Part19
ကလပ်အတွင်း၌
သခင်မလောင်းလျာတွေကို လွတ်ထားပြီး တမာန်၊ဘုန်းလျှံနဲ့စေတန်တို့စကားဝိုင်းဖြစ်နေသည်။စေတန်က ဝိုင်းတစ်ဝိုင်းမှာကုတ်ကုတ်လေးထိုင်နေတဲ့ ချစ်ဆန်းယိုကို မျက်မှောင်ကျုံ့လို့ကြည့်သည်။
"မကြိုက်ဘူးဆိုလည်း မငြင်းဘူး လူတကာကိုအရမ်းယုံတာလား တုံးတာလားပဲ"တမာန်ကလည်း လိုက်ကြည့်သည်။
"ကျစ်!ဟိုကောင်အရမ်းကပ်နေပြီ!အဲ့လိုငြိမ်နေတာကိုမကြိုက်တာကွာ"ယိုယိုနားမှာအတင်းကပ်နေတဲ့ကောင်ကို တွေ့မှပိုဒေါသထွက်လာသည်။ဘုန်းလျှံကစကားပင်မဆို။ပုလင်းဆွဲပြီး ထတာမို့ ၂ယောက်သားဝင်ထိန်းလိုက်ရသည်။
"စိတ်လျှော့!လူတွေများတယ်!ပြီးမှ ဖြုတ်ပေးလိုက်ရအောင်!"
"တောက်!လူပါးဝလို့ အစ်ကိုကလည်း ငြိမ်ခံနေတယ်"
"ငါတို့လည်းကြည့်လို့ရနေတာမဟုတ်ဘူး ဒီအချိန်ပြဿနာရှာရင် ဦးနှောင်းအသေစိတ်ဆိုးလိမ့်မယ်!"
"လီးပဲ!"နေရာမှာပြန်ထိုင်လိုက်ပြီး ယိုယိုရှိတဲ့နေရာကို သူတို့အကြည့်မပျက်။မျက်လုံးတွေကမီးတောက်နေသည်ဆို ပိုမှန်လိမ့်မည်။
"ချစ်ဆန်း!"
"အင် စီနီယာ"ယိုယိုမှာ ကောင်လေးတစ်ယောက်ကအတင်းကပ်နေတာမို့ နေထိုင်ရခက်နေတဲ့အချိန် အသိတစ်ယောက်ရောက်လာတော့ အသက်ရှူချောင်သွားရသည်။
"ဟိုကောင်တွေနဲ့ပါလာတာလား"
"ဟင် ဘယ်ကောင်တွေ"
"တမာန်တို့ဘုန်းလျှံတို့ကိုပြောတာ"
"အာ ဟုတ်တယ် စီနီယာနဲ့သိတာလား"
"ဆိုပါတော့ အခုသူတို့ကိုလာဂုဏ်ပြုတာ"
"အော် ဒါနဲ့ သူက"စီနီယာနဲ့အတူပါလာတဲ့ လူချောလေးက ဝင်မထိုင်ဘဲမတ်တပ်ရပ်နေတာမို့ ယိုယိုမေးလိုက်ခြင်းဖြစ်သည်။
"မင်းအတွက် ကိုယ့်လက်ဆောင်လေ ချစ်ဆန်း"
"ဟင်"ယိုယိုနားမလည်။
"စတာ!ဒီမှာအေးဆေးနေအုံးနော် ကိုယ်ဟိုကောင်တွေသွားတွေ့အုံးမယ်"
"ဟုတ်ကဲ့!"ယိုယို့ဘေးကလူတွေကို မျက်လုံးနဲ့သတိပေးပြီးမှ သူ့ဘေးကရပ်နေသူကို ဆောင့်ဆွဲခေါ်လိုက်သည်။ထိုသူသည် ဆက်လွမ်းအဲလက်စ်ရဲ့အိမ်မွေးခွေး!
ခပ်ချဥ်ချဥ်မျက်နှာဘေးနဲ့ကောင်တစ်ကောင်ကို ဆွဲခေါ်လာတဲ့ ဆက်လွမ်းအဲလက်စ်ကို သူတို့၃ယောက်မြင်နေရသည်။ဆက်လွမ်းအဲလက်စ်လိုကောင်က တစ်ယောက်မဟုတ်တစ်ယောက်နဲ့တွဲတွေ့နေကြဆိုပေမယ့် ဒီတစ်ယောက်နဲ့တွဲမြင်ရတာ တစ်ခါနှစ်ခါမကတော့။အခုလည်းလက်မောင်းကနေ ဆွဲလာတာမှာ ပျောက်သွားမှာစိုးနေတဲ့ပုံ။အနားရောက်လာတော့ ဆက်လွမ်းက
ခုံမှာဝင်ထိုင်သည်။
"long time no see bro!"
"မမြင်တာကြာတော့ မမြင်ချင်တော့ဘူး"ဆက်လွမ်းရဲ့နှုတ်ဆက်တာကို စေတန်ကပိတ်ပြောသည်။
"ဟမ့် မင်းတို့ကောင်တွေတောင် အရွယ်ရောက်လာကြပြီပဲ ငါ့ကောင်တွေ ငါ့ထက်သာအောင်ဖြေနိုင်လို့ ကွန်ကွန်ပဲ"
"အဟင်း မင်းကအသိတရားတွေတောင်ရလို့ ခြေငြိမ်နေတယ်ဆို"တမာန်ကဘေးကရပ်နေသူကိုမျက်စပစ်ပြောလိုက်တော့ ဆက်လွမ်းကခပ်သောသောရယ်သည်။
"လီလီတဲ့ လောလောဆယ်တော့ငါခြေတော်တင်နေတာပဲ နော့် အချစ်လေး"ဆက်လွမ်းကစကားကိုရိုးရိုးပြောလိုက်တာမဟုတ်။တင်ပါးကိုခပ်တင်းတင်းညစ်လိုက်သေးတာ။ပျက်ယွင်းသွားတဲ့မျက်နှာလေးက မနိုင်လို့သာငြိမ်ခံနေရတဲ့သဘော။လှသည်၊မကျေမနပ်ဖြစ်တဲ့ရုပ်ကအစ ဆက်လွမ်းရဲ့ခွေးပေါက်လေးက လှပါသည်။
"ဟေ့ကောင်!ထန်ချင်ရင်အနောက်ကိုသွား!မျက်စိရှုပ်တယ်!"ပြောလိုက်သူက ဘုန်းလျှံ။
"မလုပ်ပါဘူး!မင်းတို့ကိုဂုဏ်ပြုဖို့သက်သက်လာတာ!ဒါဆို ချစ်ဆန်းယိုက အလုပ်ပြီးပြီပေါ့ "
"အင်း ဒါပေမယ့် အဲ့တာငါတို့ပိုင်ဆိုင်မှုပဲ ဆက်လွမ်းအဲလက်စ် မင်းမျက်စောင်းထိုးဖို့တွေးမနေနဲ့!"
"ကျစ်!မင်းတို့ကိုသူမရွေးရင်တော့ ငါယူမယ်ဆိုတာ အတိအလင်းပြောထားပြီးသားပဲ ချစ်ဆန်းမှာလည်း ရွေးချယ်ခွင့်ရှိပြီးသားလေ"အခင်းဖြစ်တဲ့ထိုနေ့ညကတည်းက ပြဿနာကိုလိုက်စီစစ်ရင်း ဆက်လွမ်းအဲလက်စ်ကယိုယိုကို အနက်ရောင်စံအိမ်ကိုခေါ်သွားမှန်းသိလိုက်ရသည်။ချက်ချင်း အဲ့ညတည်းက သူတို့အကြိတ်အနယ်ရန်ဖြစ်ပြီးပြီ။ပြီးတော့ အစ်ကိုဟာသူတို့အပိုင်ဖြစ်ကြောင်းကိုရောပေါ့။
ရှေ့ကလူတွေကိုကြည့်ပြီး ဝီလီ စိတ်အစဥ်ဟာညစ်ထွေးနေသည်။ကိုယ့်ကိုကြကျွန်တစ်ကောင်လို ဆက်ဆံပြီး သူ့ဟာလေးကျ အမြတ်တနိုးနဲ့တောင်လုနေသေးတယ်။ဆက်လွမ်းအဲလက်စ်ကိုအငြှိုးမကြီးလောက်ဘူးထင်ထားတာ။ဒီကောင်လေးလက်က ဝီလီရအောင် ထွက်ဖို့လုပ်ရမည်။ခေါင်းဆောင်ကလည်း ဝီလီ့ကိုဆက်သွယ်မလာသေးပေ။
YOU ARE READING
3 in 1❤️
Fantasyချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
