တစ်ကိုယ်လုံးအီစလံဝေပြီးနောက် ယိုယိုမှာနေမကောင်းချင်တော့ပေ။ညက ယိုယိုနဲ့အလုပ်လုပ်တဲ့သူတွေ အထိနာပြီး ရှုံးနိမ့်သည်။မိုးကသည်းထန်စွာရွာချလာတာမို့ ယိုယို့မှာလွတ်လမ်းမရှိတော့တာသိတော့ တုန်ယင်လာရသည်။သို့သော်လည်း တစ်ဖက်လူတွေက ဘာမှတော့မလုပ်။ယိုယို့ကို ကားတစ်စီးပေါ်ပစ်တင်ပြီး အိမ်ရှေ့မှာအထုပ်လေးတစ်ထုပ်လို'ဘုတ်'ခနဲပစ်ချသွားကြသည်။မျက်နှာဖုံးနဲ့လူ တစ်ခုခုရေရွတ်လိုက်သံကို ကြားမိပေမယ့် မသဲကွဲလိုက်။အိမ်ပြန်ပို့ပေးသွားတာကိုပင် ကျေးဇူးတင်နေပြီလေ။
"အန်တီမေ!ယိုယိုရော မထသေးဘူးလား"
"ဟယ် သမီးယုယပါလား လာထိုင်အုံးသမီးရေ ယိုယိုက ခုနမှ ရေချိုးခန်းဝင်သွားတာ"
"ဟုတ် အန်တီမေ မနက်စာစားပြီးပြီလား သမီး မုန့်ပေါင်းတွေဝယ်လာတာအများကြီးပဲ"
"ကျေးဇူးပါသမီးရေ တကူးတကယ်ဝယ်လာပေးတာ"
"ယိိုယိုက အဲ့တာအရမ်းကြိုက်မှန်းသိလို့ပါ သူ့မှာ ညဂိုက်ပြနေတာပင်ပန်းမှာစိုးလို့ ပဲနို့၂ဖာ မ လာသေးတယ်"
"အားနာလိုက်တာ သမီးရယ် "
"မလိုပါဘူး အန်တီမေ သမီးမှာလည်း ပြေးကြည့်စရာဆိုလို့ ချစ်ဆန်းယိုပဲရှိတာ"
"အသံကြားတာနဲ့ပြေးကြည့်စရာတောင်မလိုဘူး ဒါယုယတင့်တယ်ပဲ"ရေချိုးအဝတ်လဲပြီးတာနဲ့ သူတို့စကားဝိုင်းထဲရောက်လာတဲ့ယိုယိုကို ယုယကမျက်စောင်းထိုးသည်။
"ယိုယိုစုတ်!နင့်ကိုမုန့်ပေါင်းမကျွေးတော့ဘူး"
"ဝယ်စားနိုင်ပါတယ်နော်"
"ကြည့် အန်တီမေ ယိုယိုအခုတလောအကျင့်အရမ်းပုတ်လာတာပါဆို"မေမေကလည်း သူငယ်ချင်းအဆိုးလေးကိုကြည့်ရင်း ပြုံးရယ်နေသည်။
"ကဲ ဘယ်သွားသရာရှိလို့လဲ နင်အပြင်ထွက်လာတာ အကြောင်းရှိတယ်မလား"
"အင်း ပိတ်စတွေသွားကြည့်ချင်လို့ လိုက်ခဲ့ပေးအုံး ပြီးရင် အမေမှာထားတဲ့ လည်ဆွဲကောသွားယူမလို့ အပြန် နင့်ကို ဆိုင်ကောင်းကောင်းမှာ ဒကာခံပါမယ်နော်"
"မလိုပါဘူးဟာ မဝယ်ကျွေးလည်းလိုက်ကူပါ
မယ်"
"အေးပါ အချစ်တော်လေးရ"
"အင်း နောက်ဆို ငါလည်းအားတော့မှာမဟုတ်ဘူး ကျောင်းတက်ဖို့နဲ့ဂိုက်ပြဖို့ အလုပ်တွေရှုပ်နေတော့မှာ အမေ မနက်ပိုင်းဂိုက်ချိန်ပါတိုးလာတာမို့ မတေးသံကို အိမ်ခေါ်အိပ်လိုက်ပါအုံး"
"အေးပါ သားရဲ့ အမေပြောထားလိုက်မယ် ငါ့သားလည်းနားနားနေနေလုပ်ပါကွယ်"
"ဟုတ်ကဲ့ သားမပင်ပန်းပါဘူး"အမေက သူ့အပေါ်စိုးရိမ်ရှာသည်။တကယ်တော့ မနက်ပိုင်းဂိုက်ချိန်မရှိပါဘူး။အချိန်ပိုင်းအလုပ်အတွက် အချိန်ပိုရချင်တာကြောင့် အမေ့ကိုလိမ်ညာမိရသည်။အလုပ်ရမှဖြစ်မည်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
မြပဒေသာ
ပင်မလက်ဝတ်ရတနာအရောင်းဆိုင်
YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
