part23

146 6 0
                                        

"အစ်ကို နေမကောင်းသေးဘဲနဲ့ အိပ်နေတာမဟုတ်ဘူး အန်တီကခွဲစိတ်တာအောင်မြင်ပါတယ် ဆေးပေးထားလို့အိပ်နေရုံလေးကို ကြာရင်အစ်ကိုပဲလဲသွားလိမ့်မယ်"ယိုယို့ဆီဒီစကားပြောလိုက်တာက ဆန်ပြုတ်ပန်းကန်ကိုင်လျက်ဝင်လာတဲ့ သခင်ကြီးရာဇဘုန်းလျှံ။
"အစ်ကို ဆေးသောက်ဖို့ပြင်ထားပြီ ဘုန်းလျှံယူလာတဲ့ဆန်ပြုတ်သောက်ပြီးရင် ဒါသောက် ပြီးမှ ပြန်နား ဘာမှမလုပ်နဲ့အုံးနော်"ဒါကတော့ဆေးကိုင်ပြီး လာခဲ့တဲ့သခင်ကြီးမင်းသွေးတမာန်။
"အစ်ကို ဘာမှမလုပ်ဖို့ ကျွန်တော်တို့ပြောထားပြီနော် အန်တီအတွက်လည်းစိတ်မပူနဲ့ ကျွန်တော်တို့လူတွေအကုန်လိုလေသေးမရှိပြုစုဖို့လွှတ်ထားပေးတယ် အစ်ကို့အစ်မလင်မယားလည်းအဆင်ပြေနေတာပဲ"ဒါကကျတော့ ဆေးရုံရေခဲသေတ္တာထဲ မုန့်အစုံထည့်နေတဲ့ သခင်ကြီးရိုးစေတန်ပဲဖြစ်သည်။ဒီသခင်ကြီး၃ယောက်ကြောင့်ယိုယိုကရှက်သွေးဖြာနေရပေမယ့် ကုတင်ဘေးငုတ်တုတ်ဖြစ်နေတဲ့ အိုက်တမ်ကတော့ မျက်မုန်းကျိုးနေပြီ။ဒီလူတွေ ဒီလိုပုံစံမျိုးနဲ့မြင်ရလိမ့်မယ်လို့ အိုက်တမ်မတွေးဖူးဘူး။တစ်မျိုးတော့တစ်မျိုးလေးပဲ။အိုက်တမ်အနေနဲ့ယိုယိုကိုကူစောင့်ပေးချင်ပေမယ့်လည်း ဖုန်းထဲရောက်လာတဲ့စာတစ်စောင်ကြောင့် နေရာမှချက်ချင်းထလိုက်သည်။
"ကောင်းကောင်းနားအုံး ယိုယို ညနေလာကြိုရအုံးမလား"
"ဟို"
"ဟေ့ကောင် ကိုယ့်ကိစ္စကိုယ်လုပ်!"ရိုးစေတန်ကခပ်တည်တည်ပဲဝင်ပြောလိုက်သည်။
"ရတယ် အိုက်တမ် ညနေလာမကြိုနဲ့တော့"
"အင်း ဒါဆိုငါသွားပြီ လိုတာရှိရင်ဖုန်းဆက်ခဲ့"
"အင်း အင်း"ကဲကဲပိုချင်နေတဲ့လူတွေကိုထားခဲ့ပြီး ကိုယ့်ကိစ္စကိုယ်သွားလုပ်ရအုံးမည်။အိုက်ဒီတမ်ဆေးရဲ့ လျှောက်လမ်းတွေဟာ ဖြောင့်နေအုံးမှာပဲ။
.    .     .      .       .       .
"ဘာ!ဝီလီပျောက်သွားတယ်!"ခေါင်းကနေမီးခိုးထွက်လုလု ဖြစ်နေတဲ့ဘော့စ်ကြောင့် bodyguardတွေလည်း အသက်တောင်ရဲရဲမရှူရဲ။
မျက်နှာလေးခနလွှဲမိတာနဲ့ ဒီလူဟာ ရအောင်ကိုထွက်ပြေးသည်။ဦးလေးဂျွန်ရဲ့မင်္ဂလာကိစ္စ​
ကြောင့် သူ့ကိုပါခေါ်သွားလို့မဖြစ်သေးတာမို့ သေချာစီစဥ်ပြီးထားခဲ့တာကို။
"ရအောင်လိုက်ရှာ!တစ်ကျွန်းလုံးရဲ့ လေဆိပ်နဲ့သင်္ဘောဆိပ်တွေအကုန်လိုက်စစ်!ငါ့ဆီရအောင်ခေါ်ခဲ့ကြစမ်း!"
"Yes!boss"
"ဘာအနာတရမှမဖြစ်စေနဲ့" အသက်အန္တရာယ်ကိုခြိမ်းခြောက်ခဲ့တာလည်း ကိုယ်ပဲဆိုပေမယ့် အနာတရမဖြစ်စေချင်တာလည်း ကိုယ်တိုင်ပဲဖြစ်နေခဲ့တော့ ဒီပွဲမှာ ဆက်လွှမ်းအဲလက်စ်ရှုံးခဲ့လေသလား။
.   .    .   .    .    .    .    .     .
အိမ်ကြီးတစ်လုံးဆီသို့ အနက်ရောင်ကားတစ်စီး
ရောက်ရှိလာသည်။အထဲမှ အနက်ရောင်ဝတ်စုံနဲ့လူတွေ၄ဦးထွက်လာပြီးနောက် ထိုထဲမှတစ်ဦးကကားတံခါးကိုဖွင့်ပေးသည်။ကားပေါ်မှဆင်းလာသူသည် တစ်ခြားသူတော့မဟုတ်။အိုင်ဒီတမ်ဆေးပင်ဖြစ်သည်။
"အစ်ကို အိပ်နေတာလား"
"နိုးနေပါပြီ Sr"ပါးပြင်ထက်အပြုံးဖြစ်ထွန်းလာပြီး အိမ်ကြီးထဲကိုဝင်လိုက်သည်။သူ သူ့အစ်ကိုနဲ့ဝေးနေရတာ ကြာလှပြီမလား။အိမ်ပေါ်ထပ်ကအခန်းတစ်ခန်းဆီဝင်လိုက်ပြီးနောက် ပြတင်းမှာမတ်တပ်ရပ်နေတဲ့ကျောပြင်လေး။သူ့အတွက်နဲ့
အစ်ကိုဖြစ်သူရဲ့ကျောပြင်မှာ ထင်းနေခဲ့တဲ့အရှိုးရာတွေမနဲ။သွေးစွန်းခဲ့တဲ့လက်တွေကလည်းအကြိမ်ကြိမ်။ဒီတစ်ခါတော့ အစ်ကို့ကိုသူပြန်စောင့်ရှောက်ပါတော့မည်။
"အစ်ကို"တိုးညင်းညင်းထွက်သွားတဲ့အသံ။လှည့်ကြည့်လာတဲ့လူသားလေးကလည်းမျက်ဝန်းမှာ မျက်ရည်စတွေနဲ့။
"ဒီဒီ"အိမ်နာမည်ကိုခေါ်ပြီး ဖက်လာတဲ့အစ်ကိုကြောင့် သူလည်းထွေးပွေ့ဖက်ထားလိုက်သည်။ရှိုက်ကြီးတငင်ငိုနေတာဟာ ကြေးစားလူသတ်သမားဆိုတဲ့ဂုဏ်နဲ့မှမလိုက်ပါဘဲ.. အစ်ကိုဟာ ပင်ပန်းခဲ့ပါပြီ။
.   .    .    .     .     .     .     .
"သူ ဘယ်မှာလဲ!"
"မရှိတော့ဘူး"
"ဘယ်ရောက်သွားတာလဲ မင်းလက်ထဲမှာဖွက်ထားခဲ့တာမဟုတ်ဘူးလား"
"ဟက် ငါ့ဆီမှာရှိနေရင် မင်းတို့နဲ့စကားချင်းထိုင်ပြောနေမယ်ထင်လား"
"ခွေးကောင်!အဲ့ကောင်ကိုမင်းကဖွက်ထားရဲတယ်ပေါ့ ဟမ်!"မေးသမျှကို ဘုဘောက်လုပ်နေတဲ့ ဆက်လွမ်းကို ဘုန်းလျှံဟာ လည်ပင်းကိုဆွဲညစ်ပြောသည်။ဆက်လွမ်းကလည်း မခေ။ရုန်းထွက်ပြီး ဘုန်းလျှံကိုပြန်တွန်းကန်သည်။
"အဲ့လူကိုငါဘယ်တုန်းကဖွက်ထားလို့လဲ မင်းတို့ရှေ့မှာအမြဲတမ်းခေါ်လာနေတာပဲ အထူးသဖြင့် ချစ်ဆန်းရှိတဲ့ဆီကိုလေ ချစ်ဆန်းယိုကောင်းကောင်းမွန်မွန်ရှိနေတာကို အဲ့လူကိုညှင်းပန်းပြီးကြည့်နေခိုင်းခဲ့တာကွ!"
"လီး!တရားကျဖို့ကောင်းတဲ့လက်စားချေမှုပဲ"ရိုးစေတန်ကမှတ်ချက်ပေးသည်။
"မင်း မဟုတ်မှ အဲ့ကောင်ကိုကြိုက်သွားတာလား ဟေ့ကောင် မင်းtypeလည်းမဟုတ်ဘဲနဲ့"
"လီးကိုကြိုက်ပါလား စေတန်!ငါသူ့ကိုကြိုက်စရာလား လက်စားချေနေတာကွ"
(A/N...Aww🙄)
ဆက်လွမ်းအဲလက်စ်ရဲ့သြချစရာလက်စားချေမှုကြီးကို စေတန်နဲ့ဘုန်းလျှံဆွံ့အလျက်။
"အခုက သူထွက်ပြေးသွားတာလား "
"ထွက်ပြေးတာဆိုတော်အုံးမယ် တစ်ခုခုဖြစ်ပြီးပျောက်နေတာမျိုးဖြစ်နေမှာစိုး..."
"လီးပဲ!"စေတန်ကသွက်လက်စွာနဲ့ဆက်လွမ်းရဲ့နောက်စေ့ကိုရိုက်ပစ်လိုက်သည်။
"လီး ဘာလုပ်တာလဲ"
"တော်တော့ဟေ့ကောင် မင်းလူပဲဖြစ်ဖြစ် ဘယ်သူ့လူပဲဖြစ်ဖြစ် ငါတို့ရှာတွေ့ရင် မင်းမျက်နှာလည်းထောက်နေမှာမဟုတ်ဘူးဆိုတာ သိထားလိုက်"ဘုန်းလျှံက ပြက်သားစွာဆိုလိုက်သည်။
"မင်းတို့သဘောပဲ"ဆက်လွမ်းက သဘောပဲဆိုတဲ့ပုံနဲ့ပြောလိုက်ပေမယ့် 'ရအောင်ဖွက်ထားအုံးမယ်'ဆိုတဲ့အထာမျိုး။ဒီကောင် အစ်ကို့ကိုသဘောကျတယ်ဆိုလို့တာပဲ။ဟိုကောင်နဲ့ဘယ်နှခါညားထားပြီလဲမသိ။
.   .    .    .    .    .     .     .      .
မနက်ခင်းတွင် ယိုယိုဆေးရုံကောင်တာမှာအမေ့အတွက်ဆေးစာထုတ်နေချိန် သခင်ကြီး၃ယောက်ကရောက်လာသည်။ကောင်တာဘက်ကိုသတိမထားမိကြလို့ ယိုယိုကိုသူတို့မမြင်ကြ။မမြင်တာလည်းကောင်းသည်။မဟုတ်ရင် ယိုယိုဆီလာပြီးမျက်စိနှောက်နေကြအုံးမှာ။ဆေးကောင်တာဘေးမှာရပ်နေတဲ့နပ်စ်၂ယောက်သည် တိုးတိုးဖြင့် ဤသို့စကား စနေကြ၏။
"ကြူ အဲ့မှာလေ အလယ်ကတစ်ယောက် ဖီးနပ်အိမ်တော်ကသခင်ကြီးလေ ဟိုဝန်ကြီးသမီးနဲ့စေ့စပ်သတင်းထွက်ထားတာလေ"
"အေး အာ့ကြောင့်မြင်ဖူးနေတာ ငါတို့ဆေးရုံကိုခနခနဝင်ထွက်နေတာနော် VIPရှိလို့လားပဲ"
"အဲ့တာတော့မသိဘူးအေ ဒါပေမယ့်ဆေးရုံအုပ်ရဲ့caseတစ်ခုမှာအလှူရှင်ဝင်ထားတယ်တဲ့ နှလုံးခွဲစိတ်ဆိုလားပဲ"
"ဟဲ့ တစ်ခုခုပဲနော် တော်ရုံဆို အဲ့လိုတွေဂရုစိုက်တာမျိုးမကြားဖူးဘူး"
"ကြည့်ရတာသူ့ဇနီးလောင်းထက် ပိုအရေးကြီးတဲ့သူနေမယ်"ဆေးယူနေတဲ့ ယိုယို ခေတ္တမျှတွေးစရာဖြစ်သွားသည်။မဟုတ်လောက်ပါဘူးလို့တွေးထားတာကို ဆေးပေးတဲ့နပ်စ်က
"ဒေါ်ယုယမေထင်တယ် ဆေးဖိုးတွေအကုန်ရှင်းပြီးပါပြီအစ်ကို ပေးထားတဲ့ဆေးတွေကိုသာမှန်မှန်တိုက်ပေးပါရှင် အန်တီအမြန်ဆုံးကျန်းမာလာမှာပါ"
"ဘယ်သူရှင်းပေးသွားတာလဲ"
"အော် အလှူရှင်တွေဘက်ကပါ အစ်ကိုအဲ့ပရောဂျက်ကိုလက်ခံထားတယ်မလား"
"ဟုတ် ကျေးဇူးပါနော်"
"ရပါတယ်ရှင်" တကယ်ပဲသူတို့ပဲလား။ယိုယိုသည်ဆေးထုပ်လေးအားကျစ်ကျစ်ကိုင်ပြီး ဓာတ်လှေကားထဲဝင်လိုက်သည်။ယိုယိုရဲ့ဘဝအရာရာမှာ သူတို့၃ယောက်က အမြဲမပါမဖြစ်။မတွေ့ဖို့ပြေးထွက်လည်း အချိန်တန်ရင်သူတို့လက်ထဲမှာ မိနေလျက်သားပဲ။ယိုယို တကယ်ထွက်ပြေးနေတာရော ဟုတ်ပါရဲ့လား။စိတ်ထဲမတင်မကျစွာနဲ့ အမေ့အခန်းကိုလာမှ ခါတိုင်းစောင့်နေကျ လူတချို့ကိုမတွေ့ရ။အချိန်တိုင်းအမေ့အခန်းရှေ့မှာ သူတို့ရဲ့လူတွေ ရစ်သီရစ်သီနဲ့ရှိနေကြကို။စိတ်တိုင်းမကျစွာနဲ့ အခန်းတံခါးဖွင့်လိုက်လျှင် မှောင်မည်းနေတဲ့အခန်းကြောင့် ဆေးထုပ်လေးပင်ပြုတ်ကျသွားသည်။
"အမေ!!!"
'ဖျက်!ဖောက် ဖောက်'
'Happy birthday!!"
"happy birthdayပါအစ်ကို!!"မီးပွင့်လာပြီး ယိုယိုရဲ့မျက်စိရှေ့ရောက်လာတဲ့ ကိတ်လှလှတစ်လုံး။အမေကလည်း ဘီးတပ်ထိုင်ခုံမှာ ထိုင်ပြီး လက်ခုပ်တီးလို့ကြိုဆိုသည်။မမရော သူ့ခင်ပွန်းရော။
"အမေ့!"ကိတ်ကိုကျော်ပြီး အမေ့ကိုပြေးဖက်မိသည်။ရုတ်တရက် လစ်ဟာသွားတဲ့ခံစားချက်ကြီးက အဆင်မပြေလှ။
"ဟော မွေးနေ့စပရိုက်လုပ်ပေးတာကို အမေ့ကိုလာဖက်ရလား"
"သား ဘယ်လောက်စိတ်ပူသွားလဲအမေမသိလို့လား!ဘာစပရိုက်လဲ ဘာမှမလိုချင်ဘူး ဒီလိုအခြေနေကြီးကိုမုန်းလွန်းလို့ကို အမေ့ကိုမမြင်ရတဲ့အခိုက်တန့်က သားအတွက်အပူလုံးပဲစို့တယ်အမေရဲ့"မျက်ရည်စက်လက်နဲ့ အမေ့ကိုကလေးတွေတိုင်သလိုတိုင်တော့ မမကလှမ်းဆူသည်။
"ဟဲ့ ဒီကောင်လေး သခင်ကြီးတွေကို အားနာစရာကောင်းနေပြီ ငါတို့တောင်မေ့နေတဲ့နင့်မွေးနေ့ကို သခင်ကြီးတို့ကသတိတရနဲ့လုပ်ပေးတာလေ နဲနဲပါးပါးအားနာမှုရှိစမ်းယိုယို"ကိတ်လေးကိုင်ပြီးရပ်နေတဲ့တမာန်နဲ့ ဘေးနားကနှစ်ယောက်ကို ယိုယိုမျက်စောင်းထိုးမိပါသည်။ဘာလို့သူများဘဝကို ခြယ်လှယ်ချင်သလို ခြယ်လှယ်နေရတာလဲ။သူများရဲ့မွေးနေ့ကို ဘယ်သူကသတိရခိုင်းလို့လဲ။
"အစ်ကို တောင်းပန်ပါတယ် စိတ်ဆိုးချင်လည်းနောက်မှဆိုးပြီး အခုတော့ ဖယောင်းတိုင်မှုတ်ရအောင်နော်"ကဲ အဲ့မှာပဲ ယိုယိုကလူဆိုးပြန်ဖြစ်သွားရော။
"သားငယ် ကိုယ့်ထက်အငယ်တွေကို မဆိုးစမ်းပါနဲ့ သွား ဆုတောင်းပြီး ဖယောင်းတိုင်မှုတ်"
"ဟုတ်"မျက်စောင်းဝင့်ပြီးနောက် လက်အုပ်လေးချီပြီး ဆုတောင်းကာဖယောင်းတိုင်မှုတ်လိုက်သည်။
"အစ်ကိုမွေးနေ့ကိုဂုဏ်ပြုတယ်နော်"
"ကျွန်တော်ရော ဂုဏ်ပြုပါတယ်အစ်ကို"
"ကျွန်တော်ရောပဲ"လက်ဆောင်တွေကိုယ်စီနဲ့။သူတို့ယိုယိုကို နောင်တရအောင်လုပ်ချင်နေကြတာလား။
"ကဲ သားငယ် ညီလေးတွေကို မုန့်လိုက်ကျွေးချေ လိုရင် အမေ့အိတ်ထဲမှာရှိတယ်"
"မလိုပါဘူး အမေ သူတို့ကိုယ့်ပါကိုယ်စားနိုင်ပါတယ်"
"ဟင် ကျွန်တော်တို့ကစောင့်နေတာပါ"
"မင်းတို့တွေ!!"
"သားငယ် အမေ့စကားနားထောင်စမ်း"
"ဟုတ်"
.     .    .     .      .       .       .
ဆေးရုံထဲကနေ ယိုယိုဟာမက်စ်တပ်ပြီးလျှောက်ထွက်ခဲ့ရသည်။သခင်ကြီး၃ကောင်က ယိုယိုရဲ့ပုံနဲ့ဆေးရုံတစ်ခုလုံးကိုအဟာရဒါနပြုထားတယ်တဲ့။တွေ့သမျှလူတိုင်း'happybirthday'လုပ်နေကြလို့ ယိုယိုမျက်နှာပူလွန်းတာမို့ပင်။ပြီးတော့ယိုယိုဟာဘာမှမပြင်ထားတဲ့အခြေနေ။အရုပ်စပန့်ဝမ်းဆက်နဲ့ ခေါင်းတောင်သေချာမဖြီးထားရသေး။
တွေးကြည့်ပါလေ စတိုင်လ်ပန်တွေနဲ့မိမိုက်နေတဲ့၃ယောက်ကြားမှာ ယိုယိုကစပန့်ဝမ်းဆက်နဲ့တဲ့။ဆေးရုံမှာပဲမို့ပေါ့ပေါ့ပါးပါးတွေပဲယူလာတာကို။ကားကို တမာန်ကမောင်းပြီးဘေးမှာစေတန်စီးသည်။ယိုယိုနဲ့ဘုန်းလျှံကနောက်ခန်းမှာ။
"အစ်ကို ဒီမှာ"
"ဘာကြီးလဲ"ပန်းရောင်ဖိတ်စာလေးကြောင့် စိတ်ဝင်စားသွားပြီး ဖွင့်ဖတ်လိုက်သည်။
"ဟမ် ယုယတင့်တယ်နဲ့ ဂျွန်တဲ့ မဟုတ်မှ ငါ့သူငယ်ချင်းမင်္ဂလာဆောင်လား"
"ဟုတ်တယ်လေ အစ်ကို"
"ဘာဟုတ်တယ်လဲ!ဒီကောင်မလေး ငါ့ကိုကျတစ်ခွန်းမှမပြောသွားဘူး"ဖုန်းကိုထုတ်ပြီးသူငယ်ချင်းမဖြစ်သူဆီချက်ချင်းဖုန်းဆက်ရသည်။သူတို့၃ယောက်ကတော့ ပြုံးပြုံးကြီးတွေနဲ့။
"ယုယ နင်..."
"ဟို အလောတကြီးဖြစ်သွားလို့တောင်းပန်ပါတယ်ယိုယိုရယ်"
"ဟွန့် ဘယ်လိုဖြစ်တာလဲ နင်ငါ့ကိုတောင်အရင်မတိုင်ပင်တော့ဘူးပဲ"
"အစ်ကိုကလည်းဒါမျိုးကိစ္စကတိုင်ပင်စရာလား"
"တိတ်စမ်း!"ကြားဖြတ်ပြောလာတဲ့စေတန်ကို ယိုယိုဟောက်ပစ်လိုက်တာဖြစ်သည်။
"အမေကသဘောမတူချင်ဘူးလေ အဲ့တာနဲ့..ငါလည်း ဦးခေါ်တဲ့နောက်လိုက် လိုက်တာ"
"ဟင်းး နင်ကတော့ ငါကနင့်ကိုဘယ်လောက်တန်ဖိုးထားလဲသိသားနဲ့ဟာ"
"ငါတောင်းပန်ပါတယ် ယိုယို နော် နင်ငါ့ကိုစိတ်မပျက်လိုက်ပါနဲ့"
"အင်းးထားတော့ နင့်မင်္ဂလာပွဲအမှီလာမယ် ငါကသတို့သမီးအရံပဲနော်"
"အမ် နင်ကယောက်ျားကြီးလေ"
"သိတယ် ဘာမှလာမပြောနဲ့ငါနင့်နောက်ကလိုက်မှာ"
"အင်းပါ ယိုယို ငါ့ကိုစိတ်မဆိုးတာ ကျေးဇူးတင်ပါတယ်"
"ဘယ်သူကစိတ်မဆိုးဘူးပြောလို့လဲ ငါစိတ်ဆိုနေတယ် ဒါကြောင့်ပြန်လာမှ စိတ်ဆိုပြေတဲ့အထိချော့ ဒါပဲ"ယိုယိုသည် ညစ်တစ်တစ်လေးဖြစ်လာတာမို့ ဦးအောင်ဖုန်းချလိုက်သည်။
"အစ်ကိုက သူများမင်္ဂလာယူမယ့်ဟာကို လူညစ်လေးလုပ်နေတာပဲ"
"ပါးစပ်ပိတ် မင်းတို့ကိုလည်းကြည့်ရတာမဟုတ်ဘူး"စွာစွာနဲ့ပြန်ပြန်ပြောနေပုံကိုအသည်းယားပြီး အော်ရယ်မိကြတဲ့အထိအစ်ကိုစွမ်းနိုင်ပါသည်။
.     .      .       .       .      .
၄ယောက်ထိုင်နေသည့်စားပွဲဝိုင်းလေးတွင် အစ်ကိုသည် ခင်းကျင်းထားတဲ့မုန့်မျိုးစုံကို ကလေးသဖွယ် အရသာခံနေသည်။အစ်ကိုသည်ရိုးရှင်းပြီးကြည်လင်တဲ့အလှရှိသည်။ညှို့ဓာတ်ပြင်းသည့်ချစ်စရာကောင်းမှုရှိသည်။ဘဝကိုအခက်ခဲကြားမှာအံတုနေထိုင်နိုင်တဲ့အစွမ်းလည်းရှိသည်။ထို့ကြောင်အိမ်တော်ရဲ့သခင်မအနေနဲ့သူတို့၃ယောက်အလိုရှိသည်။
"အစ်ကို ကျွန်တော်တို့ပြောမယ့်စကားကိုနားထောင်ပေးမလားဟင်"ထူးထူးဆန်ဆန်ပြောလာတဲ့စေတန်ကြောင့် ယိုယိုအကြောင်သားနှင့် ခေါင်းရမ်းမိမတက်။
"ဘာပြောမှာလဲ"
"ကျွန်တော်တို့အိမ်တော်၃ခု အစ်ကို့ကိုသက်သေထားပြီး ခွဲထွက်တော့မလို့"
"ဟင် ဘာလို့လဲ"နားထဲမှာအချက်ပေးသံတွေညံလာပြီး သခင်ကြီးတွေကိုနားမလည်စွာကြည့်နေမိသည်။ဦးနှောင်းသာကြားရင် စိတ်မကောင်းဖြစ်တော့မှာပဲ။
"အစ်ကိုပဲစဥ်းစားကြည့် ကျွန်တော်တို့၃ယောက်လုံးက လူတစ်ယောက်ကိုတစ်ပြိုင်တည်းသဘောကျသွားတယ်လေ အဲ့တစ်ယောက်ကသာ၃ယောက်တည်းက ၁ယောက်ကိုရွေးချယ်သွားရင် ကျွန်တော်တို့မျက်နှာချင်းဆိုင်ဖို့ဘယ်လိုမှအဆင်ပြေမှာမဟုတ်ဘူး"လက်စသတ်တော့ ဟိုမြို့ဝန်သမီးဆိုတာကို ပြောနေကြတာပဲ။အဲ့တာကိုယိုယိုရှေ့မှာလာတိုင်ပင်တယ်ဆိုတော့ ယိုယို့ကိုသူတို့အစ်ကိုကြီးလို့သတ်မှတ်ထားတာနေမှာပေါ့။သူတို့နဲ့အတူနေခဲ့မိတဲ့နေ့တွေကိုနောင်တရမိသွားသည်။
"အင်း အဲ့တော့ငါကသက်သေပေါ့ မင်းတို့အဆင်ပြေသလိုလုပ်ကြလေ ဒါနဲ့ကောင်မလေးက မင်းသွေးတမာန်နဲ့သတင်းထွက်ထားတာမလားဒါကသူ့ကိုမနစ်နာစေဘူးလား"
"ဟင် ဘယ်ကကောင်မလေး!အာ အစ်ကိုရာ ကျွန်တော်တို့သူ့ကိုသဘောကျစရာလား"
"ဒါဆိုဘယ်သူ!"
"အစ်ကို"၃ယောက်လုံးကသူ့ကိုပြိုင်ခေါ်လာသည်။
"ကျွန်တော်တို့အစ်ကိုသဘောကျပါတယ် တစ်သက်လုံးလက်တွဲသွားချင်တယ် ရိုးမြေကျချစ်ပေးနိုင်ပါတယ် ပေါ့သေးသေးပြောတဲ့စကားမဟုတ်တာမို့ အစ်ကိုဘယ်သူ့ကိုပဲရွေးချယ်ပါစေ ကျေနပ်ပေးမှာပါ ကျန်တဲ့၂ယောက်ကိုတော့အဝေးကြီးမတွန်းထုတ်ပါနဲ့"
"ဒါကြောင့်ဝန်ခံရရင် ကျွန်တော်တို့မြတ်နိုးနေတာအစ်ကိုပါပဲ"
"အင်"ရုတ်တရက်ကြီး ချစ်ကြောင်းဝန်ခံလာကြတာမို့ ယိုယိုမှာမည်သို့တုံ့ပြန်ရမလဲမသိ။
"မင်းတို့ ဒါနှောက်စရာမဟုတ်ဘူး"
"ဘယ်သူကနှောက်နေလို့လဲ အစ်ကို့ကို သဘောကျတယ်လို့ပြောနေတာဟာ နှောက်စရာလို့ထင်နေတာလား"
"အစ်ကို့ကို ချစ်မြတ်နိုးနေတယ်ဆိုတာ လက်တွေ့ပဲပြပေးမယ် ရှေ့လျှောက် အချစ်ခံဖို့ပြင်ထားပါအစ်ကို"ပြောစကားတို့ရပ်တန့်ပြီးနောက် ယိုယိုတို့စကားဝိုင်းလေးမှာ ပြီးဆုံးသွားသည်။အကြောင်းက ဘာမှခွန်းတုန့်ပြန်နိုင်စွမ်းမရှိတဲ့ယိုယိုကြောင့်ပင်။အများကြီးပြောချင်ပါသည်။တကယ်ပဲတစ်သက်လုံးအတွက်ချစ်ပေးနိုင်မှာလား၊သူတို့ရဲ့မာနတွေကိုရုတ်သိမ်းနိုင်မှာလား၊တစ်ယောက်ကိုပဲရွေးခဲ့ရင်ရော ကြည်ဖြူကြမှာလား၊ယိုယို့အပေါ်တန်ဖိုးထားပေးနိုင်မှာလားဆိုတာတွေကို မေးကြည့်ချင်ပါသည်။ယိုယိုကတော့ ၃ယောက်ထဲကတစ်ယောက်ကိုရွေးပါဆိုရင် ရွေးရခက်ချေပြီ။သူတို့၃ယောက်ကိုချစ်လားဆိုတော့ မချစ်ဘူး၊တကယ်မချစ်ဘူးဆိုလားဆိုပြန်တော့လည်း...အင်းးးချစ်ခြင်းပုစ္ဆာသည် အဖြေမှားတွက်မိလျှင် သိပ်ခက်ပါသည်။

3 in 1❤️Where stories live. Discover now