ဆုံလည်ခုံမှာထိုင်ရင်း စားပွဲကိုဘောပင်နဲ့
တတောက်တောက်ခေါက်နေတဲ့ အသံသဲ့သဲ့ကအခန်းတွင်းပျံ့လွင့်နေသည်တစ်ခုခုစိတ်ရှုပ်စရာ၊ဒေါသထွက်စရာကြုံတိုင်း ဦးခိုက်ကအော်ဟစ်ပေါက်ကွဲတာမျိုးမလုပ်ပဲ အေးအေးဆေးဆေးထိုင်ပြီး စဉ်းစားနေတတ်သည်
ကျွန်တော်သူ့ကိုစကားသွားမပြောပေမဲ့ ဘေးကနေတော့ အရိပ်တကြည့်ကြည့် ကြည့်နေမိသည်
"ဒေါက်! ဒေါက်!"
"ဝင်ခဲ့"
ကိုပူပြင်းတံခါးခေါက်ပြီးဝင်လာတော့ ကျွန်တော်အလောတကြီးထရပ်လိုက်မိတယ်
"meetingစဖို့အဆင်သင့်ဖြစ်ပြီလားကိုပူပြင်း"
"ဖြစ်ပါပြီမမလေး"
ဦးခိုက်စိတ်မကြည်စွာလေပူတစ်ချက်မှုတ်ထုတ်လိုက်သည်
သူထရပ်လိုက်ပြီး အစည်းအဝေးခန်းထဲသွားဖို့ပြင်တော့ ကိုပူပြင်းကအခန်းတံခါးဖွင့်ပေးတယ်
သူမသွားခင်ကျွန်တော့်ကိုရပ်စောင့်နေပြီး ကျွန်တော်သူ့အနားကိုလျှောက်သွားတော့မှ ကျွန်တော့်လက်တွေကိုအားပေးနှစ်သိမ့်တဲ့အနေနဲ့ဆုတ်ကိုင်လိုက်တယ်
အပေါ်ထပ်ကhallခန်းထဲမှာ စားပွဲရှည်တစ်လုံးချထားပြီး အဖြူရောင်စားပွဲခင်းနဲ့သူကြိုက်တဲ့နှင်းဆီပန်းအနီတွေထိုးထားပေးဖို့ ကျွန်တော်သန္တာကိုကြိုမှာထားတယ်
ဒီနေ့မနက်ဖြစ်သွားတဲ့ပြဿနာကြောင့် စက်ရုံပိုင်းကမန်နေဂျာကိုမိုး၊စာရေးမသီရိနဲ့မဝါကိုပါmeetingထိုင်ဖို့ခေါ်ထားလိုက်တယ်
ဦးခိုက်ဝင်လာတော့ ဝန်ထမ်းတွေကမတ်တပ်ထရပ်ပြီး ခေါင်းငုံ့နေကြတယ်
မဝါကတော့ ခေါင်းငုံ့ထားရင်း ကျွန်တော့်မျက်နှာကို အကြည့်စိမ်းစိမ်းတွေနဲ့ တစ်ချက်တစ်ချက်လှမ်းကြည့်တယ်
ဦးခိုက်လက်ဟန်နဲ့ထိုင်ဖို့အချက်ပြလိုက်တော့ အကုန်လုံးကိုယ့်ထိုင်ခုံမှာကိုယ်ပြန်ထိုင်သွားကြတယ်
သူအရှေ့ဆုံးကခုံမှာဝင်ထိုင်လိုက်တော့ ကိုပူပြင်းနဲ့ကျွန်တော်က သူ့ဘေးကလွတ်နေတဲ့ခုံတစ်လုံးစီမှာ ဝင်ထိုင်လိုက်တယ်
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ