Heavenအိမ်တော်။
အဖြူရောင်ရဲတိုက်ကြီးသဖွယ် ခမ်းနားစွာတည်ဆောက်ထားတာဖြစ်လို့ မြင်လိုက်တာနဲ့အဖိုးတန်မှုကိုခန့်မှန်းလို့ရနေပြီ။ဒီအိမ်တော်ဟာ မြေအောက်လောကသားတွေအတွက်တော့ အချက်၂ချက်နဲ့ကျော်ကြားပြီး အပြင်လူတွေအတွက်ဆိုရင် နိုင်ငံ့စီးပွားရေးမဏ္ဍိုင်အဖြစ်သိကြလေမည်။ဒါဆိုအပြင်လူတွေမသိတဲ့အချက်၂ချက်ကဘာလဲ။ လက်နက်တိုက်ဖြစ်ခြင်းနဲ့အကျဥ်းထောင်ဖြစ်ခြင်းဆိုတာပဲ။တောကျတဲ့နေရာမှာ တည်နေရာကိုဖျောက်ထားတာဖြစ်ပြီး heavenအိမ်တော်အကြောင်း ကြားသာကြားဖူးလိမ့်မည်။တော်ရုံလူမပြောနဲ့။ရာထူးမြင့်လူတွေတောင် သိရင်မှသိနိုင်မည်။ဤအိမ်တော်၏အာဏာသည် အလင်းရောအမှောင်မှာပါသက်ရောက်မှုအလွန်ပြင်းသည်။အရိပ်တပ်တွေရှိပြီး သခင်လေးတွေမသိလိုက်ခင်မှာတောင် ဖြေရှင်းလိုက်တဲ့လျှို့ဝှက်တိုက်ခိုက်မှုတွေမှအများကြီး။ထိပါးဖို့ခက်ခဲပြီး အိမ်တော်နဲ့မသက်ဆိုင်ဘဲရောက်ဖူးတဲ့သူ၁မျိုးသာရှိလိမ့်မည်။ထိုသူတွေဟာအပြစ်သားတွေပဲ။
(A/N သွေးထွက်သံယိုအနည်းငယ်ပါတဲ့အခန်းမို့ နှလုံးမခိုင်ရင်မဖတ်ပါနဲ့ ဖတ်လို့ရတဲ့နေရာရောက်ရင်ANနဲ့ပြန်ပြထားပါတယ် ကလေးလေးကိုထိထားတာမို့ သခင်လေးတွေကဘယ်အလျှော့ပေးပါ့မလဲ)
"ကျွီ....ချပ်!"မှောင်မည်းလွန်းတဲ့နေရာဟာ တံခါးဖွင့်လိုက်တာနဲ့ လင်းလွန်းတဲ့ အလင်းတွေကြောင့် အထဲက ကြိုးတုပ်ခံထားရသူတွေဟာ မျက်စိတွေမှိတ်ပစ်ရသည်။ထိုသူတွေဟာ လွန်ခဲ့တဲ့ညတွေကတည်းက နေရောင်ကိုမမြင်ရတော့တဲ့သူတွေ။ယိုယို့ကိုထိခိုက်အောင်လုပ်ခဲ့တဲ့သူတွေပါပဲ။
ဂိုဏ်းသားတွေဟာ မိထားတဲ့၅ယောက်ကိုခုံတစ်ခုံစီမှာကြိုးတွေတုပ်သည်။
"Answer me!Whose ordered?"
(ဖြေ!ဘယ်သူခိုင်းတာလဲ)
"Your stepfather!"
"ခွပ်!ဒုတ်!"ခေါင်းကြောမာတဲ့ကောင်ကပြန်ပြောတော့ အဖွဲ့သားတစ်ယောက်က မျက်ခွက်ကိုပိတ်ထိုးပြီး ခြေထောက်ကို တုတ်နဲ့ရိုက်ချိုးသည်။အံကြိတ်ပြီးသီးခံနိုင်တာ နည်းတဲ့ဇတော့မဟုတ်။
"သတ်လိုက်!ဒီလိုလုပ်နေလို့မင်းတို့ဘာမှရမှာမဟုတ်ဘူး!"
"ဟွန့် မြန်မာလိုပြောတတ်သားပဲ!"စေတန်ဟာ စူးရဲနေတဲ့မျက်ဝန်းတွေနဲ့စိုက်ကြည့်သည်။တည်ငြိမ်စွာနေရာမှထပြီး အဖျားကိုမီးရဲရဲနဲ့ကင်ထားတဲ့ သံပြားကို ဆွဲယူလိုက်သည်။
"တာဝန်အရမေးလိုက်ရုံပဲ!ငါတို့က မင်းတို့လိုနောက်ပေါက်တွေဆီကနေ သတင်းယူရမယ့်အဆင့်မဟုတ်ဘူး!အဟင်း ပြန်ခံစားစေချင်ရုံပဲလေ"ထိုလူ့ရဲ့မျက်နှာနား မီးပြားကိုဝေ့လိုက်ပြီး
"သိက္ခာရှိတဲ့လုပ်ရပ်ဆိုတာ အားနည်းတဲ့သူကိုဖြဲမခြောက်ရဘူး!"
"ရှီးး!!"
"အားးးအားး!"ထိုလူရဲ့ရင်ဘတ်ဆီဖိကပ်ပစ်လိုက်တော့ အသားလောင်အနံ့နဲ့အတူ အာခေါင်ခြစ်အော်သံကြီးက တုန်လှုပ်စွာပေါ်လာသည်။
"စောက်ဆင့်မရှိတဲ့ကောင်တွေ!"
"အားးးရပ်ပါတော့ အားး!!အွန့် ဝူးး"
"မတော်တဆများ တစ်ခုခုဖြစ်သွားခဲ့ရင်!မင်းတို့စောက်ကောင်တွေ သေရင်တောင်မငြိမ်းချမ်းတဲ့ဘဝကိုရောက်အောင်လုပ်မှာ!လီးပဲ!"အသားထဲတဖြည်းဖြည်းချင်းနစ်ဝင်သွားတဲ့ သံပြားကြောင့်ထို့လူမျက်ဆံတွေဖြူလာသည်။ပါးစပ်မှာစို့ထားတဲ့အဝတ်စကြောင့် အသံပင်မထွက်နိုင်ဘဲ မျက်ရည်တွေရောနှာရည်တွေပါ ရွှဲစိုလို့။သွေးတွေက မီးနဲ့တွေ့ပြီးခဲကုန်ကာ သံပြားဟာလည်း တစ်ဖက်ကျောကိုပေါက်ထွက်လေတော့သည်။ထိုလူဇီဝိန်ချုပ်သွားပြီ။တုန်ပြီးကြောက်ကုန်ကြတဲ့ကျန်တဲ့ကောင်တွေကိုကြည့်ပြီး
"တစ်ပုံစံထဲလုပ်ပေးလိုက်!"စေတန်ရဲ့စကားအဆုံးတောင်းပန်သံတွေဆူညံလာသည်။အော်ဟစ်သံတွေညံပွက်လာသည်။စေတန်ကတော့အေးစက်စက်ဖြင့်
"ပြီးရင် ကျားစာကျွေးလိုက်!"ဆိုတဲ့စကားကိုဆက်ပြောသည်။
YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
