part8

210 4 0
                                        

ဘယ်သူကြီးလဲ!
"ကျုပ်တို့လူကိုလာခေါ်ရုံပဲ ကိုယ့်လမ်းကိုယ်သွားကြတာပေါ့ အိုင်ဂျွန်"အသံတွေကြားတာနဲ့ဘယ်သူတွေမှန်းရိပ်မိပေမယ့် ယိုယို့ကို ဖက်ထားတဲ့လူကြောင့် အရှေ့မှာဘာတွေဖြစ်နေလဲ မမြင်ရ။အိုင်ဂျွန်ကရှေ့ကမြင်ဖူးသလိုမျက်နှာတွေကြောင့် စဥ်းစားဟန်ပြုမိသော်လည်း
"ကိုယ်နဲ့သူကရှင်းစရာရှိနေတာလေမင်းတို့ကသာကိုယ့်လမ်းကိုသွားသင့်တာ"ဘုန်းလျှံရဲ့စကားကို ထိုသူကအထင်သေးတဲ့ပုံစံနဲ့ပြန်ပြောလာခြင်းပင်။
စေတန်က ဒေါသထွက်စွာဖြင့်
"ဒါကျုပ်တို့ပိုင်တဲ့လူ!ဘာလဲ ခင်ဗျားက ဖီးနပ်အိမ်တော်နဲ့ထိပ်တိုက်တွေ့ချင်နေတာလား!ခင်ဗျားအတွက်ကောင်းတာဘာမှမရှိဘူးနော်"
"အော် အိမ်တော်သခင်လေးတွေကိုးး ဟက်!နှောင်းက ဘယ်လိုဆုံးမထားလဲတော့မသိဘူး ကိုယ့်စည်းနဲ့ကိုယ်မနေတတ်ရင် မျက်နှာပျက်ရမှာ မင်းတို့အိမ်တော်ပဲနော် ကောင်လေး!"
"တောက်!ခင်ဗျား!"ထိုလူက သူတို့ကိုငယ်သေးတယ်ဆိုတဲ့အထာနဲ့ပြောနေခြင်းပင်။
"ဟေ့ ကောင်လေး မင်းအစ်မအတွက်စိတ်မကောင်းဘူးကွာ!ကိုယ့်သည်းခံနိုင်စွမ်းကို မင်းကကုန်အောင်လုပ်လိုက်တာပဲ တရားရုံမှာတွေ့ကြတာပေါ့"တမာန်ရဲ့ရင်ထဲက လူဆီ အော်ပြောပြီးထွက်သွားတော့ ရင်ထဲက လူကအတင်းရုန်းကန်လာသည်။ဟမ့်!လွှတ်ပေးစရာလား!ဒီဂိုက်သူတို့ကို ရှုပ်အောင်လုပ်ထားတာ!ဒီလူမှစာလာမသင်ရင် ဦးနှောင်းက သေခန်းဖြတ်တော့မှာ!

တအီအီနဲ့ရှိုက်ငိုနေတဲ့ ဂိုက်ဆရာက ဝမ်းနည်းတကြီး။ဖြစ်ပုံက ဒီလူကသူ့ကိစ္စသူရှင်းဖို့သွားတာကို သူတို့၃ယောက်က ဝင်ရှုပ်လိုက်တာ။
"ကျစ်!ငိုမနေနဲ့တော့ ခင်ဗျားကိစ္စအကုန်ရှင်းပေးမယ်!"ငိုနေတာမျက်လုံးလေးတွေအစ်လို့ နာနေမှာတောင်စိုးရသည်။ဒါပေမယ့်ဟိုလူနဲ့ပါသွားရင် ဒီလိုငိုနေရရုံပဲများ မှတ်နေလား။အိုင်ဂျွန်ဆိုတဲ့ကောင်က သူများရဲ့နာကျင်မှုကနေသာယာမှုရယူတဲ့ ဆိုက်ကိုကောင်။သူနဲ့roleplayတဲ့လူတော်တော်များများ သေကုန်ကြတာများသည်။တမာန်ကလည်း မြေအောက်လောကကလူပဲမို့ အဲ့ဆိုက်ကိုကောင်ရဲ့လူမဆန်တဲ့လုပ်ရပ်တွေအကုန်သိသည်။
"အခုပဲ ခင်ဗျားကိစ္စတွေအကုန်ရှင်းခိုင်းလိုက်ပြီ ဘယ်တရားရုံးမှသွားစရာမလိုတော့ဘူး!ကြားလား!"
"တကယ်လားဟင်"ခပ်အက်အက်အသံလေးနဲ့ဆိုလာတဲ့လူ။ပြီးတော့ဘာကိုတွေးပြီးငိုလာပြန်လဲမသိ။
"သေတော့မယ်ထင်နေတာ အီးဟီးဟီး အမေ့ကိုထားခဲ့ရတော့မယ်ထင်နေတာ ဟီးဟီး"အသံလေးကသိမ်ဝင်နေတာမို့ ဘုန်းလျှံရေတစ်ခွက်ကမ်းပေးလိုက်ရသည်။ဘယ်လိုသတ္တိနဲ့များ အဲ့လူနောက်လိုက်သွားဖို့ စဥ်းစားလိုက်ပါလိမ့်။လူကဖြင့်တစ်ကိုယ်လုံးတုန်နေတာကို။အစ်မအစားသွားပေးတာတဲ့။ဒီလူ သူ့ပါသူ လူစွမ်းကောင်းကြီးများမှတ်နေလား။ငိုရှိုက်လိုက်ရလို့မောသွားပြီးနောက် သူတို့ဂိုက်က ပင်ပန်းစွာဆိုဖာပေါ်မှာတင်အိပ်ပျော်သွားသည်။
"ကုမ္ပဏီလေးတစ်ခုတောင် အကြွေးတင်အောင်လုပ်ရတယ်လို့ စောက်ဖြစ်မရှိချက်ဘဲ"စေတန်က စောင်ကို အိပ်နေသူပေါ်ခြုံပေးရင်ဆိုတော့ တမာန်ကလည်း ခေါင်းငြိမ့်သည်။
"အဲ့ဒါကြောင့်အလုပ်တွေလျှောက်လုပ်နေတာနေမှာပေါ့ ကျစ် ငါတို့အချိန်မမှီလိုက်လို့အိုင်ဂျွန်နောက်သာလိုက်သွားရင် ဒီလူ့ဘဝတော့မတွေးရဲစရာပဲ"
"အာရုံပဲကွာ ပါးကိုတောင်စကားထဲထည့်ပြောသွားတာ တောက်!ငါတို့ကိုလာစမ်းနေတာပဲ"ရာဇဘုန်းလျှံက ပါးကိုတော်တော်ချစ်တာမို့ ထိုလူကိုသတ်ပစ်ချင်တဲ့အထိ။သူတို့၃ယောက်ရဲ့ ဒေါသတွေက ဆိုဖာထက်ကပျံ့လွင့်လာတဲ့ ဟောက်သံပိစိတွေကြောင့် လေတိုက်ခံလိုက်ရသလို ပျံ့ထွက်သွားသည်။
"ဟမ့်!ဘယ်နားမှချစ်စရာကောင်းမနေပါဘူး"ပါးဖောင်းဖောင်းနဲ့ နှုတ်ခမ်းကွေးကွေးတွေကအူယားစရာကောင်းနေရုံလေးပါပဲ။

3 in 1❤️Where stories live. Discover now