Part7(Uni/ZG)

7.1K 250 7
                                    

လပြည့်ဝန်းသည် ထိန်ထိန်သာလျှက် ကြယ်ပေါင်းခ၍ ကောင်းကင်တစ်ခွင်လင်းလက်နေ၏

မိုးတိမ်ကင်းစင်တဲ့ မန္တလေးကနေ့ရက်တွေမှာတော့ လသာတဲ့ညတွေများလှပါသည်

ကျွန်တော်ပန်းချီဆွဲဖို့ ဝရံတာဘက်ကိုထွက်လာတော့ ဦးခိုက်ကဝရံတာမှာရပ်နေပြီး လရောင်ကိုငေးကြည့်ရင်း စီးကရက်တစ်လိတ်ကို ခပ်မြေ့‌မြေ့ရှိုက်ဖွာနေတယ်

သူ့လက်ညှိုးနဲ့‌တောက်ချလိုက်တိုင်း ကြွေကျလာတဲ့ စီးကရက်ပြာမှုန်ကလေးတွေဟာ ကြယ်မှုန်တွေအလား။

သူ့မျက်ဝန်းတွေက‌မှိုင်းနေပြီး မျက်ဝန်းထောင့်က မျက်တောင်ဖျားကလေးတွေကလှုပ်ခတ်သွားတယ်

သူစီးကရက်ထိပ်ကမီးစာရဲရဲကို ပြာခွက်မှာထိုးချေပြီး ငြိမ်းသတ်လိုက်တယ်

ဆေးလိပ်ငွေ့တွေ လေမှာတဖြည်းဖြည်းလွှင့်ပြယ်သွားတော့မှ"လာလေရွေးရတု မင်းပန်းချီဆွဲဖို့ ရောက်လာတာမဟုတ်ဘူးလား"

ကျွန်တော် သူ့အနောက်မှာ အသံမပေးပဲရပ်နေမိတာကို သူကလှည့်မကြည့်ပဲကြိုသိနေခဲ့တာလား။

ကျွန်တော်ရောက်လာတော့သူက သူရပ်နေတဲ့ ဝရံတာနေရာလေးကနေ ဖယ်ပေးတယ်

"နင်ဘယ်သွားမလို့လဲဦးခိုက်"

"မင်းအနှောင့်ယှက်ဖြစ်နေမှာစိုးလို့လေ ကိုယ်ကဆေးလိပ်လာသောက်ရုံပဲ"

ကြည်လင်ပီသတဲ့သူ့အသံခပ်နက်နက်က ကျွန်တော့်နှလုံးကိုသိမ့်ခနဲခုန်တယ်

အမှန်တကယ်တော့ ကျွန်တော့်ကြောင့်သူအနှောင့်ယှက်ဖြစ်သွားရတာပါ

"ငါအနှောင့်အယှက်မဖြစ်ပါဘူး ဝရံတာကအကျယ်ကြီးပဲလေ လရောင်ကို ငါတို့အတူတူမျှဝေခံစားလို့ရတာပဲ"

သီတင်းကျွတ်လပြည့်ညက စံအိမ်အောက်ဆီးမီးတွေထွန်းညှိထားပြီး ဝရံတာမှာရောင်စုံမီးပုံးကလေးများကိုချိတ်ဆွဲထားသည်

ဦးခိုက်ကကျွန်တော့်မျက်ဝန်းတွေကိုစိုက်ကြည့်တယ် သူ့အကြည့်ကတစ်ခြားနေ့တွေနဲ့မတူ။

သူကသူ့ခံစားချက်တွေကိုအမြဲတမ်းမြိုသိပ့်ထားတယ် သူ့မျက်ဝန်းတွေကနားလည်ရခက်တယ်

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now