Part18

192 5 1
                                        

ကိုက်ခဲမှုအနည်းငယ်နဲ့အတူ ယိုယိုမျက်လုံးလေးတွေပွင့်လာသည်။ဖက်တွယ်ထားတဲ့ရင်ခွင်ကျယ်ထဲကနေ ခေါင်းလေးထောင်ကြည့်လိုက်တော့ယိုယို့ကိုအလယ်မှာထားပြီး အိပ်နေတာက တမာန်နဲ့ဘုန်းလျှံ။အပေါ်ပိုင်းကဘာမှမဝတ်ထားကြ။လက်မောင်းဖွေးဖွေးတွေကြားမှာ ယိုယိုကတစ်ညလုံးအိပ်စက်ခဲ့တာပဲ။
"အာ့ ကျွတ်ကျွတ်!"
"အစ်ကို နိုးပြီလား နာနေသေးတာလားဟင် "ရေချိုးပြီးနေပြီဖြစ်တဲ့စေတန်က အနားကိုလာကြည့်သည်။
"ကိုယ်နွေးနေတာပဲ မနက်စာအရင်စားလိုက်နော် ပြီးရင် ဆေးသောက်ရမယ်!"
"ဟို .."
"လာ ကျွန်တော်ပွေ့မယ် အစ်ကို"ညအိတ်ဝတ်ပြာနုလေးနဲ့ အညိုလုံးလေးကို suitအပြည့်ဝတ်ထားတဲ့ရိုးစေတန်ကပွေ့ချီလိုက်သည်။လည်ပင်းကိုဖက်တွယ်ပြီး ရင်ဘက်မှာခေါင်းမှီလိုက်ရသည်။တစ်ကိုယ်လုံးနှုံးပြီး အောက်ပိုင်းကနာကျင်မှုကိုခံစားနေရတယ်။အသံကပုံမှန်မဟုတ်တော့လို့ ထွက်ဖို့တောင်မရဲ။ဘေးက၂ယောက်ကတော့ အိပ်ပျော်နေတုန်းမို့ လစ်လျူရှုလိုက်သည်။စေတန်ကတော့ နိုးလည်းမနိုးပေးချင်ပါဘူး။အစ်ကို့ကိုသူပိုင်ထားလို့ရတယ်လေ။

မနက်စာကိုကြက်စွပ်ပြုတ်နဲ့ ပေါင်မုန့်ကြက်ဥနို့ဆမ်းလုပ်ပေးပါဆိုလို့ သခင်လေးတွေ ဘယ်သူများနေမကောင်းတာလဲဆိုပြီး ဦးပုစိတ်ပူလိုက်သေးသည်။ရှေ့မှာ ဆရာလေးကို ကိုယ်တိုင်ကိုယ်ကျစွပ်ပြုတ်တိုက်နေတဲ့သခင်လေးရိုးစေတန်​ကိုမြင်မှ ပိုတောင်စိတ်ပူရမလိုဘဲ။သခင်လေးတွေလူစားလဲခံလိုက်ရတာများလား။ဦးပုလည်းခေါင်းလေးရမ်းပြီး ထမင်းစားခန်းကနေထွက်လာရသည်။
"ကောင်းတယ်မလား ကိုယ်တိုင်ပြုတ်တိုက်ချင်ပေမယ့် စားလို့မရမှာစိုးလို့"ညင်ညင်သာသာနဲ့ပြောနေတော့ ယိုယိုဟာလည်းမျက်လုံးလေးကလယ်ကလယ်။
"ပြီးရင် ပေါင်မုန့်ကြက်ဥနို့ဆမ်းသောက်လိုက်အုံးအရမ်းနေလို့မကောင်းရင် ဆရာဝန်ခေါ်ပေးမယ်"ယိုယိုခေါင်းရမ်းပြလိုက်သည်။
"ကျွန်တော် ဒီနေ့တနေကုန်အိမ်တော်မှာရှိမှာမဟုတ်ဘူး heavenမှာပဲအချိန်ကုန်ဖို့များတယ် အစ်ကို့ကိုသတိရနေတော့မှာပဲ"ယိုယိုကမျက်လုံးလေးပင့်ကြည့်သည်။
"ညဘက်စာသင်ချိန်တော့ ကျွန်တော်အမီပြန်ခဲ့မယ်နော်"
"အင်း"
"အစ်ကို ကျွန်တော့်ကိုအားဆေးလေးမတိုက်ချင်ဘူးလား"
"ငါ့မှာအားဆေးမရှိ..."
"ပြွတ်!"နှုတ်ခမ်းကိုဖွဖွနမ်းရှိုက်လိုက်တဲ့သူကြောင့် ယိုယိုအံ့သြပြီး ပြူးပြူးလေးဖြစ်သွားသည်။
"အစ်ကို ဆေးသောက်ပြီး ပြန်နားတော့နော် ကျွန်တော်အချိန်မရတော့လို့"ပါးပြင်ကိုပါအနမ်းထပ်ချွေပြီးနောက် ရိုးစေတန်ဆိုသော အမျိုးသားလေးဟာ ယိုယို့ကိုကျောခိုင်းသွားလေသည်။။ဖျားသွေးရောပြီးရှက်သွေးဖြာသွားရကာ ယိုယို့မျက်နှာလေးဟာ ရဲတွတ်နေလေတော့သည်။

3 in 1❤️Where stories live. Discover now