"Ring....Ring"ဖုန်းလာနေတာကြောင့် ကျွန်တော်ဖုန်းကောက်ကိုင်လိုက်တယ်
ဦးခိုက်က ကုန်ကြမ်းဘောက်ချာတွေပေါ်paidထိုးနေရင်း ကျွန်တော့်ကိုလှမ်းကြည့်တယ်
"Hello နန်းမဟာofficeကပါ"
"မမရွေးလားဟင်"
"မုတ်သုန်လား"
"ဟုတ်တယ် မမရွေးကဘယ်လိုဖြစ်လို့ ကိုကြီးဦးခိုက်ရဲ့ အတွင်းရေးမှူးဖြစ်သွားတာလဲ"
"ရုံးပိုင်းမှာလူလိုနေလို့လေ ခဏဝင်လုပ်ပေးနေတာ မုတ်သုန်ဘာပြောစရာရှိလို့လဲ ပန်းချီဆွဲသင်ချင်လို့ဆို တနင်္ဂနွေနေ့ကျ အိမ်လာခဲ့နော်"
"မဟုတ်ဘူးမမရွေး ပန်းချီဆွဲလာသင်တာမဟုတ်ဘူး သားဂုဏ်ပြုပွဲလာဖိတ်တာ အိမ်မှာမမရွေးနဲ့ကိုကြီးဦးခိုက်မရှိဘူးဆိုလို့ ဖိတ်စာထားခဲ့ပြီး လူကိုယ်တိုင်ဖုန်းဆက်ဖိတ်တာ လာခဲ့ရမယ်နော်"
"အချိန်နဲ့နေရာပြောပါ ရွေးလာနိုင်အောင်ကြိုးစားပါ့မယ်"
"Ibisမှာလုပ်မှာ ဒီနေ့ည၈နာရီ"
"အဲ့နေရာမှာလုပ်ရဖို့ မုတ်သုန်ကိုမာန်စစ်ကို ဘယ်လောက်တောင် ဂျီကျထားသလဲကွယ်"
"မမရွေး သားကိုမဆူပါနဲ့နော် ဆယ်တန်းဆိုတာတစ်သတ်မှာတစ်ခါပဲအောင်ရတာတဲ့"
"ဟုတ်ပါပြီ ရွေးမုတ်သုန်ကိုမဆူပါဘူး ဒါဆိုဒါပဲလေနော်"
"ဟုတ်"မုတ်သုန်ဘက်က ဖုန်းပြန်ချသွားတယ်
ကျွန်တော်တောင်ဖုန်းကိုအောက်မချရသေးဘူး သူကျွန်တော့်ကိုမျက်စိထောင့်ထောက်လိုက်ကြည့်နေပြီးတန်းမေးတယ်
"ဘာတဲ့လဲ"
"မုတ်သုန်ပါ သူ့ဂုဏ်ပြုပွဲလှမ်းဖိတ်တာ Ibisမှာ လုပ်မှာတဲ့ သွားမှာမဟုတ်လား"
"မင်းသဘော မင်းကြည့်ရတာ မာန်စစ်ကိုအရမ်းတွေစိတ်ပူနေသလိုပဲ အဲ့ဒီ့ကောင်ကအဲ့လောက်ကုန်တာနဲ့ဘာမှဖြစ်မှာမဟုတ်ဘူး မန္တလေးမှာသူ့ဆိုင်ခွဲတွေကအများကြီး"
"နင်ငါ့ကိုဘယ်လိုထင်နေတာလဲ!"သူ့စကားပြောပုံတွေက ဟုတ်ကိုမဟုတ်တော့ဘူး မသိရင် ကျွန်တော်ကပဲကိုမာန်စစ်ကို ကြိုက်နေတဲ့အတိုင်း။
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ