Part31(Uni/ZG)

4.7K 166 2
                                    

မမိလှိုင်လည်းနောက်နှစ်ရက်နေရင် မင်းကွန်းကိုပြန်တော့မှာဆိုတော့ ကျွန်တော်ပေးဖို့ရည်ရွယ်ထားတာလေးတွေ ပေးလိုက်ချင်သည်

ဦးခိုက်နဲ့ကျွန်တော်ကအိမ်မှာထပ်ရုံးမှာနေရတဲ့အချိန်တွေကပိုများသည်

အရင်ကသူအိမ်ပြန်လာမှနှစ်ယောက်အတူဆုံရပေမဲ့ အခုတော့မိုးလင်းကနေမိုးချုပ် သူ့မျက်နှာကိုပဲမြင်ပြီး အလုပ်လုပ်နေရသည်

ကျွန်တော့်ပန်းချီဆွဲချိန်တွေပျက်ကွက်သွားတယ်ဆိုပေမဲ့ သူ့ကိုကူပေးနေရတော့လည်း ကျွန်တော်ပျော်ပါတယ်

"ဦးခိုက် ငါ့ကိုစက်ရုံလိုက်ပို့ပေး"

"ဘာလုပ်ဖို့လဲ"

"မမိလှိုင်အတွက် ချိတ်ထမိန်သွားရွေးမလို့လေ"

"အဲ့တာသူ့အမျိုးသားလာကြိုမှ သူတို့ကိုယ်တိုင် ခေါ်ပြီးကြိုက်တာရွေးခိုင်းလိုက်ပေါ့"

"ငါပြောပါတယ် မမိလှိုင်ကအားနာလို့ မယူဘူးလုပ်နေလို့"

"အားနာစရာမဟုတ်တာကို"

ကျွန်တော်သွားချင်တယ်ပြောတော့လည်းကောက်ခါငင်ခါထလာပြီး အံဆွဲထဲကကားသော့ယူပြီးလိုက်ပို့တယ်

စက်ရုံကိုရောက်တော့ မဝါက ပစ္စည်းအတင်အချလုပ်တဲ့နေရာမှာစာရင်းမှတ်နေတယ်

ဦးခိုက်ကိုတွေ့တော့ပြုံးပြပြီးထလာတယ်"ဆရာ"

"စားပြီးပြီလားမဝါ"

"ဟုတ် စားပြီးပါပြီ"

"ဒီမှာအလုပ်လုပ်ရတာအဆင်ပြေတယ်မလား"

"ဝါအဆင်‌မပြေဘူးပြောရင် ဆရာကဝါ့ကိုပြန်ခေါ်မှာမလို့လား"

ကျွန်တော်မဝါအတွက်စိတ်မကောင်းဖြစ်သွားတယ် ကျွန်တော်ကသူ့နေရာကိုလုယူထားသလိုဖြစ်နေတယ်

ဒီတစ်ခါတော့မဝါကကျွန်တော့်ကိုကြည့်ပြီးဖျော့တော့စွာပြုံးပြတယ် ကျွန်တော်လည်းပြန်ပြုံးပြလိုက်ပါတယ်

သူနဲ့ကျွန်တော်ကြား အဖုအထစ်ကလေးတွေရှိခဲ့တယ်ဆိုပေမဲ့ ရန်သူတွေတော့မဟုတ်ပါဘူး။

မန်နေဂျာကိုမိုးလည်းအနားရောက်လာပြီးနှုတ်ဆက်တယ်"အာစတိ ဒီနှစ်ငွေဆောင်သွားမှာဆို"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now