Part12(Uni/ZG)

5.4K 188 1
                                    

ကျွန်တော်တို့ဆေးခန်းကပြန်လာတော့ ဘဘကြီးက အိမ်အပေါက်ဝမှာရပ်စောင့်နေတယ်

ကားပေါ်ကဆင်းဆင်းချင်း ဘဘကြီးကိုစေ့စပ်ထားတာဖျက်သိမ်းမဲ့အကြောင်း သူ့ဘက်ကစပြီးဖွင့်ပြောလိုက်မှာကို ကျွန်တော်ကြောက်နေမိတယ်

ဦးခိုက်ကိုယ့်ကိုယ်ကိုပြန်ဆန်းစစ်ကြည့်မိတယ် ကိုယ့်စိတ်ကရော ဘာလို့ရွေးရတုနဲ့မှ မပြတ်သားနိုင်ရတာလဲ။

သူ့ဘက်ကကိုယ့်ကိုဒီလောက်ထိ ခါးခါးသီးသီးဖြစ်နေတာတောင် ကိုယ်က ဘာလို့သူ့ကိုစိတ်မနာနိုင်ရတာလဲ

သူ့ဘက်ကတော့ စေ့စပ်ထားတာကို ဖျက်သိမ်းဖို့ ဘယ်နည်းနဲ့မှစပြောလာမှာမဟုတ်ဘူးဆိုတာကို ဦးခိုက်သိတယ်

သူတို့မိသားစုက ဘဘကြီးရဲ့ ကျေးဇူးကြွေးတွေနဲ့ကင်းတာမဟုတ်ဘူး။

သူကားပေါ်ကဆင်းတော့စိတ်လှုပ်ရှားနေတယ်ထင်တယ် ခြေလှမ်း‌သေးသေးလေးတွေက ယိုင်ခနဲဖြစ်သွားတယ်

ဦးခိုက်သူ့ကိုလှမ်းထိန်းလိုက်ရင်း အိမ်ထဲတွဲခေါ်လာတယ်

"သမီးရွေး သက်သာရဲ့လား"

"သက်သာပါတယ် ဘဘကြီး"

ဦးခိုက်ကဘာမှမပြောပဲ ကျွန်တော့်ကိုဆက်တီမှာနေရာချပေးတယ်

ပြီးမှဘဘကြီးနဲ့ကျွန်တော့်ကိုနှစ်ယောက်ထဲထားပြီး သူ့ဘာသာကြီးမြရှိတဲ့ဆီထထွက်သွားတယ်

ဘာတွေပြောနေလည်းတော့မသိဘူး ကြီးမြကသူ‌ပြောနေတာတွေကို အလေးအနက်နား‌ထောင်ရင်း ခေါင်းလေးငြိမ့်တယ်

ကျွန်တော်သူ့ကိုအချိန်ပြည့်လိုက်ကြည့်နေမိတယ်

ဘဘကြီးက သူ့အကြည့်လားရာကိုကြည့်ပြီး အဓိပ္ပါယ်ပါပါပြုံးတယ်"သမီးရွေး"

"ဟုတ် ဘဘကြီး"

"ကျန်းမာရေးဂရုစိုက်နော် မန္တလေးရာသီဥတုက ညနဲ့မနက်ဆိုအေးပြီး နေ့ခင်းတွေဆိုပူတယ်"

"ဟုတ်ဘဘကြီး ရွေးဂရုစိုက်နေပါ့မယ်"

"ဒါဆိုသမီးရွေး သွားနားချင်နား‌တော့လေ ဘဘကြီး မမြကိုဆန်ပြုတ်ပြုတ်ခိုင်းပြီးလာပို့ခိုင်းလိုက်မယ်"

ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)Where stories live. Discover now