"မိသူ"
"ရှင် အစ်ကိုလေး"
"ညည်းမမလေးကိုသွားမေးချည် ဒီနေ့ငါနဲ့ရုံးလိုက်မှာလားလို့"
"ဟုတ်"မိသူအိမ်ပေါ်တက်မယ်လုပ်တော့ မမလေးက အဝတ်အစားလဲပြီးဆင်းလာတယ်
သူကျွန်တော်ဆင်းလာတာကိုမြင်တော့ မသိချင်ယောင်ဆောင်ပြီး ထမင်းစားပွဲကခုံမှာသွားထိုင်တယ်
သူရှိနေလို့ကျွန်တော်မနက်စာမစားတော့ပဲ ရုံးသွားမယ်လုပ်တုန်း မိသူကအနားရောက်လာတယ်
"မမလေး ရုံးသွားမလို့လား"
"ဟုတ်တယ်မိသူ"
"မနက်စာမစားတော့ဘူးလားဟင်"
"မစားတော့ဘူး ဗိုက်မဆာလို့"
"ဟို...အစ်ကိုလေးကသူနဲ့လိုက်မှာလားတဲ့"
"မလိုက်ဘူးလို့ပြောလိုက်"
မိသူတောင်တစ်ဆင့်ခံပြန်ပြောစရာမလိုဘူး သူကြားပြီးကျွန်တော့်အနားကိုလျှောက်လာတယ်
"မင်းက ကိုယ်နဲ့မလိုက်တော့ဘာနဲ့သွားမှာတုန်း"
"ငါ့ဘာသာဘာနဲ့သွားသွားနင့်အပူမပါဘူး!"
"နင်လုပ်စရာရှိတာသွားလုပ်တော့မိသူ"
"ဟုတ်ကဲ့ အစ်ကိုလေး"
မိသူထွက်သွားတော့မှ ဦးခိုက်သူ့လက်ကောက်ဝတ်တစ်ဖက်ကိုဆုတ်ကိုင်လိုက်ပြီး"နမ်းတာလေးနဲ့အဲ့လောက်ထိဖြစ်ပျက်မနေနဲ့ရွေးရတု!"
"ဘယ်သူကဖြစ်ပျက်နေလို့လဲ နင်သာစကားထဲထည့်ထည့်ပြောနေတာမဟုတ်ဘူးလား!"
"ကိုယ်က စကားထဲထည့်ထည့်ပြောနေတာမဟုတ်ဘူး အဲ့ကိစ္စနဲ့ပတ်သတ်ပြီး မင်းကိုယ့်ကိုမခေါ်နိုင်မပြောနိုင်ဖြစ်နေလို့ပြောနေတာ!"
"ငါ့ကိုလူကြားထဲမှာအရှက်ခွဲထားတဲ့နင့်ကို ငါကကြည်ကြည်ဖြူဖြူခေါ်ပြောနေရမှာလား"
"မင်းမကျေနပ်ရင်ကိုယ့်ကိုပြန်နမ်းလိုက်လို့ရတယ်"
"ဦးခိုက်ဝဋာ!"
"မင်းကိုယ့်ကိုမအော်နဲ့ ကိုယ်မကြိုက်ဘူး အခုချိန်ထိကိုယ့်ကိုဘယ်သူမှအော်ခဲ့ဖူးတာမဟုတ်ဘူး"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Lãng mạnအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ