(AN/အပိုင်း၇ကို ကိုယ်မှားပြီးတင်လိုက်မိတယ် ပြန်ပြင်ပြီးတင်ထားပါတယ်နော် ဖတ်မယ့်သူမရှိလောက်ဖူးဆိုပြီး ဘယ်FICကိုမှမရေးဘဲနားထားတာပါ အခုတော့viewတွေတိုးလာပြီး ဖတ်ပေးတဲ့readerလေးတွေကြောင့်ကိုယ်ပြန်ရေးနေပါပြီ ဒီတလောနိုင်ငံရေးကကြောက်နေရတာမို့ ခပ်မြန်မြန်မတင်ပေးနိုင်လောက်တာကိုကြိုတောင်းပန်ပါတယ် warningပေးထားတဲ့အတိုင်း အသားခန်းတွေလာနိုင်ပါတယ် ချင့်ချိန်ဖတ်ကြပါဗျ အားလုံးလည်းဂရုစိုက်ကြပါနော် )
ရိုးစေတန်ရဲ့လုပ်ရပ်ကြောင့် ဦးနှောင်းက စိတ်ဆိုးပြီး လေ့ကျင့်ရေးကွင်းမှာ အပတ်၂၀၀ပြေးခိုင်းသည်။ရိုးစေတန်ကလည်း ခေါင်းမာသည်။သူတစ်ယောက်တည်းရဲ့အပြစ်မို့ သူပဲပြေးမယ်လုပ်သည်။တမာန်နဲ့ဘုန်းလျှံကလည်း အပြစ်ကို အတင်းဝင်ခံသည်။ပတ်ပြေးနေတဲ့၃ယောက်ကိုကြည့်ပြီး ဦးနှောင်းရာဇလွင် သက်ပြင်းကြိတ်ချလိုက်သည်။
"သားတွေကဆိုးလိုက်တာ"ဦးဘုန်းတမာန်က နှောင်းရဲ့ကိုယ်လေးကိုထိန်းဖက်ထားသည်။
"ကိုယ်တို့လက်ထဲအပ်လိုက်ပါဆို နှောင်းမှလက်မခံတာ"
"ဟင့်အင် မအပ်ပါဘူး"နှောင်းက ဦးဘုန်းတမာန်ရင်ထဲမှရုန်းထွက်ပြီး စိတ်ဆိုးတဲ့မျက်နှာလေးနဲ့ကြည့်လာသည်။ဦးဟန်သစ်စေက သူတို့၂ယောက်ကိုကြည့်ပြီး သဘောတကျ။
"ငါပြောသားပဲ ဘုန်းတမာန်ရ နှောင်းက သူ့သားတွေကိုအထိမခံပါဘူးဆို"
"ဟွန့် နှောင်းကလေးတွေကို မင်းတို့လက်ထဲထည့်လိုက်လို့ကတော့ အစတောင်ရှာရမှာမဟုတ်တော့ဘူး တော် တော် မင်းတို့၂ကောင်ထက် ငါ့သားတွေက ပိုကောင်းသေးတယ်"
"နှောင်းရာ ဒီကောင်တွေကို လုပ်ပစ်ချင်လာပြီ ကြပ်ကြပ်အလိုလိုက်ပြနေနော်"ဟန်သစ်စေက နှောင်းကိုယ်လေးကိုလက်မောင်းတွေထဲပွေ့ဖက် ရင်းဆိုသည်။
"နှောင်းက သားတို့လောက် ကိုယ့်တိုကို မချစ်ပါလား ဝမ်းနည်းသွားပြီကွာ"၂ယောက်ညှပ်ပြီး ဖက်လာတာမို့ နှောင်းအတင်းတွန်းလွှတ်ရသည်။ဘယ့်နှယ့် အောက်မှာကလေးတွေကအပြစ်ခံနေရတာကို ဒီလူကြီး၂ယောက်ကတော့။
မထင်ထားတဲ့ဧည့်သည်ကအိမ်ရောက်လာတာမို့ ချစ်ဆန်းယိုမှာ အံ့သြသွားရသည်။ကျူရှင်သွားမပြတော့တာ၂ရက်ရှိသွားပြီး ဖီးနပ်အိမ်တော်ကိုလည်းအကြောင်းမကြားရသေး။ပြီးတော့လည်ပင်းက ညစ်ရာကြောင့် လည်ပိတ်အင်္ကျီကို ဝတ်ထားရပြီး အမေ့ကို နေမကောင်းချင်လို့ဟုသာလိမ်ထားရသည်။အခုတော့ အမေဖြစ်သူနဲ့စကားပြောနေတဲ့လူ၃ယောက်ကြောင့် ယိုယိုမှာအားနာရသည်။အိမ်ထိလိုက်လာဖို့မလိုတာကို။
"တီဗွီထဲကထက် အပြင်မှာပိုချောတာနော် ကျွန်မက အရာရှိလေးရဲ့ ပရိတ်သတ်ပါ သတင်းတွေထဲမှာလည်း အရာရှိလေး ပရိဟိတလုပ်သမျှအကုန်ကြည့်ရပါ့ ကျွန်မကအပြင်မှာတွေ့ရင် ကျေးဇူးတင်ကြောင်း အရမ်းပြောချင်နေတာ အရာရှိလေးလုပ်သမျှ ပြည်သူတွေအကျိုးခံစား တာမို့ ကျွန်မတော့သိပ်သဘောကျရပါတယ်"
"အမေ"ယိုယိုခေါ်သံကြောင့် ဝမ်းသာနေတဲ့အမေက လှည့်ကြည့်လာသည်။
"ယိုယို အရာရှိလေးနဲ့အသိဆို အမေ့ကိုမိတ်မဆက်ပေးဘဲနဲ့"
"အာ"ရုတ်တရက်မို့ယိုယို ဘာပြောရမှန်းမသိ။တကယ်တော့ ဦးနှောင်းက အရာရှိဆိုတာထက်နိုင်ငံရဲ့ကိုယ်စားလှယ်။ပြီးတော့ ယိုယိုရဲ့အလုပ်ရှင်လေ။privacyထားပေးဖို့တောင်းဆိုခံထားရတော့ ယိုယိုကတိတ်တိတ်လေးနေခဲ့ခြင်းသာ။
"အမေ တကယ်တော့ ဆရာလေးယိုယိုက ကျွန်တော့်သားတွေကိုစာပြပေးနေတာပါ ဆရာလေးကလည်းကျွန်တော့်အပေါ်ကျေးဇူးရှိပါတယ်"
"မဟုတ်တာ ဦးနှောင်း ယိုယိုတို့က အပြန်အလှန်ချေပြီးသားပဲလေ အရမ်းကြီးမမြှောက်ပါနဲ့ဗျ"ယိိုယိုက အားနာစွာတားဆီးလိုက်သည်။အမေကိုတောင် ဦးနှောင်းက အမေလို့ခေါ်လိုက်တာမို့ ယိုယိုမှာအထူးဆန်းကိုဖြစ်နေတော့သည်။
"ကဲကဲ အမေဆိုင်သွားရအုံးမှာ ယိုယို ဆိုင်ကကလေးမလေးကို မုန့်တွေပို့ခိုင်းလိုက်မယ် အရာရှိလေးတို့ကိုကောင်းကောင်းဧည့်ခံလိုက်အုံးနော်"သားဖြစ်သူကိုမှာပြီးသည်နှင့် အရာရှိလေးကိုနှုတ်ဆက်လိုက်သည်။
"စကားအေးဆေးပြောကြနော် အမေကသားတို့စားဖို့ မုန့်တွေပို့ခိုင်းလိုက်မယ် အိမ်ကမုန့်တွေကတစ်ကောင်တည်းရှိတဲ့ကြွက်လေးက ဘယ်လိုစားသွားမှန်းကိုမသိဘူး ကုန်နေတော့တာပဲ"အမေရဲ့အရွှန်းဖောက်စကားကြောင့် ယိုယိုက မျက်နှာပူသွားရပေမယ့် ဦးနှောင်းကခပ်သောသောရယ်သည်။အမေထွက်သွားသည်နှင့် ဦးနှောင်းက
"ယိုယိုလို့ပဲခေါ်တော့မယ် ကိုယ်တို့ပိုရင်းနှီးတာပေါ့"
"ဟုတ်ကဲ့"ဘေးကကျောက်ရုပ်ကြီး၂ကောင်ကစကားစမည့်ပုံမပေါ်တာကြောင့် နှောင်းကသာစပြောလိုက်ရသည်။
"ကိုယ့်သားတွေအစား တောင်းပန်ပါတယ် ယိုယိုကိုကြောက်သွားစေမှာအမှန်ပဲ ကိုယ့်သားတွေက မိခင်မေတ္တာလည်းမရခဲ့တဲ့ကလေးတွေလေ ကိုယ်တို့နဲ့သူတို့ငယ်ဘဝတွေကသိပ်မအပ်စပ်ခဲ့တော့ ဆိုးချင်တိုင်းဆိုးနေကြတာ ကိုယ်တကယ်အားနာရပါတယ်"ဦးနှောင်းက တောင်းပန်လာတော့ ယိုယိုမှာမနေတတ်မထိုင်တတ်။
"အရမ်းလန့်သွားတယ်မလား"
"ဟုတ်ကဲ့"ယိုယိုမလိမ်မိ။တကယ်ကြောက်သွားတာ။
"အလုပ်တော့မထွက်ပါနဲ့ ကိုယ့်သားတွေကို နိုင်အောင်ထိန်းပါမယ် ပြီးတော့ ယိုယိုနဲ့ပဲစိတ်ချတယ် bonusတွေလည်းထပ်တိုးဖို့ကိုယ်စဥ်းစားထားပါတယ် ဒါကယိုယိုကိုတန်ကြေးဖြတ်တာမဟုတ်ပါဘူး တကယ်ကိုကျေးဇူးတင်လို့ပါ"
"အာ ရပါတယ် ယိုယို့ဖို့အဲ့လောက်ကြီးမလုပ်ပေးပါနဲ့ "
"ကိုယ့်သားတွေကို ယိုယို့ဆီအပ်ပါတယ် ယိုယိုဘာလုပ်လုပ်ခွင့်လွှတ်ပေးတယ် အဲ့ကောင်တွေကို မှတ်သွားအောင်လုပ်လိုက် ယိုယို့ကိုအာဏာအပြည့်ပေးတယ် "
"အာ"ဖြူစင်တဲ့မျက်ဝန်းတွေက နှောင်းကိုမော့ကြည့်လာသည်။ယိုယိုရဲ့ ပကတိဖြူစင်မှုက နှောင်းကိုအကြိုက်တွေ့စေတာ။ဒီကလေးက သူတို့သားတွေကိုပြောင်းလဲပေးနိုင်မယ့် energyရှိနေမှန်း နှောင်းရဲ့အာရုံကအသိပေးနေပြီးဖြစ်သည်။
YOU ARE READING
3 in 1❤️
Фэнтезиချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
