နိုးနိုးလာချင်းကိုယ်လက်တွေကရိုက်ဖြုတ်ထားသလို နာကျင်နေသည်
သူကျွန်တော့်ဘေးမှာ ဝမ်းလျားမှောက်အိပ်ပျော်နေပြီး လက်တစ်ဖက်ကကျွန်တော့်ကိုယ်ပေါ်တင်ထားတယ်
ချစ်လို့ပေးအပ်ခဲ့ပေမဲ့ ကျွန်တော့်ပထမဆုံးကို ဒေါသနဲ့သိမ်းပိုက်သွားတဲ့အတွက်တော့ စိတ်မကောင်းဖြစ်မိတယ်
ကျွန်တော်သူ့လက်ကိုအသာဖယ်ပြီးမွေ့ယာပေါ်ကနေစောင်ပတ်ပြီးထရပ်လိုက်တယ်
ခြေထောက်ချလိုက်တာနဲ့ခါးအောက်ပိုင်းကနာကျင်မှုက အသဲထဲထိနင့်နေအောင်ခံစားရတယ်
ကုတင်ခြေရင်းမှာရောက်နေတဲ့ကျွန်တော့်အဝတ်တွေကိုတစ်ခုမကျန်ပြန်ကောက်လိုက်ပြီးသူ့အခန်းထဲကထွက်သွားလိုက်တယ်
ဒီချိန်မှာ ကျွန်တော်သူနဲ့ရင်မဆိုင်ချင်သေးဘူး။သူနဲ့ကျွန်တော့်ကြားမှာအချစ်ဆိုတာလည်းမရှိဘူး သံယောဇဉ်ဆိုတာလည်းမရှိဘူး ဘာဆိုဘာမှမရှိတော့ဘူး။
ကျွန်တော့်အပြစ်တွေအတွက်လည်း ကျွန်တော်ကုန်စင်အောင်ပေးဆပ်ပြီးသွားပြီ။ ဒါကိုမှမကျေနပ်သေးရင်လည်း ထပ်တူကျတဲ့တုံ့ပြန်မှုမျိုးနဲ့ ကျွန်တော့်အသက်ကိုနှုတ်ယူသွားရုံပဲရှိတော့တယ်
ကျွန်တော့်အခန်းထဲကိုရောက်တော့မှ ရေချိုးခန်းထဲဝင်လိုက်ပြီးမှန်ရှေ့မှာရပ်လိုက်တယ်
လည်တိုင်ကနေစလို့ရင်ညွန့်တစ်လျှောက်ခန္ဓာကိုယ်တစ်ပြင်လုံး အနီကွက်တွေကမြင်မကောင်းအောင်ပင်။
ရေပန်းအောက်ဝင်လိုက်ပြီး အချိန်အတော်ကြာတဲ့ထိခေါင်းလျှော်ရေချိုးလိုက်သည်
ရေချိုးပြီးသွားတာတောင်သူ့ကိုယ်သင်းနံ့တွေကကျွန်တော့်ခန္ဓာကိုယ်ပေါ်ကပျောက်မသွားသလိုခံစားနေရတုန်းပဲ။
ဗီရိုထဲကနေကော်လံပါရှပ်အိင်္ကျီလက်ရှည်နဲ့style pantsဘောင်းဘီပွတစ်ထည်ကောက်ဝတ်လိုက်သည်
ကျွန်တော်သာစိတ်ပြတ်ရင်သူ့အရိပ်အာဝါသအောက်ကနေ လွတ်မြောက်ဖို့လမ်းကိုရွေးချယ်ခဲ့သင့်ပြီ။
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ