part22

168 5 1
                                        

တမ်ဆေး(Thamsail)မျိုးဆက်ရဲ့နောက်ခံ

ဆန်တိုရီမြို့ရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်ကြီးMr.Thamsail သေဆုံးမှုသည် ကမ္ဘာအနှံ့မှာ ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။စီးပွားရေးကွန်ရက်ကြီးက တည်ဆောက်ထားသလောက်ကို အရှိန်အဟုန်နဲ့ပြိုကျသည်။သစ္စာဖောက်တွေ၊အကျင့်ပျက်ခြစားတဲ့သူတွေ၊အသားထဲကလောက်ထွက်တဲ့လူယုံတချို့ကြောင့် လောကအလယ်မျက်နှာငယ်နဲ့ကျန်ခဲ့တဲ့ သား၂ယောက်မှာ ဖယ်ကျဥ်းခံလိုက်ရကာ မတရားမှန်းသိပေမယ့် မည်သူကမျှအရေးတယူမပြုကြ။ဦးလေးဖြစ်သူဗိုင်တမ်ဆေး(VineThamsail)ရဲ့လက်ဝါးကြီးအုပ်ခြယ်လှယ်မှုအောက်ရောက်သွားပြီး အကြီးဆုံးသားဖြစ်တဲ့ဝီလီတမ်ဆေးက ကြိုးဆွဲရာကတဲ့အရုပ်ဖြစ်ခဲ့ရသည်။အငယ်ဆုံးဖြစ်တဲ့ အိုက်ဒီတမ်ဆေးကတော့ ဓားစားခံပေါ့။ညီဖြစ်သူ ကောင်းကောင်းနေထိုင်ရဖို့အရေးလူယုတ်မာဦးလေးရဲ့ လက်၊ခြေဖြစ်ပေးရပြီး အမှောင်လောကမြေအောက်ကမ္ဘာမှာ ဝီလီနာမည်နဲ့လှပတဲ့ကြေးစားလူသတ်သမားဖြစ်လာလေသည်။လောဘကြီးပြီးရူးနှံတဲ့ဦးလေးဖြစ်သူဟာ သူ့ဆန္ဒကိုအတောမသတ်နိုင်စွာ သုံးပွင့်ဆိုင်အိမ်တော်ကိုပင် ပစ်မှတ်ထားသေးသည်။ဤmissionအတွင်း ဝီလီဟာ သူ့ကိုယ်သူ သေလူလို့ သတ်မှတ်ထားပြီးသားပဲ။ကံကောင်းသည်ပဲပြောရမလား ကံပဲဆိုးသွားလားတော့မသိ။Blackအိမ်တော်ရဲ့လက်ထဲမှာ အသက်ကိုဖြောင့်ဖြောင့်ရှူနိုင်ခဲ့သေးသည်။တစ်ဖက်မှာအိုက်ဒီတမ်ဆေးခေါ်အိုက်တမ်ဟာလည်း လုပ်နိုင်သလောက်ကို ကြိတ်ပြီးလုပ်ခဲ့သေးသည်။သုံးပွင့်ဆိုင်အိမ်တော်နဲ့ဆက်သွယ်ခဲ့ပေမယ့် အကြံဟာမအောင်မြင်ခဲ့။သူ့ရဲ့အကူညီတောင်းတာကို ပယ်ချခဲ့သည်လေ။သို့ပေမယ့် အိုက်တမ်ဟာလည်းအဆိပ်ပြင်းသည်။တစ်ဖက်လှည့်နဲ့သူလုပ်ခဲ့တဲ့အကွက်တွေဟာလည်းမနည်းလှပေ။စီးပွားရေးမှာအဆင့်တစ်ခုထိရှိပြီး သွေးဆာကြမ်းတမ်းတဲ့မြေအောက်အရိုင်းတစ်ဖွဲ့ကိုအုပ်ချုပ်နိုင်ခဲ့သည်။ယခုတွင်မူ အိုက်ဒီတမ်ဆေးသည် အကုန်လုံးအတွက်အဆင်သင့်ဖြစ်နေခဲ့ပြီ။အဓိကအားဖြင့် သူအကူညီတောင်းခဲ့တုန်းက မျက်နှာလွှဲခဲပစ်ခဲ့တဲ့ထိုအိမ်တော်ရဲ့အားနည်းချက်သည် သူ၏လက်ထဲတွင်ဖြစ်သည်။တစ်နည်းဆိုလျှင် ရန်သူရဲ့ရန်သူကို အပိုင်ချုပ်ထားနိုင်လျှင် ဤကစားပွဲသည် အဆုံးသတ်လှပေမည်။Thamsailတို့ရဲ့လက်စားချေဖို့ စပြီ!!

3 in 1❤️Where stories live. Discover now