ဓာတ်ဆားဝယ်တဲ့လူကပေါ်မလာတာမို့ တမာန်လျှောက်လမ်းလေးဆီမျှော်ကြည့်လိုက်လျှင် သူတို့၃ယောက်ကိုကျောပေးထားတဲ့ကောင်လေးတစ်စုနဲ့စကားပြောနေတဲ့ ဂိုက်။ကြည့်ရတာတစ်ဖက်ကကောင်တွေကရန်လိုနေတဲ့ပုံပေါ်ပြီး ချစ်ဆန်းယိုကနှုတ်ခမ်းတထော်ထော်နဲ့ရန်ပြန်တွေ့နေတာ။တစ်ဖက်က လက်တွေပါ ပါလာချင်တော့ သခင်လေး၃ယောက်က လျင်မြန်စွာပဲထိုနေရာသို့ လျှောက်လေတော့သည်။
"မင်းတို့ကလည်းအရင်တိုက်သေးတယ် ငါ့အမှားလိုကပြောသေးတယ် ဒီမှာ ပြုတ်ကျသွားတဲ့အချိုရည်ဖိုးတွေတောင် ငါပြန်မတောင်းရသေးဘူးနော်"
"ဘာလဲ အလျော်ရချင်လို့ဂွင်ဖန်တာလား အစတည်းကမြင်ရင်ရှောင်လေ ခင်ဗျားလိုကိုယ်သေးသေးလေးကိုကျုပ်တို့က မြင်တာမဟုတ်ဘူး"ခေါင်းဆောင်ဖြစ်ပုံရတဲ့ဆံပင်နီကြောင်ကြောင်နဲ့ကောင်က Bodyshamingလုပ်လာတာမို့ ယိုယိုဒေါသထွက်လာတော့သည်။
"ဘာ!ဟေ့ကောင်တွေ ငါ့ပါငါသေးတာ ဘာဖြစ်လဲ အကြီးကိုအကြီးမှန်းမသိပဲ လာရိုင်းစိုင်းနေတာပဲ လူကြီးတွေမဆုံးမဘူးလား ဟမ်"
"တောက်!စောက်ကျိုးနဲ လူကြီးဆုံးမ မှလိမ်မာတဲ့ကောင်မဟုတ်ဘူးဂျပုရ ကျုပ်တို့ကဘယ်သူမှဆုံးမတာမလိုဘူး"
"အာ့ကြောင့်မိုက်ရိုင်းနေတာလေ!ကလေကချေတွေရ "ဟုတယ်လေ ယိုယိုကအဲ့လောက်ရှောင်နေတာကို သူတို့က တမင်ဝင်တိုက်ပြီးတော့ယိုယို့အမှားလာလုပ်နေတာ။ဒါကလူကြီးတွေမဆုံးမလို့ပဲပေါ့။
"ဟာ တောက်!"ဒေါသကြီးတဲ့ရှေ့ကအနီရောင်ဆံပင်နဲ့ကောင်က ယိုယို့ကိုရိုက်ဖို့ရာ လက်ရွယ်လာတော့ လန့်ပြီး လက်တွေနဲ့ကာလိုက်သည်။
သို့သော်
"ကျစ်!အာရုံပဲ ကိုယ့်လမ်းကိုယ်မသွားတတ်ဘူးလား"ယိုယို့နားရောက်လာတဲ့သခင်လေး၃ယောက်။
"ကိုစေတန်!"
"အမှားကိုမတောင်းပန်တတ်တာ ဒီတစ်ခါနောက်ဆုံးဖြစ်ပါစေ ခန့်လွင်"
"ကျွန်တော်မမှားဘူး"
"ပြောလေဆိုးလေ မင်းလူကြီးသိရင် ရင်ကျိုးတော့မှာပဲ သူပျိုးထောင်ထားတဲ့လူက ဒီလိုရိုင်းနေတာကို"
"ကျွတ် ကိုယံ့ကိုသွားမပြောနဲ့ ကျွန်တော်သူနဲ့ရန်မဖြစ်ချင်ဘူး ကိုစေတန်မမြင်ချင်ယောင်ဆောင်ပေးပါ"
"အဲ့ဆိုတောင်းပန်လိုက် မင်းမှားတာမင်းသိတယ်မလား"ကောင်လေးကစေတန်နဲ့သိပုံရပြီး တောင်းပန်လို့ပြောတော့ မှုန်ကုပ်ကုပ်နဲ့။
"တောင်းပန်တယ်"ဟုပြောပြီး သူ့အဖော်တွေနဲ့ထွက်သွားတော့သည်။ယိုယိုကတော့တကယ်အရိုက်ခံရတော့မှာထင်ပြီး လန့်သွားတာဘာပြောကောင်းမလဲ။ဒါကို ဘုန်းလျှံက ယိုယို့ပုခုံးပေါ်လက်တင်ပြီး
"ကြည့် ဒါလေးဝယ်ခိုင်းတာကို ခင်ဗျားကစောက်တလွဲဖြစ်အောင်လုပ်တယ် တော်တော်အသုံးကျတာပဲ"တဲ့။လန့်တဲ့အရှိန်နဲ့ယိုယို ဆူပုတ်လာတော့သည်။
"ဘယ်သူကဖြစ်ချင်မှာလဲ တမင်သက်သက်ကြီးလုပ်မှာတဲ့လား လူကိုဆိုအပြစ်ပြောဖို့ပဲသိတဲ့လူတွေ ငါ့ဘက်ကိုတွေးကြည့်ကြစမ်းပါကွ!"မျက်ရည်လေးစမ်းစမ်းနဲ့ နှုတ်ခမ်းထော်ထော်နဲ့အော်ပြောလာတော့ ၃ယောက်သားကြောင်သွားရတဲ့အဖြစ်။
"သခင်လေးအစုတ်ပလုတ်တွေ"မျက်စောင်းထိုးပြီး ဘောက်ဆက်ဆက်နဲ့တောင်ဆင်းလမ်းလေးအတိုင်းဆင်းချသွားသည်မှာသူတို့ကိုပင်မစောင့်။
"ငါတို့ကိုဆဲသွားတာလား"ဘုန်းလျှံကဆိုလျှင် ကျန်၂ယောက်ကခေါင်းညိမ့်သည်။ပထမဆုံးခိုင်းစားတဲ့နေ့မှာတင် ပညာပြပြန်ခံလိုက်ရတဲ့သခင်လေးတွေပါပေ။
YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
