အစားအသောက်တွေလာချပေးပြီး ဖောရွေစွာစကားလာပြောပေးတဲ့Waiterတစ်ယောက်ကြောင့် ယိုယိုကြောင်ကြောင်ကြီးမဖြစ်တော့။အစားစားရင်း လေပေါရင်းနဲ့ အချိန်ခနလောက်ကြာတော့ toiletကသွားချင်လာရော။ဒီတစ်ခါတော့waiterလေးကိုသေချာမေးပြီး toiletရှိရာကို ဦးတည်လိုက်သည်။ဟိုသခင်လေးကဘယ်ရောက်နေလို့ အခုထိပြန်မလာသေးပါလိမ့်။toiletထဲကိစ္စရှင်းပြီးတာနဲ့ လက်ဆေးပြီး ပြန်ထွက်လျှင် အပြန်လမ်းကိုမှတ်မိဖို့ရာ ယိုယိုမစွမ်းနိုင်တော့။အချိုးအကွေ့တွေက ဝင်္ကပါတစ်ခုလိုပဲ ရှုပ်ထွေးလွန်းသည်လေ။toiletတွေကို လွယ်လွယ်ကူကူသွားလို့ရအောင် ဆောက်ပေးကြစမ်းပါဟ။
"စိတ်ညစ်တာပဲ ဒီဦးနှောက်လည်း စာကျ မှတ်နိုင်ပြီး ဒါမျိုးဆိုအသုံးမဝင်တော့ဘူး"
(A/N ဉာဏ်ကြီးရှင်🤣)
မှတ်မိသလောက်လျှောက်လာပြီး လမ်းမှာတွေ့တဲ့လူမေးပြီး ဝိုင်းဆီပြန်သွားရမယ်လို့ တွေးလိုက်သည်။လျှောက်လမ်းတစ်ခုအဆုံးမှာတော့ အနဲငယ်မှောင်ရိပ်ကျနေတဲ့ နေရာမှာ ကိုယ်ချင်းပူးကပ်ပြီး အလင်းဖျော့ဖျော့အောက် တပြွတ်ပြွတ်နမ်းသံတွေတောင်ထွက်နေပြီဖြစ်တဲ့စုံတွဲတစ်တွဲ။မဆိုင်ဘူးဆိုပြီးကျော်သွားဖို့လုပ်လိုက်ပေမယ့် အရပ်ရှည်တဲ့ကောင်လေးပုံက
"ဟင် မင်းသွေးတမာန်လား"
တိုးတိုးရေရွတ်သံသာဖြစ်ပေမယ့် စူးရှနေတဲ့မျက်ဝန်းတစ်စုံက ယိုယို့ကိုကျောပေးထားတဲ့ကောင်လေးကို နမ်းရှိုက်ရင်းဖြင့် ယိုယိုရှိရာဆီအကြည့်ပို့သည်။ယိုယို့ကိုသေချာကြည့်ပြီး ရင်ခွင်ထဲကကောင်လေးကို အတင်းတွေနမ်းနေတာ။
"အာ တောင်းပန်ပါတယ်"ခွင့်ပြုချက်မရှိ ကြည့်နေမိတာမို့ ချက်ချင်းတောင်းပန်လိုက်ပြီး ဦးတည်ချက်မရှိကြုံရာလမ်းကိုဆက်လှမ်းလိုက်သည်။ယိုယိုသောက်ထားတဲ့အချိုရည်တွေက သေးပေါက်ပြီးတာတောင် ပါးစပ်ထဲမှာ ခါးလာသလိုပဲ။
အညိုလုံးလေးထွက်သွားသည်နှင့် ရင်ခွင်ထဲကကောင်ကိုဆွဲဖယ်လိုက်သည်။တမာန်လည်းအကြောင်းပြချက်မရှိတဲ့လုပ်ရက်တွေကိုလုပ်နေမိတာပဲ။ချစ်ဆန်းယိုက တခြားတစ်ယောက်နဲ့မဟုတ်တာလုပ်ပြနေရင်တောင် အေးဆေးထွက်သွားနိုင်တဲ့အနေထားပဲကို။သူဘာတွေမျှော်လင့်မိလိုက်တာလဲ။
"တုံးသလောက် စောက်ရမ်းအထာကိုင်တာပဲ!"
"ဟင်!"
"ကျစ် မင်းကိုပြောတာမဟုတ်ဘူး!"လူကိုပိတ်ဟောက်ပြီးထွက်သွားတဲ့ကောင်ချောလေးကိုကြည့်ရင်း ကျန်ခဲ့တဲ့ကောင်ငယ်လေးမှာ အခြေနေကိုနားမလည်နိုင်သေး။ကိုယ့်ပါကိုယ် ဆေးလိပ်သောက်မလို့လာတာကို လူကိုအတင်းဆွဲလှည့်ပြီးချုပ်နမ်းသည်။လူချောလေးမို့ ငြိမ်ခံလိုက်ပေမယ့် ကိုယ်တော်ချောက ပါးစပ်ကိုသူ့လက်နဲ့အုပ်ပြီး သူ့လက်သူပြန်နမ်းသွားသည်။မကောင်းလိုက်တဲ့ကံ!စားရမလားမှတ်တယ် လူကိုဂျင်းလာထည့်သွားတာပဲ။
. . . . . . . . . .
"အို လူချောလေးပဲ သားနာမည်ဘယ်လိုခေါ်တာလဲ"
"မင်းသွေးတမာန်ပါ အန်တီ တမာန်လို့ခေါ်လို့ရပါတယ်"
"အေးကွယ် သားငယ်စာသင်နေရတဲ့ကလေးတွေကိုခုမှပဲမြင်ဖူးတော့တာ မင်းတို့ဂိုက်ဆရာကိုသေချာအားကိုးနော် သားငယ်ကဆယ်တန်းမှာဂုဏ်ထူးငါးဘာသာတောင်ပါထားတာ လုပ်ချင်တာကဆရာဝန် မတတ်နိုင်လို့သာ မေဂျာပြောင်းထားရတာကွယ်"
"အဲ့လောက်ထိတော်တာလား"အထင်သေးတဲ့ပုံစံဖြစ်သွားနိုင်ပေမယ့်လည်း တမာန်ကအံ့သြပြီးမေးလိုက်မိတာ။စာသင်တာကောင်းတယ်ဆိုပေမယ့် ဒီလူ့အရည်ချင်းကို အဲ့လောက်မှန်းမထင်ခဲ့ဘူးလေ။ဒီလူ့profileကိုစိတ်ဝင်စားခဲ့တာမဟုတ်တော့...
"အမေရယ် ပြန်ပြောမနေနဲ့တော့ သားက အဆင်ပြေနေရင်ရပြီ အများကြီးမျှော်လင့်ရင်သားဒီထက်ပိုပင်ပန်းနေရမှာ"
"ဟွန့် ဒီအမေလည်းကြွားစရာဒါလေးရှိတော့ကြွားရတာပေါ့ တကယ်နော် သားလေးတမာန် မင်းအစ်ကိုဂိုက်ပြပေးတဲ့ကလေးတိုင်း ဂုဏ်ထူးမပါတာမရှိဘူး ဒီအမေက အာမခံတယ်"
"ဟုတ်ကဲ့"မိခင်တစ်ယောက်ရဲ့ဝံ့ကြွားမှုက ပီတိဖြစ်စရာအတိ။
"ညနေစာ စားသွားနော် သားတမာန် အန်တီ့လက်ရာကယိုယိုချက်တာလောက်မကောင်းပေမယ့် စားလို့တော့ရတယ်"
"အာ အမေ ကလေးကစားနေကြမဟုတ်တော့ ခံတွင်းမတွေ့မှာစိုးတယ်ရယ်
ဟင်းစားကလည်းအများကြီးမှမဟုတ်တာ အိမ်ပြန်ရောက်မှစားပါစေ"
"အဲ့လိုလား ဒါဆိုဟင်းမကောင်းတာအတွက်အန်တီအားနာပါရဲ့"
"စားလို့ရတယ်!"အလောတကြီးနိုင်သွားလားမသိ။သားအမိ၂ယောက်လုံး ကြည့်လာသည်။အညိုလုံးလေးရဲ့ မျက်လုံးတွေလှနေတာက အမေတူတာ။မျက်နှာကျဝိုက်ဝိုက်လေးနဲ့နှုတ်ခမ်းကွေးကွေးတွေကတော့ အညိုလုံးလေးရဲ့ပင်ကိုယ်အလှဖြစ်မည်။ အတင်းတွေအိမ်ပြန်စားခိုင်းနေတာက တကယ်ပဲဟင်းစားမလောက်လို့လား၊မစားနိုင်မှာစိုးလို့ စေတနာနဲ့ပြောပေးနေတာလား တမာန်မသိ။ဒါပေမယ့် သူ့ကိုကလေးလို့ခေါ်လာတဲ့ ဒီအညိုလုံးရဲ့ဘဝထဲ စူးစမ်းကြည့်ချင်သည်။
"အယ် စားနိုင်တယ်တဲ့တွေ့လား ဟင်းစားကနဲတယ်ဆိုတော့ ယိုယို ညနေစျေးခနပြေးပြီး အသားဟင်းတစ်ခွက်ထပ်တိုးချက်လိုက်ချေ"
"တကယ်ရတာလား"အမေအပြောကိုခေါင်းမငြိမ့်သေးဘဲ သခင်လေးဖြစ်သူကိုမေးရသည်။
"ကျုပ်လည်းလူပဲလေ လူချက်တာစားနိုင်တာပေါ့"
"အော်.."ဆက်မပြောနိုင်တော့။စားနိုင်ရင် စားနိုင်တယ်ပေါ့။ထပ်ပြောလို့ဘယ်ရမလဲ။
YOU ARE READING
3 in 1❤️
Fantasíaချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
