အနက်ရောင်ကားတန်းရှည်ကြီးသည် တောအုပ်တစ်ခုတွင်းဝင်ရောက်မောင်းနှင်လျက်ရှိသည်။ဦးတည်ရာတစ်ခုထဲဆီသာအရှိန်ပြင်းစွာမောင်းနှင်နေကြပြီး အစီး၂၀ခန့်ရှိတဲ့အပြင် ကားပေါ်မှာစီးနှင်းလိုက်ပါသူများမှာလည်း ယူနီဖောင်းအပြည့်စုံနှင့်။တစ်နေရာအရောက်မှာတော့ ကားဆီးထားတဲ့ခြံတံခါးကျယ်ကြီးကို အရှိန်နဲ့ဝင်တိုက်ပြီး တိုးဖောက်လိုက်သည်နှင့်ပတ်ဝန်းကျင်မှ ကျည်ဆန်များကလည်း လွှင့်စင်လာကြသည်။ဤတွင် တိုက်ပွဲစလေပြီ။
... .... ......... .............. ....
ရဲတိုက်ပုံစံ စံအိမ်တော်တံခါးကြီးအတွင်း အေးဆေးစွာဝင်လာတဲ့လူတစ်ယောက်။ဧည့်ခန်းထဲမှာကြိုတင်စောင့်နေတဲ့လူဆီ အပြုံးတစ်ပွင့်နဲ့လျှောက်သွားသည်။ချစ်ခင်တဲ့အပြုံးထက် မဲ့ပြုံး။သားကောင်ကိုအပိုင်မိထားလို့ သနားနေတဲ့ အကြည့်။
"စောက်သုံးမကျတဲ့ကလေးတွေကို အိုက်ဒီတမ်ဆေးလ်ကထားပေးခဲ့တာပဲ ဒီလူအင်အားလောက်ကို ကျုပ်ကြောက်မယ်ထင်နေတာလားပဲ"
"အဟင်း သိသွားပြီပေါ့ မင်းအံ့ဩအုံးမယ်ထင်ထားတာ"
"ခင်ဗျားနဲ့ပတ်သက်တာ ကျုပ်ဘာမှမသိဘူးဆိုတာမရှိဘူး မသေချာသေးလို့ လွှတ်ထားတာပဲရှိမယ် ဆိုတာ့ ခင်ဗျားညီဘယ်မှာလဲမမေးတော့ပါဘူး ဘာလို့ထွက်မပြေးသေးတာလဲ"
"ငါ မင်းကိုမကြောက်ဘူး ဆက်လွှမ်းအဲလက်စ် "
တည်ကြည်မှုကတော့အပြည့်။ဆက်လွှမ်းအဲလက်စ်တို့အပြင်မှာ အကြီးအကျယ်တိုက်ခိုက်နေတာတော့ မတုန်လှုပ်ပဲ ထိုင်စောင့်နေတာ။တစ်ခါတလေ ဒီလူဘာဖြစ်ချင်နေတာလဲ သိချင်မိသား။
"ငါသိချင်တာရှိလို့"
ခပ်ရွံ့ရွံအသံလေးနဲ့မို့ ဆက်လွှမ်းစိတ်ဝင်စားသွားသည်။ဘာဉာဏ်နီဉာဏ်နက်တွေထုတ်အုံးမလို့လဲ။
"ဒီတစ်ခါဂိုဏ်းရှင်းလင်းရေးမှာ ငါ့ညီပါနေတယ်မလား သူ့ကိုဘာလုပ်ပစ်မှာလဲ"
"ခင်ဗျားညီက မထိသင့်တဲ့သူကို မထိခဲ့ရင်တော့ အေးဆေးပေါ့ ထောင်ထဲမှာလိမ်မာနေရုံပဲ ကိုယ့်ညီကိုယ်မယုံဘူးလား"
"အဲ့မထိသင့်တဲ့လူက ချစ်ဆန်းယိုပဲမလား မင်းတို့ဂိုဏ်းချုပ်တွေက သူ့ကြောင့်ပဲစစ်ဖြစ်နေတာပဲ"
"မနာလိုနေတာလား ဝီလီတမ်ဆေးလ်"
"ဖြစ်ရအုံးမယ်!"
မျက်နှာလေးရဲသွားတာများ ရှက်သွားတာနေမှာ။
"တစ်ခုခုဖြစ်ခဲ့ရင် ငါ့ညီထက် ငါ့ကိုအရင်ပေးသေပါ ငါကမှဆက်ခံသူအစစ်မို့"
ထိုစကားကြောင့် ဆက်လွှမ်း ဒေါသထွက်သွားသည်။ဘယ်သူကသတ်မှာတကဲကဲလုပ်နေလို့လဲ။
ဒီလောက် သေချင်နေတာ။
"ကျုပ်နဲ့လိုက်ခဲ့ လီလီ!"
လက်ဆစ်သွယ်သွယ်ကို ဆွဲကိုင်ပြီး ခေါ်လိုက်သည်။ဘယ်သူမှမသိခင် ဘယ်သူမှမလာခင် ဘာမှမဖြစ်ခင် ဒီလူကိုဖွက်ထားဖို့ သူ့မှာတာဝန်ရှိနေပြီ။ခုဂိုဏ်းရှင်းလင်းရေးမှာ ဒီလူနဲ့ဘာမှမသက်ဆိုင်တာမို့။
.... ..... ....... ......... ............
"ဟဲလို အိုက်တမ် "
"အင်း ယိုယို "
"ငါတို့မတွေ့ရတာတောင်ကြာပေါ့ ဘယ်တွေရောက်နေလဲ မင်း"
"ဒီလိုပါပဲ ကျောင်းပြီးတော့အိမ်မှာပဲ လေလွှင့်နေတာ resultလည်းမရသေးဘူးဆိုတော့"
"ဟုတ်သားပဲနော်"
"အင်း"
"မင်းလည်းအားနေတာဆိုတော့ ငါတို့တွေကြမလား"
"ငါအခုမင်းအိမ်လာမလို့"
"အာ ငါအိမ်မှာမဟုတ်ဘူး အသိအိမ်မှာရောက်နေတာ"
"အော်"
"ဒီလိုလုပ်လေ ငါတို့ထိုင်နေကြဆိုင်မှာတွေ့ရအောင်လေ ငါလာခဲ့မယ်"
"အင်း ပြီးရောလေ ငါလာခေါ်ရအုံးမလား"
"ဟင် မလာနဲ့တော့ရတယ် ငါကားငှားပြီးလာခဲ့မယ်"
"အေးပါ မသိရင် ရည်းစားအိမ်ရောက်နေတာကြလို့ ငါ့ကိုအတင်းမလာစေချင်နေတာ"
"မ မ မဟုတ်ပါဘူး"
"အေးပါ အေးပါ ထားပါတော့ ဒါဆိုတွေ့မယ် ယိုယို"
"အင်း"
ရည်းစားအိမ်တော့မဟုတ်သေးပေမယ့် ယိုယိုရှက်သွေးဖြာသွားတာအမှန်။ဒီအိုက်တမ်ကတော့လူကိုရှက်အောင်ကို စသွားသေးတာ။ယိုယိုဖုန်းကိုအိပ်ကပ်ထဲထည့်ပြီး ထမင်းစားခန်းထဲပြန်ဝင်လိုက်သည်။
"ဟင် ယိုယို ငရုတ်သီးဘူးရော"
"အယ် "ဟုတ်သား။ချဉ်စော်ခါးသီးသုတ်ဖို့ မီးဖိုဆောင်ထဲ ငရုတ်သီးသွားယူတာကို။
"ဟီးဟီး မေ့သွားလို့ သွားယူပြီ"
သွားတဲ့လမ်းမှာ အိုက်တမ်ကဖုန်းခေါ်လာတော့ ယိုယိုမေ့သွားတာ။
"အဲ့ကလေးဟာလေ တကယ့်ဟာလေး နှောင်းရေ သားကိုသိပ်အလိုမလိုက်နဲ့ အဲ့ဟာလေးက ပိုဆိုးချင်တာ"
"အဟင်း သားတွေချည်းရှိတာဆိုပေမယ့် မချွဲတတ်ကြတော့ ဒီအချွဲလေးနဲ့အဆင်ပြေနေတာ တီမေရေ"
"အေးပါတော် တစ်အိမ်လုံးက ဒင်းလေးဘက်ကပဲကိုး"
"ငရုတ်သီးရပါပြီ ဦးနှောင်း စပ်စပ်လေးနော်"
"သားငယ် အချဉ်ချည်း စားနေတာမဟုတ်သေးဘူးနော် အဟာရရှိအောင် အသားစွပ်ပြုတ်လုပ်ပေးတော့ ညှီတယ်ဘာညာနဲ့ ဂဂျီဂဂျောင် နိုင်နေတာ"
"အမေကလည်း ဒီရက်ပိုင်း ထမင်းစားလို့သိပ်မဝင်လို့ပါ အချဉ်သုတ်နဲ့ဆို ၂ပန်းကန်လောက်အေးဆေးပဲမို့ပါ နော်"
"ငရုတ်သီးလျှော့စား ဗိုက်နာလို့ကတော့ ပစ်ထားမှာမှတ်"
"ဟုတ်"
ဦးနှောင်းကတော့ သားအမိကြားပြုံးပြုံးလေးရယ်။ဦးဘုန်းနဲ့ဦးဟန်က အလုပ်ကိစ္စနဲ့သွားကြတာမို့ အိမ်မှာဘယ်သူမှမရှိကြ။ယိုယိုတို့သားအမိနဲ့ဦးနှောင်းနဲ့သာ အိမ်ထဲမှာတကုတ်ကုတ်နဲ့။
"အော် အမေ ခနနေအိုက်တမ်နဲ့သွားတွေ့မလို့ ကျောင်းပြီးတည်းကမတွေ့ဖြစ်တာမို့ ပြီးတော့ အလုပ်ကိစ္စရော ပြောချင်လို့"
"အော် သွားလေ အမေနဲ့လည်းမတွေ့တာကြာပြီ သတိရတယ်ပြောပေးပါအုံး"
"ဟုတ် အမေ"
"ကျောင်းပြီးပြီဆိုတော့ ယိုယိုကဘာလုပ်ဖို့တွေးထားလဲ"
"ကျောင်းကချိတ်ပေးတဲ့ကုမ္ပဏီမှာပဲဆက်လုပ်ဖို့တွေးထားတယ်ဦးနှောင်း အိုက်တမ်လည်းရှိနေတော့ အတူလုပ်ရအောင်လို့"
"အင်း အကူညီလိုရင်လည်း ကိုယ့်ကိုပြောနော် ဘုန်းလျှံတို့ကိုလည်းပြောလို့ရတယ်"
"ဟုတ်ကဲ့ပါ ဦးနှောင်း ယိုယို့သူငယ်ချင်းရှိတော့ပူစရာတော့လိုမှာမဟုတ်ဘူး သူကတအား အားကိုရတာ"
"အင်း အဲ့လိုသူငယ်ချင်းရှိတာကောင်းပါတယ် ဒါနဲ့ ယိုယို အိမ်ထောင်ပြုဖို့ရော မတွေးတော့ဘူးလား"
"ဗျား အဟွတ် အဟွတ်"
"ဟဲ့ ဒီကလေးနှယ်"
ဦးနှောင်းကပြုံးပြုံးကြီးမေးလာတော့ ယိုယို ချောင်းထဆိုးတာပေါ့။အမေကရေတစ်ခွက်မြန်မြန်ပေးသည်။ငရုတ်သီး သီးသွားတာကြောင့်မျက်ရည်တွေပါဝဲသွားသည်။ဦးနှောင်းကလည်း ပြာပြာသလဲလဲ တောင်းပန်သည်။
"ဆောရီး ဆောရီး privacyဆန်သွားတယ်ထင်တယ် ရလား ယိုယို အဆင်ပြေလား"
"ဖြေးဖြေး ဒီးကလေးကတော့ ဒါလေးမေးတာကို ဘယ်လိုဖြစ်တာလဲ "
"အဟွတ် ရပြီ အမေ"ဦးနှောင်းမေးခွန်းကိုရှောင်လွယ်ပြီး ရချိုးအဝတ်လဲဖို့အပေါ်ထပ်တက်လိုက်သည်။အိမ်ထောင်ပြုဖို့!အင်း ယိုယိုဘယ်လိုအိမ်ထောင်ပြုရမလဲဆိုတာ ယိုယိုလည်းမသိသေးပါဘူး။
......... ........ ........ ..........
အိုက်တမ်နဲ့တွေ့ဖို့ထွက်လာခဲ့ပြီးမှ ကားပေါ်မှာ အန်ချင်စိတ်ကထိန်းမရ။မူးဝေပြီး နေထိုင်ရမကောင်းတာဖြစ်လာသည်။အားမရှိလို့လား ဖျားချင်တဲ့ဒဏ်ကြောင့်လားမသိ ယိုယိုမျက်နှာလေးကို ဖြူဖျော့နေမှာအမှန်။ကြိုရောက်နေတဲ့အိုက်တမ်က ယိုယို့ကိုတွေ့တာနဲ့ စိတ်ပူသည်။
"ယိုယို အဆင်ပြေလား ဖျားနေတာလား"
"အင်း အိမ်မှာတုန်းကလည်းအကောင်းပါ ကားစီးရင်းနဲ့မူးပြီးအန်ချင်လာလို့"
"မင်းကကားလည်းမမူးတတ်ပါဘူး "
"အင်း"
"လာလာ ဆေးရုံသွားကြည့်ရမအာင် မင်းအဆင်မပြေဘူးဆိုတာအရမ်းသိသာတယ်"
"အင်း ကျေးဇူး အိုက်တမ် အားနာစရာတွေဖြစ်ကုန်ပြီ"
"ကျစ် အချင်းချင်းကို ဘာအားနာစရာလဲ"
အိုက်တမ်က သူ့ကားနဲ့တစ်ခါးတည်းဆေးရုံခေါ်သွားပေးသည်။လမ်းမှာ စိတ်သက်သာရာရအောင် စကားတွေပြောပေးနေတာမို့ နဲနဲတော့သက်သာရသည်။
"အယ် ဖုန်းလာလို့"
"အင်း ကိုင်လေ ယိုယို"ယိုယို ဖုန်းကိုင်လိုက်တော့
နွေးထွေးတဲ့အသံပိုင်ရှင်ကနှုတ်ဆက်လာသည်။
"အချစ်!"
"အွန်"
"ကိုယ် မင်းကိုလွမ်းနေတာ သိလားအချစ်"
ဩရှတဲ့အသံအောက်မှာ ယိုယို ရှက်သွေးဖြာလာရသည်။သူများအပြင်ရောက်နေမှ ဒီကောင်လေးတွေကတော့။
"ကိုယ်တို့၃ယောက်လုံး အချစ်နဲ့ပြောချင်နေကြတာ vc ခေါ်လိုက်မယ် အချစ်"
"ဟို မခေါ်နဲ့"
"ဟင် ဘာလို့လဲ အချစ်ရဲ့"
"အပြင်ရောက်နေလို့"
"ဟုတ်လား အချစ်ကဘယ်သွားနေတာလဲ ပါးရော ပါလား"
"ဟင့်အင် မပါဘူး အိုက်တမ်နဲ့လာတွေ့တာ ဒါမယ့် အခုခေါင်းနည်းနည်းမူးနေလို့ ဆေးခန်းသွားပြကြည့်မလို့"
" . . . ."
"ဟဲလို ဟဲ... အင်!"
ဖုန်းကိုရုတ်တရက်ဆွဲယူပြီးပိတ်ချပစ်တဲ့ အိုက်တမ်ကြောင့် ယိုယို့မှာကြောင်ကြောင်လေးဖြစ်သွားသည်။
"ငါတို့နောက်ယောင်ခံလိုက်တာခံနေရတယ် ယိုယို
ခါးပတ်သေချာပတ်ပြီး သတိသေချာကပ်ထား ငါကားမောင်းတာအရှိန်တင်လိုက်မယ်"
"ဟင် အေး အေး"ခါးပတ်ကိုသေချာပတ်ထားပြီးသားမို့ လက်နှစ်ဖက်နဲ့ပါ တင်းတင်းဆုပ်ထားမိသည်။
"တောက်!ဘယ်ကောင်တွေလဲကွာ!"
အိုက်တမ်က တင်းမာနေတဲ့မျက်မျက်နှာထားနဲ့ ရှေ့ကကားတွေကိုကျော်ပြီး အရှိန်တင်မောင်းသည်။နောက်က တန်းလိုက်လာတဲ့ကားတွေက၃စီးမက။ယိုယို့ဦးနှောက်နဲ့နှလုံးသားက ပြေးပြီးတမ်းတမိတာဟာ လူ၃ယောက်ဆီမှာ။ရုတ်ချည်း ဖုန်းချလိုက်တာမို့ သူတို့စိုးရိမ်နေမှာ။
အရမ်းစိတ်ပူမနေဖို့မျှော်လင့်ရတာပဲ။
ကားတန်းတွေကိုမျက်ချေဖျက်ပြီး အဆောက်အဦးပျက်တစ်ခုနားမှာ ကားရပ်လိုက်သည်။
"ဆင်းရအောင် ယိုယို"
"အင်း"
ကားပေါ်ကဆင်းတာနဲ့ လူကမိုက်ခနဲဖြစ်ပြီး မျက်လုံးတွေပြာလာသည်။
"ယိုယို! ယိုယို!ခနလေးအားတင်းထားအုံး!"
"အင်း ရတယ်"
"ငါ့ကိုမှီထား"ယိုယိုကိုတွဲပြီး အဆောက်အဦးပျက်ထဲဝင်လိုက်ပြီး အိုက်တမ်က တံခါးတစ်နေရာမှာ ခလုတ်တစ်ခုကိုဆွဲဖွင့်လိုက်သည်။
"ယိုယို"
ယိုယို ပျော့ခွေသွားသည်မို့ အိုက်တမ် တင်းတင်းပွေးထားလိုက်ရသည်။လက်ထဲကခန္ဓာကိုယ်လေးကအားမရှိစွာဖျော့တော့နေသည်။
"ယိုယို!"
ခေါ်သံသည် စိတ်ပူမှုတွေပြည့်နေသော်လည်း မျက်ဝန်းတွေသည် ပြုံးယောင်သန်းလျက်။နဖူးပေါ်ဝဲကျနေတဲ့ ဆံသားပျော့ပျော့လေးတွေကို သပ်တင်လိုက်ပြီး
"ဘာလို့အဲ့လောက်လွယ်ရတာလဲ ချစ်ဆန်းယိုရာ"
YOU ARE READING
3 in 1❤️
Fantasiaချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
