part24

271 6 1
                                        

အမေ့ကို ညအိပ်ဖို့ရာ ယိုယိုရေတဘက်တိုက်ပြီး သန့်ရှင်းပေးနေသည်။အမေကအသက်အရွယ်ကြီးလာပြီဆိုပေမယ့် အရွယ်တင်သည်။နှလုံးအစားထိုးပြီးနောက် မျက်နှာလေးကရွှင်လန်းပြီး ပိုကျန်းမာလာသည်။ယိုယိုတို့မိသားစုကပြေလည်လာပြီမို့ အမေကအမြဲတမ်းပြုံးနေတော့တာပဲ။ဒါက ထိုသခင်ကြီး၃ယောက်ရဲ့ကျေးဇူးတွေဆိုလည်းမမှား။
"ယိုယို ဘာတွေတွေးနေတာလဲကွယ်"
"အမေကျန်းမာရေးကောင်းလာတာကို မြင်ရတာရင်အေးလို့ပါအမေရယ်"
"အဟင်းဟင်း ဟုတ်ပ အမေ့ဘဝမှာ သားနဲ့သားမမကိုမွေးထုတ်ထားရတာဟာ ရတနာတစ်ပါးပါပဲ သားတို့ဘဝတွေဒီထက်မကပိုအဆင်ပြေကြပါစေလို့ ဒီအမေဆုတောင်းတယ် သားသမီးကြောင့်စိတ်ဆင်းရဲရတယ်ဆိုတာမျိုး အမေ့ဘဝမှာမကြုံခဲ့ဖူးဘူး"
"သားကအမေရှိနေရင်ကို ကျေနပ်ပါပြီ"
"အင်းး မနက်ဖြန်မြန်မာပြည်ပြန်ဖို့ရော စီစဥ်ပြီးပြီလား ယုယလေးကိုအားပေးလိုက်ပါအုံးကွယ် ဒီအမေကလိုက်ချင်ပေမယ် ဆေးရုံးကမလွှတ်လို့"
"သူနားလည်ပါတယ် အမေ အဲ့ကလေးမလေး ရိုက်ချင်လိုက်တာ မြန်မာပြည်ပြန်ရောက်တာမှဘယ်နှရက်မှမကြာသေးဘူး လင်နောက်ကောက်ကောက်ပါရော"
"ဟော သားအလှည့်ကျရင်သာအလောတကြီးမလုပ်မိစေနဲ့ သူများကိုဖြင့်ပြောချင်နေရော"
"ဟာဗျာ အမေကလည်း"
"ပြောပါအုံး ဘယ်မိန်းကလေးကို ချွေးမလို့ခေါ်ရမှာလဲ ဟင် အရွယ်လည်းရောက်နေပြီနော်"
"အရွယ်ရောက်တိုင်းမိန်းမယူစရာလား အမေကလည်း ဒီကဖြင့်ချွဲလို့တောင်မဝသေးတာကို"
"ဒါဖြင့် ယောက်ျားယူမလို့လား"
"အမေ!"×3အချိန်ကိုက်ဝင်လာတဲ့သခင်ကြီး၃ယောက်က အမေ့ကိုခေါ်ပြီးရောက်လာသည်။လူငယ်ဆန်ဆန် စပို့ရှပ်နဲ့ ဝတ်ထားတဲ့ထို၃ယောက်ဟာ ငယ်မူငယ်သွေးအပြည့်နဲ့။
"အမလေး သားတို့ပါလား လာကြကွယ်"
"အမေ့ကိုသတိရနေလို့ ကျွန်တော်တို့ဒီကိုသက်သက်လာခဲ့တာ"လူကို ကြာကြည့် ကြည့်နေကြတော့ ရည်းစားစကားပြောခံထားရသူမို့ ရှိန်းတိန်းဖိန်းတိန်းနဲ့။
"အစ်ကို မြန်မာပြည်ပြန်ဖို့ စီစဥ်ပြီးပြီလား"စေတန်ကမေးလျှင်အမေကလည်း
"ဟုတ်သား အမေလည်းအဲ့တာမေးနေတာ"
"မလုပ်ရသေးဘူး အမေ ခနနေမှသွားမလို့"
"ဒါဆို ကိုယ်တို့နဲ့လိုက်ခဲ့ အစ်ကို privateမို့အချိန်စောရောက်နိုင်တယ်သက်သက်သာသာဖြစ်တာပေါ့"ဘုန်းလျှံကဝင်ပြောသည်။
"ရတယ် ငါ့ပါငါပဲသွားလိုက်မယ်"ရူးနေလို့ သူတို့နဲ့သွားရမှာလား။ရှောင်တာတော့မဟုတ် မတွေ့ချင်သေးတာ။
"သားရယ် လမ်းကြုံနေတာကို သားငယ်တို့နဲ့လိုက်သွား သားတစ်ယောက်တည်းလည်းစိတ်မချဘူး"အမေကဝင်ပြောတော့၃ယောက်သားမှိုရသွားတဲ့ရုပ်တွေ။
"အမေ အစ်ကို့ကိုစိတ်ချပါ ကျွန်တော်တို့သေချာခေါ်သွားမယ် အမေကကိုယ့်ကျန်းမာရေးသာဂရုစိုက် နောက်တစ်ပတ်လောက်ဆိုဆေးရုံဆင်းလို့ရမယ်ထင်တယ် ကျွန်တော်တို့အမှီပြန်ခဲ့မယ်"တမာန်က လောကွတ်ချော်သည်။အမေ့ကိုကပ်ဖားနေတဲ့ရုပ်တွေ။
"ဟုတ်ပါပြီ ငါ့သားငယ်တွေနဲ့ဆိုစိတ်ချပြီးသား တစ်ခါတည်းဆွံအောင်လုပ်ပေးခဲ့ကြအုံး သားတို့အစ်ကိုကို အသက်ကဖြင့်၂၀ကျော်နေပြီ ယူမယ့်မိန်းမမပြောနဲ့ရည်းစားထားတယ်ဆိုတာတောင်မကြားဖူးဘူး"ဘုန်းလျှံတို့၃ယောက်မျက်ခုံးပင့်သည်။
'အမေ့ရှေ့မှာပါ သမက်လောင်းလျာတွေက'လို့ပြောလိုက်ချင်တဲ့အထိ။မဖြစ်ဘူး အမေ့ကိုဒါမျိုးကိစ္စတွေနဲ့ရင်းနှီးအောင် သူတို့မြန်မာပြည်ပြန်တုန်း သူ့လူတွေကိုတာဝန်ပေးခဲ့ရမည်။
.    .    .    .     .    .    .       .     .
Blackအိမ်တော်မှ
မင်္ဂလာအခမ်းအနား။
ဖူးပွင့်စပန်းငုံနှယ် အလှပေါ်အယဥ်ဆင့်တဲ့ ယိုယိုရဲ့သူငယ်ချင်းမလေးက အတောင်ပံစုံသွားခဲ့ပြီ။သူမနောက်ကနေ မားမားမတ်မတ်ရပ်တည်ပေးပြီး အဆုံးထိအနာတရမရှိအောင်ကာကွယ်ပေးချင်ခဲ့သော်လည်း သူမဘေးကလက်ချင်းတွဲပြီးလျှောက်နေတဲ့ ခင်ပွန်းသည်က လုံလောက်အောင်ကာကွယ်ပေးနိုင်မယ်ဆိုတာ ယုံကြည်ရပါပြီ။ချစ်သူငယ်ချင်းလေးက ပြုံးနေတာကိုမရပ်။လုပ်ချင်တာလုပ်ပြီးမှ ယိုယိုကိုရောက်ကတည်းကတောင်းပန်နေတာတောက်လျှောက်။
'ယိုယိုရေ'ဆိုတည်းက စိတ်ဆိုးပြေချင်ချင်ဆိုပေမယ့် မပြေသေးပါဘူး။မှတ်သွားအောင်ကိုလုပ်ပေးရမယ်။

3 in 1❤️Where stories live. Discover now