part15zg

61 0 0
                                        

ခရီးကနေပြန်ရောက်လာတဲ့ ရာဇဘုန်းလျှံကို ဉီးနှောင်းရောကျန်သခင်ကြီးတွေပါ လာတွေ့သည်။
အဖြစ်က ဟိုမှာMatchလုပ်ရင်း လုပ်ကြံသူနဲ့တွေ့လာတာ။ပြဿနာဖြစ်လို့နောက်ဆုတ်လိုက်ရတယ်ပြောတုန်းက ရိုးရိုးပဲထင်လိုက်တာ။ပြီးမှ ဂိမ်းပွဲအတွင်းမှာ ထင်ထင်ပေါ်ပေါ် လာစိန်ခေါ်ခြင်းဖြစ်နေမှန်းသိရသည်။
"ကြည့် ဘုန်းလျှံ!ပါးသာမသိခဲ့ရင် ပါးတို့ကိုမပြောဘဲ တစ်သက်လုံးဖုံးကွယ်ထားမလို့လား ဟမ်!ပါးပါးကမင့်အတွက်အားကိုးဖို့ အဲ့လောက်တောင်အဖြစ်မရှိတော့ဘူးလား!ပါးကိုအားကိုးရမှာပေါ့!"
"မဟုတ်ဘူး ပါးရာ ဒါကပြဿနာကြီးကြီးမားမားလည်းမဟုတ်ဘူးလေ အဲ့ကောင်ကိုနေရာမှာတင်ရှင်းလိုက်တာမို့ ပါးကိုအလုပ်မရှုပ်စေချင်ဘူး "
"မင်း!ပြောလေကဲလေ!"
"ကဲ နှောင်းစိတ်လျှော့ပါကွာ ကျန်းမာရေးကမကောင်းရတာကို!"ဉီးဘုန်းက ဝင်တားလာတာဖြစ်သည်။
"ပါး နေမကောင်းဘူးလား"
"ဉီးနှောင်း ဘာဖြစ်တာလဲ!အဆင်ပြေရဲ့လား"စိုးရိမ်တဲ့မျက်နှာလေးတွေနဲ့ သား၃ယောက်ဟာမေးလာတော့ နှောင်းမှာစိတ်လေးကိုထပ်လျှော့လိုက်ရသည်။ဒီကလေးတွေဟာလေ!ဉီးဘုန်းက ကြားဖြတ်၍
"ရိုးရိုးနေမကောင်းတာ!စကားလမ်းကြောင်းမလွှဲနဲ့ ဘုန်းလျှံ အန္တရာယ်တွေအဲ့လောက်များနေတာကို ဘော်ဒီဂတ်တွေတစ်ယောက်တောင်မပါဘူးမင်းသာသတိမထားမိရင် နေရာမှာတင်ပွဲချင်းပြီးဆိုတာသိတယ်မလား ကျွတ် အခုကိစ္စက မင်းတို့အကုန်စောင့်ကြည့်ခံနေရတယ်ဆိုတာ သေချာနေပြီ"
"စေတန်ရဲ့ဆက်ခံပွဲကလည်းမကြာခင်လုပ်တော့မှာဆိုတော့ တချို့ဂိုဏ်းတြွေပင်ဆင်နေလောက်ပြီ ငါပြောချင်တာကတော့ ဒီထက်ပိုပြီးသတိထားဖို့ပဲ ရင်ဆိုင်တွေ့ရင်လည်းနေရာမှာတင် အသေဖြုတ်ခဲ့ကျန်တာငါတို့ရှင်းမယ် မင်းတို့နောက်မှာ bodyguardတွေပိုတိုးထားပေးတော့မယ်"ဉီးဟန်ကလည်း သေချာပြောပြသည်မို့ သူတို့ငြိမ်သက်သွားသည်။
"ဘယ်သူလို့ထင်လဲ ဒက်!"ရိုးစေတန်ကဖခင်ဖြစ်သူကို မေးလိုက်လျှင်
"Sank-Ace"(မြှုပ်ထားသောဝှက်ဖဲ *ဆန့်ကေ့စ်)
"ဆန်တိုရီဖက်က ကြေးစားဂိုဏ်းလား"
(ဆန်တိုရီ=လူမိုက်ဆန်သော သတ်ရဲဖြတ်ရဲရာဇဝတ်ဂိုဏ်းသားများစုဝေးရာမြို့ သို့ ခရီးသွားများအတွက်လှပသည့်လည်ပတ်စရာများရှိရာနယ်ပယ်တစ်ခု)
"အင်း ခေါင်းဆောင်ဘယ်သူမှန်းမသိဘူး ဒါပေမယ့် အုပ်ချုပ်သူအသစ်ပြောင်းပြီးတည်းက သူတို့ဉီးတည်နေတာ ငါတို့အိမ်တော်၃ခုပဲ"
"သိပ်ကြီးကျယ်တဲ့ဂိုဏ်းတော့မဟုတ်ဘူး ကြည့်ရတာငါတို့ကိုတော့ ကျော်ချင်တာနေမှာပေါ့ သူတို့အင်အားက အိမ်တော်တစ်ခုစာတောင်မရှိတာ သိပ်သတ္တိကောင်းလွန်းတယ်"
"ဉီးဟန်ပြောသလိုဆို ဆန်တိုရီရဲ့အုပ်ချုပ်သူက Sankaceကို ထောက်ပံ့နေတာပေါ့ ကြည့်ရတာ ကျွန်တော်တို့လွှတ်ထားပေးမိပြီလား"တမာန်ကအေးစက်စက်ဆိုသည်။
"အလွယ်လေးဆိုပေမယ့်သတိထားကြဖို့ ပါးပြောချင်တယ် အာဆာတွေကပါးတို့ဖက်မှာဆိုပေမယ့် သိပ်မကြာခင်ကမှ ပြေလည်ထားတာလေဘယ်သူ့ကိုမှအတည်ယူလို့မရသေးတော့ အစစရာရာသတိနဲ့နေကြ"
"ဟုတ်!!!"မိသားစုတွေ စုဝေးပြီးနောက် အိမ်တော်သခင်ကြီးတွေဟာ heaven အိမ်တော်သို့ လက်နက်တွေစီမံပြီး လက်အောက်သားတွေနဲ့ အစီစဉ်ဆွဲဖို့ရာ ထွက်ခွာသွားကြသည်။အိမ်တော်ထိန်းဉီးပုဟာဆိုရင်ဖြင့် သခင်လေးတွေနောက်ကနေ ဆက်လိုက်ရပြီး လိုအပ်တာတွေစီမံပေးဖို့ အပေါ်ထပ်ကို အစေခံတွေနဲ့ ပါသွားလေသည်။

3 in 1❤️Where stories live. Discover now