မုတ်သုန်ကားပေါ်မှာစိတ်လှုပ်ရှားပြီးဖင်တကြွကြွဖြစ်နေတယ်
ကိုမာန်စစ်ကတော့ ရှေ့မှာတစ်ယောက်ထဲကားမောင်းနေတယ် ဘာမှတော့မပြော။
"မုတ်သုန်ခုံနံပါတ်ဘယ်လောက်လဲ"
"မနခ-2450 အောင်မှာပါနော်မမရွေး"
"အောင်မှာပါ စိတ်မပူပါနဲ့"
ဖောင်တော်ဦးကျောင်းရှေ့ကိုရောက်တော့ ကျောက်သင်ပုန်းပေါ်မှာကပ်ထားတဲ့အဖြူရောင်စာရွက်တွေကို ကြိတ်ကြိတ်တိုး တိုးဝှေ့ကြည့်နေကြတဲ့လူအုပ်ကြီးကိုတွေ့လိုက်ရသည်
ငိုပြီးပြန်သွားတဲ့ကလေးတွေနဲ့ ခုန်ပေါက်ပြီးပြန်သွားတဲ့ကလေးတွေနဲ့ မုတ်သုန်အစားကျွန်တော်ပါစိတ်လှုပ်ရှားလာရတယ်
"အစ်ကိုနဲ့မမရွေးပဲသွားကြည့်လိုက် သားမကြည့်ရဲဘူး"
ကျွန်တော်နဲ့ကိုမာန်စစ်ကားပေါ်ကဆင်းပြီး သွားကြည့်ကြတယ်
စာရွက်တွေကတော့ အများကြီးပါပဲ အောင်ချက်တော့ကောင်းလောက်မှာပါ
ဇီဝဗေဒအတွဲဘက်မှာရှိတဲ့စာရွက်ငါးရွက်မှာ ကိုမာန်စစ်ကရှေ့သုံးရွက်ရှာပြီး ကျွန်တော်က နောက်နှစ်ရွက်ရှာတယ်
"ဟီး! တွေ့ပြီ တွေ့ပြီကိုမာန်စစ် ဒါ! ဒါမုတ်သုန်မလား"
"ဟုတ်တယ်ရွေး အဲ့ကောင်အောင်ပြီ ဇီဝဗေဒတဲ့ 1Dတောင်ပါသေးတယ်"
"နေအုံးကိုမာန်စစ် ဒီတိုင်းကြီးသွားမပြောနဲ့ ရွေးတို့မုတ်သုန်ကိုနောက်ရအောင်"
အောင်စာရင်းကြည့်ပြီးပြန်ထွက်လာတော့ အစ်ကို့မျက်နှာက တည်နေသည်
မမရွေးကလည်း ဘာမှမပြောပဲ စိတ်မကောင်းဖြစ်နေသလို ခေါင်းငုံ့ထားတယ်
"အောင်လားဟင်မမရွေး! အောင်လားလို့"
"ကိုမာန်စစ်ကိုပဲမေးလိုက်ပါ"
မာန်စစ်လက်ကိုဆုတ်ကိုင်လိုက်တဲ့ မုတ်သုန်လက်ဖျားတွေကအေးစက်နေပြီး မျက်နှာကလည်းငိုမဲ့မဲ့လေးဖြစ်နေတယ်
"အောင်လားဟင်အစ်ကို့"
"စာကျက်ပါဆိုတုန်းကတော့ မကျက်ပဲအခုမှမျက်ရည်လေးစမ်းတမ်းစမ်းတမ်းလာလုပ်မနေနဲ့ ကျနည်းသေးတယ်"
YOU ARE READING
ချစ်ခြင်း၏ကန့်သတ်နယ်မြေ(Complete)
Romanceအချစ်ဦးတွေအချစ်ဆုံးတွေဆိုတာထပ် ကိုယ်ကမင်းကိုနောက်ဆုံးအချစ်နဲ့ချစ်တာ မင်းအပြင်အခြားတစ်ယောက်ဆိုတာ ဘယ်တော့မှရှိလာနိုင်တော့မှာမဟုတ်ဘူး။ #ဦးခိုက်ဝဋာ