ယိုယိုအိမ်လေးရဲ့မီးဖိုးချောင် ကျဥ်းကျဥ်းလေးမှာလူ၄ယောက်ဟာ တိုးချည်ထိချည်၊ကပ်ချည်ဝေးချည်နဲ့ ချက်ပြုတ်နေကြသည်။သခင်လေးတွေနဲ့အနေနီးလာပြီဖြစ်တော့ ခါတိုင်းလို ယိုယိုဟာစိမ်းမနေတော့။စိမ်းသလားနီသလားဆိုတာ သင်ကိုယ်တိုင်ရှုစားပေလော့။
"ရိုးစေတန်!ခွပ်!"နာမည်အော်ခံလိုက်ရတာအပြင် နှဖူးဆီရောက်လာတဲ့ ဇွန်းခွက်ကြောင့် စေတန်ဟာမျက်လုံးကြီးပြူးသွားသည်။သူလိုသခင်လေးဟာအရိုက်ခံလိုက်ရပါသတဲ့။
"ဥနီကိုအဲ့လောက်ကြီးကြီးတုံးနေမှတော့ ဒီတိုင်းကိုက်စားလိုက်ပါလား!ဖယ်!မလုပ်တတ်ရင်မလုပ်ပါနဲ့ဆိုတာကို"စေတန့်ဆီကဓါးကိုယူပြီးကိုယ်တိုင်ဝင်စိပ်တော့ ဘေးကတခွီးခွီးထရယ်လာတဲ့ ရာဇဘုန်းလျှံ။
"ရာဇဘုန်းလျှံ!!အဲ့တာ ဝက်စာကျွေးမလို့လား!"ဥနီတွေချထားခဲ့ပြီး မွစာကြဲနေတဲ့ မုန်လာထုပ်တွေဆီပြေးရပြန်သည်။လက်ဖမိုးကိုဆိတ်လိုက်တာမှလက်သွက်ခြေသွက်။
"အားး နာတယ်!"
"ကျွတ်!ဘယ်သူ့ကိုညှိုးပြီး အဲ့လောက်ထိလှီးလိုက်ရတာလဲ!"
"ဟင် !အဲ့တာဘာလုပ်နေတာလဲ မင်းသွေးတမာန်!"
"ဟို ကျွန်တော် သခွားသီးနွှာနေတာ!"ဘေစင်မှာ အခွံသင်ထားတဲ့ သခွားသီးတွေဟာ ဝယ်လာတုန်းက ခပ်ဝဝအသီးတွေပါပဲ။ခုတော့မျိုးမအောင်တဲ့ အပင်ကဆွတ်ထားသလို လက်ညှိုးလောက်သာကျန်နေပါတော့သည်။
"အင့်!မင်းပဲစားအဲ့တာတွေ!"ပါးစပ်ထဲစောင့်ထိုးထည့်ပေးလိုက်ပြီး အကောင်ပေါက်လေးဟာ ဒေါသတွေကြီးနေခဲ့ပါတော့သည်။ဤသို့ဤသို့နှယ် ဂယက်ပေါင်းတစ်ထောင်ပြီးနောက် ယိုယိုပင်ပင်ပန်းပန်းကြော်ထားတဲ့ခေါက်ဆွဲကြော်လေးဟာ ထမင်းစားပွဲပေါ်ရောက်လာတော့သည်။အမေသာအိမ်မှာရှိနေပါလျှင် ဤခေါက်ဆွဲကြော်ဟာ လှောင်ခံရမည်မှာမလွှဲ။တူးနေတဲ့ကြက်ဥတရားခံဟာ တမာန်ဖြစ်ပြီး ဆီများသွားတာက စေတန်ကြောင့်။ဘုန်းလျှံရဲ့ချဥ်တူးနေတဲ့ဟင်းရည်တွေကိုသေချာပြန်ပြင်ထားရတာမို့သာတော်တော့သည်။
"အရမ်းကောင်းတယ်"မြည်းကြည့်ပြီးပြောလာတဲ့သခင်လေးတွေကို ဘာမှလည်းမပြောနိုင်တော့ပါ။
"ဒီနေ့ အပြင်သွားစရာရှိတယ် အိမ်ခနစောင့်ပေးနေကြအုံးနော် သိပ်မကြာဘူး"
စေတန်- "လိုက်ပို့မယ်လေ"
"ရတယ် ယုယနဲ့သွားမှာ practicalရှိလို့ ပြီးတာနဲ့တန်းပြန်ခဲ့မယ်"
"ဒီနေ့ အိမ်တော်ကိုပြန်လိုက်တော့မှာမလား"
"အွန် လိုက်ခဲ့မှာ ဒါဆို ငါသွားပြီ အိမ်ကိုသေချာကြည့်ပေးထားအုံး"မှာပြီးတာနဲ့ ယိုယိုဟာ လာကြိုတဲ့ယုယကားနဲ့လိုက်သွားတော့သည်။
"အဟင်း အစ်ကိုကအရမ်းရဲလာတာပဲ"
"ငါတို့ကို မစိမ်းတော့ဘူး"
"အစ်ကိုနဲ့ပတ်သက်မှုကို ရှေ့ဆက်တိုးချင်တယ် မင်းတို့ အပျော်တာဆိုရင် ချက်ချင်းနောက်ဆုတ်လိုက် ပြီးတော့ငါကgayမှန်းမင်းတို့သိပြီးသားပဲ"တမာန်က တည့်ပဲပြောလျှင် ဘုန်းလျှံက
"အစ်ကို့ကိုတင်တောင်းဖို့ ဂိမ်းကုမ္ပဏီရောင်းလိုက်ရလည်းဖြစ်တယ်"ထိုသို့ဆိုလျှင် ရိုးစေတန်ကလည်း
"မြို့လယ်မှာရွှေဆိုင်ဖွင့်ဖို့လုပ်နေပြီ အစ်ကို့ကိုမြူစွယ်မလို့!"သုံးယောက်သားအကြည့်တွေဟာ မီးပွင့်တော့မယောင် ထိတွေ့မှုတွေဖြစ်ပွားလျက်။
YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
