part10

224 5 2
                                        

ချစ်ဆန်းယို မျက်လုံး၂လုံးပွင့်သည်နှင့်ပြည့်ဝနေတဲ့အားအင်တွေကြောင့် လန်းဆန်းလို့နေသည်။သခင်ကြီးဦးဘုန်းတမာန်ကိုသွေးသွင်းပေးပြီးနောက်ပိုင်း မနက်ပိုင်းပြေးဖို့ကို သခင်လေး၃ယောက်ကမခိုင်းတော့။ကျောင်းလည်းဖွင့်ပြီဆိုတော့သခင်လေးတွေနဲ့အချိန်ပြည့်မတွေ့နိုင်တော့ဘဲ ညစာသင်ချိန်မှ မျက်နှာချင်းဆိုင်ဖြစ်သည်။ဦးနှောင်းကယိုယို့ကိုအရမ်းကျေးဇူးတင်ပြီး လိုချင်တာရှိရင်ဘာမဆိုပြောပါဆိုပြီး ပြောလာပေမယ့် ယိုယိုက လိုအပ်မှသာတောင်းပါမယ်လို့ပြန်ပြောထားလိုက်တယ်။အခွင့်ရေးပေးလာတာကို ငြင်းလိုက်လို့တော့ဘယ်ရမလဲလေ။ယိုယို ရေချိုးပြီးသည်နှင့် အဝတ်အစားကောင်းတာလေးရွေးဝတ်ပြီး အိမ်အောက်ကိုဆင်းလာလိုက်သည်။ဦးပုရှိနေမည့် စားဖိုဆောင်ကိုသွားတော့ ထင်တဲ့အတိုင်း လိုအပ်တာတွေညွှန်ကြားနေတဲ့ဦးပု။
"ဟော ဆရာလေး ဘာလိုချင်လို့လဲခင်ဗျာ"
"ဟီးး ယိုယိုလို့ခေါ်လို့ရပါတယ် ဦးပုရဲ့"
"မဟုတ်တာ ဆရာလေးလို့ပဲခေါ်ပါရစေ သခင်လေးတွေကိုစာပြပေးနေတာကသိပ်ကိုကျေးဇူးကြီးနေပြီရယ် မဟုတ်ရင် ဂိုက်ဆရာတွေခနခနပြောင်းရလွန်းလို့ ဦးပုခေါင်းတွေဖြူလွန်းလို့ပါကွယ်"
"ဟီးဟီး ဟုတ် ဦးပုသဘောပါဗျာ"
"ဒါနဲ့ဘာလိုလို့လဲဆရာလေး"
"အာ ဦးနှောင်းအိမ်မှာရှိလားသိချင်လို့ပါ"
"သခင်ကြီးတို့ ဒီနေ့ အေးရိပ်ရာစံအိမ်မှာပဲရှိဖို့များပါတယ် ပြောစရာရှိလို့လားဆရာလေး"
"အွန် ယိုယိုဒီနေ့ဖို့ခွင့်တိုင်ချင်လို့ပါ ဖုန်းဆက်ပြောချင်ပေမယ့် ဖုန်းကပြင်ဆိုင်ခနပို့ထားရလို့ ဒါဆိုဦးပုကပဲပြောပေးပါအုံး ဒီနေ့သူငယ်ချင်းကအကူညီတောင်းထားလို့ညဖက်သခင်လေးတွေကိုစာမပြပေးနိုင်လောက်ဘူး ပိတ်ရက်ပြန်အစားထိုးပေးပါမယ်"
"ဟုတ်ကဲ့ပါ ဆရာလေး ဦးပုအကြောင်းကြားပေးလိုက်ပါမယ် လိုအပ်တာရှိသေးလား ဦးပုကိုပြောလို့ရပါတယ် သခင်ကြီးနှောင်းက ဆရာလေးလိုအပ်တာမှန်သမျှလုပ်ပေးဖို့ပြောထားတယ်"
"အာ မရှိပါဘူး ဒါဆို ယိုယိုသွားလိုက်အုံးမယ် ကျေးဇူးပါဦးပုဗျ"ဦးပုကိုနှုတ်ဆက်ပြီးသည်နှင့် တက်ကြွနေတဲ့ခြေလှမ်းတွေနဲ့ ထွက်သွားသည်။ဦးပုတော့ ဒီဆရာလေးကိုလေးစားတာအမှန်ပဲ။သူခန့်မှန်းထားတာတစ်ပတ်တောင်မခံလောက်ဘူးပေါ့။ကြည့်ရတာ သူတို့ရဲ့၇ယောက်မြောက်သခင်များဖြစ်လာမလားပဲ။ဦးပုတော့ စာအုပ်အဖုံးကြည့်ပြီး ဆုံးဖြတ်တာစောသွားတာပဲ။

3 in 1❤️Where stories live. Discover now