥယျာဉ်ခြံတွေရှိပေမဲ့ ကားလမ်းကနေအဲ့ဒီ့နေရာကိုရောက်ဖို့ တော်တော်တော့လမ်းလျှောက်ရမည့်ပုံ။

သူကျွန်တော့်လက်ကိုဆွဲပြီး ရှေ့ကနေလျှောက်သွားတယ်

"ဂရုစိုက်လာအုံးနော်"မြက်ရိုင်းတွေ ခြုံပုတ်တွေကိုနင်းလျှောက်ရတော့ သူ့ခြေထောက်တွေ‌ ငြှောင့်စူးမှာ ရှသွားမှာလည်းစိတ်ပူတယ်

"ချိုင့်တွေတွင်းတွေလည်းရှိတယ် သတိထား"

"ရပါတယ်"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now