part20

167 5 0
                                        

ဆန်တိုရီမြို့။
ဆန်တိုရီတက္ကသိုလ်။
ညနေခင်းချိန်။

ကျောင်းဆင်းချိန်မို့ ကျောင်းသူကျောင်းသားတွေလှုပ်လှုပ်ရှားရှား။ကျောင်းဂတ်ပေါက်မှာ နက်ပြာရောင်ကားတစ်စီးထိုးရပ်ပြီး ကားမှန်ချ၍ကျောင်းထဲကိုလှမ်းကြည့်သည်။
"ယိုယို!"ခေါ်လိုက်လျှင် လွယ်အိတ်လေးဘေးစောင်းလွယ်ထားပြီး ဘေးကမိန်းကလေးတချို့ကိုစာရှင်းပြနေတဲ့ကိုယ်တော်ချောကပြုံးပြပြီး ခနဆိုတဲ့ပုံစံနဲ့လက်ကာပြသည်။သက်ပြင်းသာချပြီး ကြည့်နေလိုက်ရသည်။မိနစ်အချို့ကြာပြီးမှ ဘေးဘက်ကိုဝင်ထိုင်လာတဲ့ယိုယို။
"စကောလ်လားရှစ်ကျောင်းသားမှန်းသိသာပါတယ် ယိုယိုရဲ့ တွေ့လိုက်လျှင် ဟိုကစာရှင်းပြပါအုံး ဒါလေးနားမလည်လို့ပါနဲ့"
"ကြည့် ငါ့ဆိုဘယ်လိုပြောရမလဲဘဲတွေးနေ အိုက်တမ်ရေ!'
"မဟုတ်လို့လား ကဲ အခုအိမ်ပဲတန်းလိုက်ခဲ့မှာလား"
"ဒီနေ့ ငါ့အိမ်ပဲအရင်ပြန်တော့မယ် အမေရောသူငယ်ချင်းမလေးရောလာမှာဆိုတော့"
"ဟမ့် အဲ့သူငယ်ချင်းမလေးကို တွေ့ချင်နေပြီ ငါ့ကိုမိတ်ဆက်ပေးယိုယို"
"ဆုတောင်းလေ မင်းလိုပွေတိုင်းရှုပ်ကို ငါ့သူငယ်ချင်းနုနုလှလှနဲ့သဘောမတူနိုင်ပါနော် ပြီးတော့ ဟိုကဘဲရှိပြီးသား"
"အေးပါ မင်းပဲအူတိုနေလိုက်"ယိုယိုသည်မနိုင်ဘူးဟူသောပုံစံနဲ့ခေါင်းရမ်းပြလိုက်သည်။ယိုယိုဆန်တိုရီမှာရောက်နေတဲ့၂နှစ်အတွင်း ရင်ဘက်ချင်းနီးတာဆိုလို့ အိုက်တမ်သာရှိသည်။အိုက်တမ်ကဆွေမျိုးမနီးတဲ့သူ့တူတစ်ယောက်ကိုစာပြခိုင်းနေတာမို့ ညနေတိုင်း သူ့အိမ်လိုက်သွားနေကြ။ပြောမနာဆိုမနာတွေဆိုပေမယ့် အိုက်တမ်ကသူ့မိသားစုနဲ့ပတ်သက်ပြီး သိုသိပ်တဲ့ဘက်မှာရှိသည်။မိသားစုကိစ္စဆိုဘာမှမပြော။အရမ်းချစ်ရတဲ့အစ်ကိုတစ်ယောက်သာရှိပါသည်တဲ့။ယိုယိုလည်းစာပြတဲ့အလုပ်တွေနဲ့အချိန်ပိုင်းအလုပ်တွေလုပ်ပြီးပိုက်ဆဆံစုနိုင်ခဲ့သည်။ကိုယ်ပိုင်အိမ်လေးရဖို့ အရစ်ကျချေးငွေနဲ့ ဝယ်နိုင်ခဲ့ပြီး အချိန်သိပ်ပေးစရာမလိုခဲ့။ဒစ်စကောင့်ချတာတွေနဲ့တိုးပြီး ယိုယိုဟာ တိုက်အိမ်ပုလေးတစ်လုံးကိုဝယ်နိုင်ခဲ့ပါသည်။ယခုဆို အမေ့ကိုနှလုံးအစားထိုးကုသပေးဖို့အဆင်ပြေပြီ။သူကြိုးစားရကျိုးနပ်ပါသည်။
. . . . . . . . . . . .
မိန်ပြပြမီးရောင်အောက်မှာ ပရောဂျက်တာပေါ်လှုပ်ရှားနေတဲ့ပုံရိပ်အချို့။ကျောင်းတက်၊ကျောင်းဆင်းပုံတွေ၊အချိန်ပိုင်းအလုပ်ဝင်နေတဲ့ပုံရိပ်လေးတွေ၊သူငယ်ချင်းတစ်ယောက်နဲ့အတူသွားလာနေတဲ့ပုံတွေ ပြုံးရယ်နေတဲ့မျက်နှာလေးကို တမေ့တမောငေးကြည့်နေတဲ့လူ၃ယောက်။
'ချောက်'
မီးခလုတ်ဖွင့်လိုက်တာနဲ့ ပုံရိပ်တွေဟာပျောက်ကွယ်သွားပြီး မျက်ဝန်းရိပ်တွေခက်ထန်လာတဲ့သူတို့တွေ။
"ဘေးကကောင်အကြောင်းစုံစမ်းခိုင်းတာ ဘာသိရပြီလဲ မတ်စ်"အရံသင့်ရပ်နေတဲ့လူကိုဘုန်းလျှံမှမေးလိုက်ခြင်းဖြစ်ရာ လူငယ်က ဦးညွှတ်ပြီး
"သခင်မရဲ့အရင်းနှီးဆုံးမိတ်ဆွေပါ နာမည်ရင်းကိုစုံစမ်းပေမယ့် အချက်လက်တွေပျောက်နေပါတယ်သခင်ကြီး စီးပွားရေးမှာနာမည်တချို့ရထားပြီး ကျောင်းတတ်ဖို့တောင်မလိုတဲ့အခြေနေပါ ပြီးတော့ တမ်ဆေးလ်တွေနဲ့အဆက်သွယ်ရှိနိုင်ပါတယ် အခြေနေကိုကြည့်ရသလောက်တော့သခင်မကို ဒုက္ခပေးမယ့်သူလို့မထင်ရပါဘူး"
"ကောင်းပြီ ဆက်စောင့်ကြည့်ထား လုပ်ကြံသူတွေထပ်ပေါ်လာနိုင်လို့ မင်းတို့သေချာဂရုစိုက်ပေး သူတစ်ခုခုဖြစ်ကြည့်!မင်းတို့ခေါင်းတွေနေရာမှာပဲထုချေပစ်မယ်ကြားလား!"
"ဟုတ်ကဲ့ အမိန့်ကိုနာခံလျက်ပါသခင်ကြီး"
"ဆေးရုံပရောဂျက်ကိုဆက်လုပ်ထား မင်းတို့သခင်မမရောက်လာမချင်း"
"ဟုတ်ကဲ့ပါသခင်ကြီး"
"ဘာပြောစရာရှိသေးလဲ"
"လုပ်ကြံမှုမှာခေါင်းဆောင်ခဲ့တဲ့လူကိုသိရပါပြီ.. "
မတ်စ်ရဲ့ပြောကြားချက်ကိုနားထောင်ပြီးနောက်၃ယောက်သား မဲ့ပြုံးတွေဖြစ်တည်လာသည်။
"အဟက်!အဝေးကြီးမှာမဟုတ်ခဲ့ဘူးပဲ ခွေးကောင်ကဖွက်ထားနိုင်ခဲ့တာပဲ"
သွားဖို့အချက်ပြလိုက်လျှင် မတ်စ်ကဦးညွှတ်ပြီးထွက်သွားသည်။အစ်ကို့နားကိုဘယ်သူတွေမှန်းမသိပေမယ့် လိုက်သတင်းယူနေတဲ့သူတွေ၊လုပ်ကြံတဲ့သူတွေ ၄ယောက်တက်မနဲ တွေ့ခဲ့ပြီးပြီ။အစ်ကိုကတော့ ကော်ဖီအေးလေးသောက်ပြီးကျော်ဖြတ်နေပေမယ့် နောက်ကွယ်မှာသူတို့၃ယောက်ကဒိုင်ခံရှင်းပေးနေရသည်။အစ်ကိုသိပြီးပူပန်နေရမှာမျိုးလည်းမလိုလားပါချေ။အေးပေါ့ ဖီးနပ်နဲ့ပတ်သက်နေတဲ့သူတွေဆို တချို့တွေကသိပ်မျက်စိကျကြတယ်လေ။
"ဟက်!အစ်ကိုကသိပ်နေနိုင်တာပဲ မင်းရဲ့စေ့စပ်သတင်းတွေပလူပျံနေတာတောင် ဖုန်းတစ်ချက်မှမကိုင်နိုင်တာ ချီးကျုးတယ်"ဘုန်းလျှံက တမာန်ကို ခနဲ့သည်။
"သိပ်မကြာခင် ပြန်တွေ့မှာပဲကို လောနေစရာမလိုဘူး"
"အစ်ကိုကလူရိုးလေး ငါတို့ဆီမျက်စိလည်လာအုံးမှာပဲ တမာန်ပြောသလို လောစရာမလိုဘူး"စေတန်ကလည်းထောက်ခံပြီး ငါးခူးပြုံးပြုံးသည်။သူတို့၃ယောက်ဆီကနေ ဘယ်လောက်ထိပြေးနိုင်မှာမို့လဲ အစ်ကိုရာ
. . . . . . . .
Blackအိမ်တော်အတွင်း ခြံစည်းရိုးကိုဖြတ်တိုက်ပြီးအရှိန်နဲ့ပြေးဝင်လာတဲ့ကားကြောင့် လုံခြုံးရေးနဲ့သက်တော်စောင့်တွေအကုန် လက်နက်တွေအသင့်ပြင်ပြီးချိန်ရွယ်ထားကြကုန်သည်။အိမ်တော်ပိုင်ရှင်အိုင်ဂျွန်ကလည်း မျက်မှောင်ကြီးကျုံ့လို့ ထွက်လာခဲ့သည်။ကားပေါ်ကဆင်းလာသူတွေကြောင့် အားလုံးကပိုလို့သတိအနေထားဖြစ်ကုန်သည်။
"ခင်ဗျားတူဘယ်မှာလဲအိုင်ဂျွန်!"
"ကျစ်!ဒါလေးမေးဖို့ကို မင်းတို့အဲ့လောက်သောင်းကြမ်းစရာလား ဟမ်!"
"အရစ်ရှည်မနေဘဲဖြေစမ်းပါ!"
"သူ့ကိုလိုက်ကြည့်နေရအောင်ငါအဲ့လောက်အားယားနေတာမဟုတ်ဘူးကွ!"
"ဒိုင်း!"နားထင်ဘေးကဖြတ်သွားတဲ့ကျည်က အိုင်ဂျွန်ရဲ့အနောက်ကပန်းအိုးကိုထိမှန်သည်။အိုင်ဂျွန်ရဲ့လူတွေဟာ သေနတ်မောင်းကိုတောင်ဆွဲထားလိုက်ကြပြီဖြစ်သည်။
"နောက်တစ်ချက်ဆို ခင်ဗျားခေါင်းပဲ အိုင်ဂျွန်"ပြက်သားစွာဆိုလိုက်တဲ့ရိုးစေတန်။
"Fuck!မင်းတို့လိုသခင်ကြီးတွေစောက်ဖြစ်မရှိတာကိုယ်အခုမှမြင်ဖူးတော့တယ် ကျစ်!သူပြောတာတော့အချစ်လေးရှိရာသွားမလို့တဲ့ ခရီးက၂ရက်၃ရက်ကြာတဲ့ခရီးစဥ်ပဲ ကျန်တာငါမသိဘူး"
"ဟက်!စောက်ဖြစ်မရှိတာမဟုတ်ဘူး!တမင်သက်သက်လာရန်ရှာတာမကေနပ်ရင် သုံးပွင့်ဆိုင်အိမ်တော်နဲ့တိုက်ရိုက်ရှင်းလို့ရတယ်နော်"တမာန်ကပြောလိုက်လျှင်
"အခုတလောဦးနှောက်အရှုပ်မခံချင်လို့ ကိုယ့်ကိစ္စကိုယ်ရှင်းကြ ကလေးတွေ!"သူတို့၃ယောက်ကားပေါ်ပြန်တက်လိုက်ပြီးနောက်ကားစက်နှိုးပြီးကားမောင်းမထွက်ခင် ကားမှန်ကိုချကာရိုးစေတန်ရဲ့လက်ခလယ်ထွက်ချလာသည်။
"သွားပြီ လူအိုကြီး!"ကားလေးမောင်းထွက်သွားသည်နှင့် အိုင်ဂျွန်သွေးတိုးသလိုခံစားလိုက်ရသည်။
"စောက်လူငယ်တွေ!"အိမ်ကကောင်ဘာပြဿနာရှာထားပြန်လဲမသိ။တည့်တော့လည်းသူတို့ပဲ။အခုလိုလာသောင်းကြမ်းပုံထောက်ရင်ကိစ္စကကြီးပုံရသည်။အိမ်ကတူလည်းမနိုင်နဲ့။
. . . . . . . . . .
နက်ပြာရောင်ကားလေးဟာ ယိုယိုရဲ့တိုက်အိမ်ပုလေးရှိရာဆီထိုးရပ်လာသည်။ချက်ပြုတ်ပြင်ဆင်နေတဲ့ယိုယိုက ကားသံကြားတာနဲ့အပြေးလေးထွက်လာသည်။ကားပေါ်ကဆင်းလာတဲ့မေမေဟာ ယိုယို့ကိုမြင်တာနဲ့ရင်ခွင်ထဲဆွဲဖက်သည်။လိုင်းပေါ်ကမြင်နေကြဆိုပေမယ့်လည်း ယိုယိုလည်းအမေ့ကိုသိပ်လွမ်းနေခဲ့တာပါ။
"အမေ့သားလေး ဝဝဖြိုးဖြိုးမရှိလိုက်တာကွယ် ဟင် အရမ်းပင်ပန်းနေရင်အိမ်ပြန်ခဲ့ပါပြောတာကို ဒီအမေအတွက် အပင်ပန်းခံရသလားကလေးရဲ့"
"အမေကလည်းဗျာ..သားအမိတွေမဟုတ်တာကြနေတာပဲ သူစိမ်းဆန်တဲ့စကားတွေမပြောပါနဲ့"
"အို ဒီအမေကဘယ်လောက်စိတ်ပူနေရသလဲ ယိုယိုရဲ့"
"အေးလေး အကောင်စုတ် !နင့်ကိုပဲလှမ်းပူပူနေရလို့ ဦးနဲ့တောင်လွတ်လွတ်လပ်လပ်မကြည်နူးရဘူး"
"ဟားဟား ချစ်သူငယ်ချင်းလေး မတွေ့တာကြာတော့ပိုဝလာသလိုပဲ"
"နင်ဟာလေ!"ယုယက ဝတယ်ပြောရင် အားကြီးစိတ်ဆိုးတာမို့ သူမမှာ လွမ်းနေရတဲ့သူငယ်ချင်းကို ထုရမလို ဖက်ရမလို ။
"ကဲ အန်တီတို့နေပူတယ် အိမ်ထဲဝင်ရအောင်လေ"
"ဟုတ်သားပဲ အမေလာ ယုယရောလာ"ယုယကအထုပ်တွေသယ်မလို့ပြင်တော့ ထိုသူစိမ်းကောင်က စပ်ဖြီးဖြီးနဲ့ ပြောလာသည်။
"ကိုယ်ပဲသယ်လိုက်မယ်အလှလေး အထဲကိုဝင်နှင့်ပါ"ယုယမှာ မျက်မှောင်လေးကျုံ့ပြီး လှည့်လာခဲ့လိုက်သည်။ယိုယိုကတော့ ဘယ်သူတွေနဲ့ပေါင်းနေတာလဲ။
. . . . . . .
ဆန်တိုရီရဲ့ညချမ်းလေးကတော့ လေတဖြူးဖြူးနဲ့ကြယ်တာရာစုံလို့နေသည်။အမေကစောစောအိပ်ယာဝင်ပြီမို့ ယိုယိုနဲ့ယုယကသာ ပြောစရာစကားတွေကုန်မနေခဲ့။သူငယ်ချင်းမလေးက သူ့ဆီကို ခံစားချက်တွေပါဆယ်ထုတ်ပြီးယူလာခဲ့ပုံရသည်။မိခင်ဖြစ်သူက သူမရဲ့ဦးနဲ့သဘောမတူတဲ့အကြောင်းတွေရော၊သူမရဲ့လူမှုရေးပြသနာတွေရော အစုံပါပဲ။
"ဟဲ့ ငါတို့ကိုလာကြိုတဲ့ကောင်ဘယ်သူ အက်တမ်လား အိုင်ဆိုတုတ်ဆိုလားပဲ အဲ့ကောင်ကိုကြည့်ပြောနော်စကားပြောတာရိသဲ့သဲ့နဲ့ ငါ့ဦးသိရင်သူမလွယ်ဘူးမှတ်"
"အဟင်း အိုက်တမ်ပါ ယုယရဲ့ အဲ့ကောင်ကအဲ့လိုပဲ နင့်ပုံမြင်တည်းက ငါ့ကိုတောင်းနေတာ ငါသေချာပြောထားပါတယ် ချစ်သူရှိတယ်ဆိုတဲ့အကြောင်းကို သူကအနှောက်သန်လို့ပါ"
"အေးပါ ကြားထဲကငါမယ်သီတာမဖြစ်ချင်ဘူး"
"ဟားဟား ကွန်ဖီးဒန့်လယ်ဗယ် စိုးဟိုက်နေလိုက်အစ်မကြီးရေ"
"ဒါပေါ့ ကိုယ်ကအလှနဲ့ပတ်သက်ရင်ယုံကြည်ချက်ရှိပြီးသား"ပိတုန်းကေသာဆံနွယ်ရှည်တွေကိုခါးရမ်းပြောနေတဲ့ကောင်မလေးက မတွေ့ရတဲ့နှစ်တွေထဲပိုပိုလှလာပါတယ်။ကင်မရာထဲကထက် အပြင်မှာပိုကြည့်ကောင်းနေတာမျိုး။ဒါလည်း သူ့ဦးရဲ့အချစ်တွေကြောင့်ပဲနေမှာပေါ့။
"အမ် ဒါနဲ့ ဟိုသခင်ကြီး၃ယောက်ထဲက ဖီးနပ်အိမ်တော်ကသခင်ကြီးက စေ့စပ်သတင်းထွက်နေတယ်နော် နင်သူတို့နဲ့အဆက်သွယ်ရသေးလား"
"အာ ငါသတိမထားမိဘူး Socialအဲ့လောက်မသုံးလို့လေ အဓိက ကနင်တို့နဲ့ပြောဖို့လောက်ပဲသုံးတာမို့ အချိန်လည်းမရှိဘူးလေ"
"အေးပေါ့ နင်အရမ်းကြိုးစားနေမှာကို သိလား အကြီးဆုံးစီးပွားရေးခရိုင်ရဲ့မြို့တော်ဝန်သမီးနဲ့သတင်းထွက်တာနော် အဲ့ကောင်မလေးကမော်ဒယ်လည်းဟုတ်တယ်လေ လှချက်ကတော့ကမ်းကုန်ပဲ စိတ်ထားလည်းကောင်းတယ်လူမှုဖူလုံရေးစင်တာတွေမှာအမြဲတမ်းလုပ်အားပေးနေကြလေ ဝင်ငွေကလည်းရှယ်ကောင်းတာဟ အေးပေါ့ ချမ်းသာတဲ့လူတွေဆိုတော့တန်ရာတန်ရာရကြတာပေါ့ အိမ်တော်ရဲ့သခင်မလောင်းလျာကအရည်ချင်းလည်းပြည့်ရအုံးမှာကို"ယိုယိုမှာ ယုယရဲ့ရှင်းပြမှုကိုအာလူးကြော်လေးတဂျွတ်ဂျွတ်ဝါးရင်း နားထောင်နေရသည်။အဲ့လိုတလက်လက်တောက်နေကြတဲ့လူတွေနားကနေ ယိုယိုတိတ်တဆိတ်ပျောက်ကွယ်ပေးလိုက်တာက တကယ်မှန်ခဲ့တာပဲ။
. . . . . . . . .
ယိုယို့အမေ့ရဲ့ခွဲစိတ်ဖို့စီစဥ်ရန် ဆေးရုံအုပ်နဲ့စကားပြောရသည်။ဆရာဝန်ကြီးကသဘောကောင်းပြီး စိတ်ရှည်သည်။နှလုံးခွဲစိတ်ဖို့ ဘယ်လိုအခြေနေတွေရှိတယ်၊ပြီးသွားရင်တောင်ဘယ်လိုတွေဆက်ရှင်သန်နိုင်တာကအစ အသေးစိတ်ရှင်းပြတာမို့ ကျေးဇူးတင်နေရသည်။
"တက္ကသိုလ်ကျောင်းသားပဲရှိသေးတာပဲ Masterတန်းဆိုတော့ နောက်ဆုံးနှစ်ရောက်ပြီထင်တယ်"
"ဟုတ်ပါတယ် ဆရာ ဒီနှစ်ပြီးရင်ဘွဲ့ယူပြီးတော့လုပ်ငန်းခွင်စဖို့တွေးထားပါတယ်"
"ကောင်းတယ် မောင်ရင် မောင်ရင့်အမေက စိတ်ဓာတ်မာတဲ့သူမို့ ဘာအခက်ခဲမှမရှိဘဲ ကျော်လွှားနိုင်မှာပါ အောင်မြင်ဖို့ရာခိုင်နှုန်းကများပြီးသားပဲကို"
"ဟုတ်ကဲ့ ဆရာ ဆရာ့ကိုပဲအားကိုးပါတယ်ခင်ဗျာ့"
"အင်း တစ်လက်စတည်းပြောပါအုံးမယ် မောင်ရင်ကံကောင်းတယ်ပဲပြောမလား ဒီနှစ် Companyတစ်ခုကနေ projectတစ်ခုချလာတယ်အလှူရှင်အဖြစ်foundationချဝင်တာမျိုးပေါ့ အောင်မြင်နိုင်ချေများတဲ့နှလုံးခွဲစိတ်လူနာတွေကို ဆေးရုံစရိတ်ရဲ့50%လျှော့ပေးတာပါ မောင်ရင်ကကျောင်းသားလည်းဖြစ်နေလို့ ဒီအလှူကိစ္စကိုကမ်းလှမ်းကြည့်တာ စိတ်ဝင်စားရင် Formစာရွက်မှာဖြည့်ပေးရုံပါပဲ လျှောက်တဲ့သူတွေများလို့ ရမရ မသိနိုင်ပေမယ့် လျှောက်ကြည့်တာမမှားဘူးလားလို့"
"ဗျာ ဟုတ်ကဲ့ ကျွန်တော် လျှောက်ကြည့်ချင်ပါတယ်"
"အို ဟုတ်ပါပြီ ဒါဆိုကံကောင်းပါစေ မောင်ရင်ရဲ့အမေကို ဆေးရုံတက်ဖို့ရက်ချိန်းပေးလိုက်ပါမယ်"ယိုယိုသည် formစာရွက်လေးကိုင်ပြီး ဆရာဝန်ကြီးကိုနှုတ်ဆက်ကာ ပြန်ထွက်ခဲ့လိုက်သည်။ဆေးရုံစရိတ်အတွက် ငွေမလောက်မှာပူပန်နေခဲ့ရတာမို့ တော်သေးသည်ပြောရမည်။ယိုယိုထွက်သွားသည်နှင့် ဆရာဝန်ကြီးသည် ပြုံးနေတဲ့မျက်နှာရိပ်ကနေ တည်သွားသည်။ကိုယ့်ထက်အများကြီးငယ်တဲ့ကောင်လေးကို ရိုသေသမှုနဲ့စကားပြောရတာ မလွယ်ကူပေ။ဖုန်းတစ်ကောလ်ခေါ်လိုက်လျှင်
"formစာရွက်လက်ခံလိုက်ပါပြီသခင်ကြီး"
" . . . . . ."
"ဟုတ်ကဲ့ လာလျှောက်မှာကျိန်းသေပါတယ်"
"တော်တယ်"
. .. . . . . . . .
ယုယကို ဆန်တိုရီဈေးလိုက်ပြရင်း လိုအပ်သမျှဝယ်ယူနေသည်မှာဈေးတစ်ပတ်မပြည့်သေးသော်ငြား အထုပ်တွေကလက်ထဲမှာ အလျှံပယ်။သူငယ်ချင်းမလေး အလည်ရောက်တာမို့ ယိုယိုမှာ မညည်းညူနိုင်ဘဲ အထုပ်ဆွဲသမားလုံးလုံးကိုဖြစ်လို့။ဝင်စားသမျှ ဆိုင်တွေလည်း နဲနဲ နဲနဲ နဲ့မို့သာပဲ ဗိုက်တောင်တင်းနေပြီ။နေမြင့်လာမှသာ ၂ယောက်သား အအေးဆိုင်တစ်ဆိုင်မှာဝင်နားလိုက်ကြသည်။ဒါတောင် အအေးနဲ့အတူ ပီဇာတစ်ချပ်နဲ့သင်္ဘောအစပ်ထောင်းကတွဲမှာလိုက်သေးသည်။
"ဟီးဟီး"
"လာရယ်ပြမနေနဲ့ မိယုယတင့်တယ် ငါ့ကျောင်းပိတ်ရက်လေးနင့်ကိုအပြည့်ဝပေးထားတာနော်"
"ဟင် ချစ်သူငယ်ချင်းလေးကလည်း ဒီကအလည်လာတာကိုအလိုလိုက်ပေးရမှာပေါ့"
"ဟုတ်ပါပြီ ငါပဲအလျှော့ပေးပါတယ်"
"ဒါမှပေါ့ အမ် ဟိုဟာ စီနီယာနဲ့တူသလိုပဲ"ယုယကတစ်နေရာကိုလက်ညှိုးထိုးပြောတော့ ယိုယိုလည်းကြည့်လိုက်လျှင်
"အယ် ကိုဆက်လွှမ်းပဲ"မမြင်ချင်ယောင်ဆောင်လို့မရအောင်ကို စီနီယာကလည်း သူတို့ကိုမြင်သွားသည်။ဘေးမှာလည်း အရင်တည်းကတွဲမြင်နေကျအစ်ကိုလှလှနဲ့။ပြီးတော့ စီနီယာကသူစိမ်းတွေထဲမှာဆိုရက် ဒီနှစ်တွေအတွင်းယိုယိုနဲ့လိုင်းမှာစကားပြောခဲ့တဲ့တစ်ဦးတည်းသောသူပဲ။ အင်း ယိုယိုကိုသဘောကျနေတဲ့သူပေါ့။
"ချစ်ဆန်း !ကိုယ်မင်းနဲ့တွေ့မှတွေ့ပါ့မလားလို့စိတ်ပူနေခဲ့တာ တကယ်တော်သေးတာပေါ့"
"စီနီယာ ယုယသူငယ်ချင်းကိုကြောင်မယ်ဆိုလည်း ကိုင်ထားတဲ့လက်ကိုလွှတ်လိုက်ပါအုံး တကတည်းပျောက်သွားမှာတအားစိုးနေတာပဲ"
"အာ"ဆက်လွှမ်းမှာ ဘေးကလူရဲ့လက်ကိုဆုပ်ကိုင်ထားရာမှလွှတ်ပေးလိုက်သည်။
သူမေ့သွားတာပဲ။
"ကိုယ့်ချစ်ဆန်းကပိန်သွားတာပဲ ပင်ပန်းရင်ကိုယ့်ကိုပြောလို့ရပါတယ်ဆိုတာကို"
"ရပါတယ် မလိုပါဘူး ကျွန်တော်အားနာလို့ပါ"
"ဘယ်လိုများပြောလိုက်တာလဲ ချစ်ဆန်းရာ အခုအန်တီလည်းဒီရောက်နေတယ်မလား ဆေးရုံတက်ဖို့ရောအဆင်ပြေလား"
"ဟုတ် အကုန်အဆင်ပြေပါတယ်"
"စီနီယာ နားပြီးပြောပါအုံး ဘေးကအစ်ကိုတော်တော်မောလာတယ်ထင်တယ် အအေးမှာပေးရမလား"ယုယအပြောကြောင့်ယိိုယိုလည်းဘေးကအစ်ကိုကိုသတိထားမိသည်။မျက်နှာလေးရဲပြီးနားလေးတွေနီနေတာပင်။ချွေးသီလေးတွေထွက်နေတော့ ပင်ပန်းနေမှန်းသိသာသည်။
"ဘာသောက်ချင်လဲ မှာလိုက်လေ လီလီ"
"ဝါး နာမည်ကလီလီတဲ့လား ပန်းနာမည်ပဲ အစ်ကိုနဲ့လိုက်တယ်"ယိုယိုလက်မထောင်ပြီးပြောလိုက်တော့
"ကျေးဇူးပါ ကောင်လေး"တဲ့။တစ်ခါခါ စီနီယာနဲ့စကားပြောတဲ့အချိန်တွေဆို လီလီကို နှိမ့်ချပြီးပြောချင်တဲ့ စီနီယာကိုယိုယိုသဘောမကျပါ။
"စီနီယာ ယိုယို့အိမ်က ကြယ်တာရာစီမံကိန်းလမ်းဖက်မှာပဲ အားရင် အစ်ကို့ကိုရော ခေါ်ပြီး လာခဲ့နော်"ယိုယိုထိုသို့ဆိုလျှင် ဆက်လွှမ်းအဲလက်စ်မျက်ခုံးပင့်သွားသည်။ဒီကလေးကတော့ကိုယ့်ကိုသတ်ဖို့လုပ်ခဲ့တဲ့သူကိုဇွတ်သဘောကောင်းနေပြန်ပြီ။
"ဟော ရှာလိုက်ရတာ ယိုယိုရာ"ဆိုင်ထဲဝင်လာတဲ့အရပ်ရှည်ရှည်နဲ့ကောင်လေးက ယိုယိုနာမည်ခေါ်လိုက်တော့ အာရုံတွေက ထိုကောင်လေးဆီရောက်သွားကြသည်။
"အာ အိုက်တမ် မင်းကိုမေ့နေတာ ဖုန်းကလည်းငါတို့၂ယောက်လုံးကားထဲမှာပဲထားခဲ့တော့ မဆက်သွယ်လိုက်မိဘူး"
"ကောင်းရော ၂ယောက်သား ဒီလိုမှန်းသိလာမကြိုပဲကုန်းကြောင်းလျှောက်ခိုင်းပါတယ်"
"လာထိုင်အုံး ဒီမှာ ငါ့စီနီယာနဲ့မိတ်ဆက်ပေးမယ်"ထိုလူငယ်က ယိုယိုရဲ့ဘေးနားဝင်ထိုင်သည်။
"စီနီယာ ဒါ ယိုယိုသူငယ်ချင်းပါ အိုက်တမ်တဲ့ အိုက်တမ် ဒါငါ့ကျောင်းကစီနီယာ ကိုဆက်လွှမ်းတဲ့ ဒီဘက်က အစ်ကိုလီလီတဲ့"
"ဝုန်း!"ရုတ်ချည်းထရပ်လိုက်တဲ့ စီနီယာကြောင့်စားပွဲခုံက အသံတောင်မြည်သည်။
"ကိုယ်ကိစ္စရှိတာအခုမှသတိရလို့ ပြန်လိုက်အုံးမယ်ယိုယို နောက်မှကိုယ်လာလည်ပါမယ်"ဘေးကလူကိုလက်ဆွဲထလိုက်ပြီး ယိုယိုတို့ရှေ့ကနေထွက်လိုက်သည်။ဘာဖြစ်နေသလဲမမေးနဲ့ အဲ့ကောင်ဝင်လာတဲ့အချိန် ဘေးကအလှလေးက အနှစ်နှစ်အလလဝေးခဲ့ရတဲ့အချစ်ဦးကိုပြန်တွေ့သလိုမျက်ဝန်းလေးတွေကဖျက်ခနဲ။ဒီလူနဲ့နေလာတာအချိန်တစ်ခုတော့ကြာနေပြီမို့ ကိုယ်ရိပ်မိတယ်ဆိုတာအလှလေးကမသိလေရော့လား။ယိုယိုရှေ့ကနေထွက်လာရတဲ့အကြောင်းရင်းက ဒီလူကြောင့်ပဲဖြစ်နေပြန်သည်။ထွက်သွားတဲ့ကျောပြင်တွေကိုကြည့်ပြီး ကောင်လေးတစ်ယောက်ရဲ့နှုတ်ခမ်းထက်မှာလည်း မဲ့ပြုံးတစ်ခုနဲ့။

3 in 1❤️Where stories live. Discover now