ကျွန်တော်အိမ်အောက်ဆင်းလာတော့ မီးဖိုချောင်ကနေအနံ့တစ်ခုရနေတယ်
မီးဖိုခန်းထဲဝင်သွားလိုက်တော့စားပွဲခုံပေါ်မှာ အလုံးကြီးကြီး အက်ကွဲဝါဝင်းနေတဲ့ဒူးရင်းသီးကြီးနှစ်လုံးကိုမြင်လိုက်ရသည်
"အို...ကြီးမြ ဒူးရင်းသီးတွေမှအများကြီးပဲဘယ်ကရတာလဲ"
"သားငယ်က သမီးရွေးကြိုက်တယ်ဆိုလို့ မော်လမြိုင်ကနေလှမ်းမှာပေးထားတာ"
"ဒါဆိုသူကရောကြီးမြ"
"ဒူးရင်းသီးအနံ့မခံနိုင်လို့ပြေးနေတာနေမှာပေါ့ သူကအညာသားလေ ဘယ်ဒူးရင်းသီးကြိုက်မလဲ"
မိသူကပါနှာခေါင်းပိတ်ပြီးမီးဖိုချောင်ထဲဝင်လာတယ်
"အဲ့လောက်ထိမဆိုးပါဘူးမိသူရယ် ညည်းပိုတယ်ဆို"
"အာ...ကြီးမြကလည်း မိသူတကယ်ဒူးရင်းသီးနံ့မခံနိုင်တာပါ အဲ့အနံ့ရရင်ခေါင်းတွေကိုက်တယ်"
ဒါဆိုအိမ်မှာ ကျွန်တော်တစ်ယောက်ထဲ ဒူရင်းသီးကြိုက်တာပေါ့
အစားမရွေးတဲ့ဦးခိုက်တောင် ဒူးရင်းသီးတစ်မျိုးကိုတော့ ခါးခါးသီးသီးဖြစ်လွန်းလှတယ်
သူမကြိုက်ပေမဲ့ ကျွန်တော့်အတွက်တကူးတကမှာပေးထားတော့ စိတ်ထဲမှာပျော်လည်းပျော်ရသလို ကြည်လည်းကြည်နူးရတယ်
ဒါပေမဲ့ ကျွန်တော်တစ်ယောက်ထဲစားရဖို့အတွက် ဒုက္ခခံနေရတဲ့ မိသူတို့ကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်
"ရွေး ဒါတွေကိုသယ်သွားလိုက်တော့မယ်နော်ကြီးမြ"
"သမီးရွေးကဘယ်သယ်သွားမလို့လဲ"
"ခြံထဲက ဘန်ဂလိုထဲကိုသယ်သွားလိုက်မယ်လေ ဒါဆိုအိမ်ထဲမှာအနံ့မနံတော့ဘူးပေါ့"
ပြောပြောဆိုဆိုနဲ့ သူဒူးရင်းသီးထည့်ထားတဲ့ခြင်းကလေးယူပြီး ခြံထဲဆင်းသွားတယ်
ဘန်ဂလိုထဲဝင်လိုက်ပြီး စားပွဲခုံပေါ်မှာ ဒူးရင်းသီးခြင်းကိုတင်ထားလိုက်တယ်
မြန်မြန်ကုန်အောင် ချက်ချင်းခွဲစားလိုက်ရင်ကောင်းမလားလို့တွေးလိုက်မိပေမဲ့ စားပြီးရင် သူ့အနားအကပ်မခံမှာလည်းစိုးတယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ