"ယိုယို ကိုယ်တို့မတွေ့ရတာကြာပြီပဲနော်"
"ဟုတ်တယ်ဗျ ဦးနှောင်းကအသက်မကြီးလာသလိုပဲ နုနေတုန်းပဲနော်"
"အဟင်း ဒါတော့ယိုယိုကမြောက်တာပဲကိုယ့်အသက်၄၀ကျော်နေပါပြီ ဘယ်လိုလုပ်နုနိုင်ပါမလဲ"
"အင်းး တကယ်ပြောတာပါဗျ"
"ထားပါတော့ ယိုယိုကအမှန်ကိုပဲပြောတတ်တယ်ဆိုတာကိုယ်ယုံပါတယ် "
"ဟုတ်"
"ဆိုတော့ ကိုယ့်သားတွေက ယိုယို့ကိုနှောက်ယှက်နေတုန်းပဲလား ကျောင်းပြီးသွားတာတောင်အလွှတ်မပေးကြဘူးဒီကောင်တွေ"
ယိုယိုသွားလေးဖြီးပြလိုက်သည်။နှောက်ယှက်တာတော့အတည်ပါ။စိတ်ရောကိုယ်ရောသူတို့အကုန်နှောက်ယှက်နေတာလေ။
"ယိုယို အသီးစားအုံး အမိမြေကသယ်လာတဲ့အသီးတွေပဲ လတ်ဆတ်တယ်"
"ဟုတ်"အရင်လိုခပ်အေးအေးနဲ့ဆရာပေါက်စလေးကိုပြန်မြင်နေရသလိုပဲမို့ နှောင်းတစ်ယောက်ပြုံးမိသည်။အတူဖြတ်သန်းခဲ့တဲ့တစ်နှစ်တာကာလလေးတွေက ယိုယိုနဲ့အမှတ်တရတွေလည်းရှိသေးတာပဲ။
"သခင်ကြီး၃ယောက်လုံးက blind dateတွေအကုန်ငြင်းသေးတယ် ယိုယိုသိပြီးပြီလား"
"ဟင် မသိပါဘူး ဦးနှောင်း"
"ယိုယို ဆန်တိုရီကိုထွက်သွားတည်းက ကိုယ်နဲ့ယိုယိုစီစဉ်ထားတဲ့ဒိတ်တွေအကုန်ဖျက်ပစ်တယ်လေ စံအိမ်စည်းမျဉ်းအသစ်တောင်တိုးလာတယ် ၁၇နှစ်မှာ ဆက်ခံသူအနေနဲ့အိမ်ထောင်ပြုဖို့မလိုဘူးဆိုပြီး သူတို့ဒယ်ဒီတွေနဲ့လည်းအကြိတ်အနယ်ဖြစ်ကြတယ် ပြီးတော့ဘာပြောတယ်မှတ်လဲ"
ယိုယိုမသိတဲ့အရာတွေမို့ အသီးလေးစားနေတဲ့ပါးဖောင်းဖောင်းတွေကိုမလှုပ်တော့ပဲငြိမ်နေမိတာ။
"အိမ်တော်၃ခုလုံးရဲ့သခင်မကေရွးချယ်ထားပြီးသားတစ်ယောက်တည်းပဲတဲ့ ကဲ ကြည့် ကိုယ်ဘယ်လောက်သွေးဆောင့်တက်တယ်မှတ်လဲ"
မျက်လုံးလေးတွေပြူးထွက်လာပြီး ယိုယိုပါးစပ်လေးဟသွားရာ မြုံထားတဲ့အသီးလေးကပြုတ်ကြသွားလေသည်။
"အို အဆင်ပြေရဲ့လား"
"ဟီးး ရတယ်ရတယ် ဦးနှောင်း ယိုယိုအဆင်ပြေတယ်"ပြုတ်ကျသွားတာလေးပြန်ကောက်စားရမလိုလိုနဲ့ ယိုယိုကြံရာမရ။
"မကြာပါဘူး မြို့တော်ဝန်သမီးနဲ့တမာန်ကdatingထွက်ချလာတယ်လေ ဒီသခင်ကြီးတွေလုပ်ချင်ရာလုပ်နေကြတာ"
"အာ .."
ဟုတ်သည်။တစ်လောကတွေ့ဖူးခဲ့တဲ့ကောင်မလေးလည်းဖြစ်ချင်ဖြစ်နိုင်တာပဲ ယိုယိုကိုယ့်ပါကိုယ်အထင်ကြီးမိနေပြန်ပါပြီ။ဒါပေမယ့်လည်း သူတို့ကိုယ်တိုင် ဝန်ခံထားတာပဲလေ ဒါမှမဟုတ် ယိုယို့ကိုလာကစားနေကြတာများလား။
"ပါး!အစ်ကို ညစာစားကြစို့ အားလုံးပြင်ပြီးပြီ"
ရာဇဘုန်းလျှံက နှစ်ယောက်လုံးကို ခေါ်လိုက်တာပေမယ့်လည်း တကယ်တမ်းသူရပ်နေမိတာက ယိုယိုရှိတဲ့ဖက်ပဲ။အစ်ကိုပုခုံးပေါ်လက်တင်ထားပြီး
မျက်နှာလေးကိုသေချာကြည့်လိုက်သည်။
"ဗိုက်ဆာနေပြီလား ဒီညစာက ကိုယ်တို့၃ယောက်နဲ့ဦးဘုန်းတို့နဲ့ပေါင်းပြီးချက်ထားတာ အစ်ကိုကစားကြည့်ပြီးကောင်းမကောင်းပြောပေးအုံး"
"အွန်း"
"လာ အစ်ကို"
ဖအေဖြစ်သူကိုလှည့်မကြည့်သွားတဲ့ကောင်ကြောင့် နှောင်းနဲနဲလောက်တော့မကျေနပ်သွားရသည်။နှောင်းသာ မတ်စ်ကိုအတင်းအစ်အောက်မမေးထားရင် အခုအခြေနေကြောင့် အံ့ဩလွန်းလို့အောက်မေးရိုး ပြုတ်လောက်သည်။
.... ..... ........ ........ ....... ......... ...
YOU ARE READING
3 in 1❤️
Fantasíaချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
