part30

43 2 0
                                        

မဖိတ်ခေါ်ဘဲရောက်လာတဲ့ဧည့်သည်ကြောင့်
အိုက်ဒီတမ်ဆေးလ်အရေးမပါတဲ့စကားဝိုင်းကို
စိတ်မပါစွာထိုင်ပြောနေရသည်။ဘယ်လောက်တောင်လုပ်စားထားတဲ့ဗိုက်မို့လဲမသိဘူး ပူနေတဲ့ဗိုက်နဲ့အဆီတဝင်းဝင်းမျက်နှာနဲ့လူက သူ့ဦးလေးတဲ့လေ။အော့အန်ချင်စရာကောင်းလိုက်တာ။
"ကဲ ငါတို့ဘယ်လိုဆက်လုပ်ကြမလဲ ဒီဒီ!မင်းလက်ထဲမှာသားကောင်လည်းရနေပြီပဲ!"
"ငါတို့! ငါတို့ဟုတ်လား ဒီပွဲမှာ ခင်ဗျားနဲ့တွဲလုပ်နေတဲ့ကိစ္စတစ်ခုမှမပါဘူး!ကျုပ်က သီးသန့်ခွဲထွက်နေတဲ့အရိုင်းစိုင်းဂိုဏ်းလေ ဘာလဲ ခင်​ဗျားပါ အရိုင်းစိုင်းဖြစ်ချင်တာလား"
"ဘာကွ!ကိုယ့်ဦးလေးကို ဘာလို့ရိုင်းနေတာလဲ အိုက်ဒီတမ်ဆေးလ် မင်းတို့မိဘတွေသေသွားတည်းက ငါကျွေးမွေးလာခဲ့တာကွ!စေတနာကို မစော်ကားနဲ့!"
"လီးပဲ!ကျုပ်မိဘတွေကိုသတ်တာ ဘယ်ခွေးဝဲစားမို့လဲဟမ်!!"
ဝတုတ်နေတဲ့လူရဲ့အင်္ကျီကော်လံကိုဆွဲမပြီး ပြောတော့ နှစ်ဖက်စလုံးရဲ့လူတွေက အသင့်နေထားတွေဖြစ်ကုန်သည်။
"ခင်ဗျားကို အခွင့်ရေးတွေအများကြီးပေးခဲ့ပြီးပြီ!ဒယ်ဒီတားခဲ့တဲ့စကားတစ်ခွန်းကြောင့်မဟုတ်ရင် ခင်ဗျားကိုအစောတည်းကသတ်ပစ်ပြီးပြီ သိလား!လီးပဲ ဒါတောင်စောက်​ကျေးဇူးကန်းပြီး ကျုပ်အစ်ကိုကိုလူသတ်သမားဖြစ်အောင်ထပ်ခိုင်းတယ်ပေါ့!လီးပဲ ချီးစားပြီးကြီးလာတဲ့စောက်ဝက်သိုးကောင်!"
အိုက်တမ်မျက်နှာကြီးနီရဲလာကာ ဒေါသအရှိန်နဲ့တစ်ကိုယ်လုံးတုန်တက်လာပြီး အကြောတွေးပါထောင်ထလာသည်။ဒီဝက်ကောင်ကြောင့် ဒယ်ဒီတို့သေရတာ။ဒီ​ဝက်လောဘကြီးခဲ့လို့။အဲ့နေ့ဖြစ်ပျက်သမျှအကုန် သူအတိုင်းသားမြင်နေခဲ့ပြီးသား။ဒီဝက်ကောင်က ကြေးစားဂိုဏ်းတစ်ခုနဲ့ရှုပ်မိပြီး ပြသနာအကုန် အိမ်တော်ကိုပုံချသွားတာ။အဲ့နေ့က ဒယ်ဒီတို့အသတ်ခံရတာကို အဝတ်ဗီရိုထဲကနေ အတိုင်းသာမြင်နေခဲ့ရတာ။လူသတ်သမားတွေထွက်သွားပြီးနောက်မှ ဒယ်ဒီသေလုမျောပါးဖြစ်နေရင်းနဲ့
' ဒီဒီ မင်းဦးလေးကိုအပြစ်မတင်ပါနဲ့'တဲ့။သူဒီမတရားမှုအတွက် သုံးပွင့်ဆိုင်အိမ်​တော်ကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့တယ်။သူတို့ကပယ်ချလိုက်တဲ့အပြင် ဦးလေးရဲ့လက်ဝါးကြီးအုပ်မှုကိုပါ
ဘာမှမပြောခဲ့ဘူး။ကလေးတုန်းကအတွေးက သုံးပွင့်ဆိုင်အိမ်တော်ဆိုတာ တရားမျှတမှုအရှိဆုံးမို့ သူအားကိုးတကြီးအကူညီတောင်းခဲ့ခြင်းဖြစ်သည်။ဒါပေမယ့် ဘာမှထူးမလာတဲ့အပြင် သူတို့ညီအစ်ကို၂ယောက်ရဲ့ဘဝကပိုဆိုးလာတာပဲရှိသည်။
"ပြန်လိုက်တော့!!ဒီနေရာက ခင်ဗျားလိုကောင်နဲ့ နဲနဲမှမသက်ဆိုင်ဘူး!"
"အဟင်းး ငါ့တူကသိပ်ဒေါသကြီးတာပဲ!ဘယ်လိုလုပ်မလဲ ငါလိုချင်တာလဲ ဒီမှာရှိနေတော့လွယ်လွယ်မပြန်နိုင်ဘူးလေ"
"အသက်ကြီးလေ စောက်ရမ်းခေါင်းမာလေပဲနော်!တသ်ခုခုလုပ်ကြည့်လိုက်လေ ကျုပ်သေရင်တောင်ခင်ဗျားကိုပါ အပါခေါ်မှာ!ဒယ်ဒီ့လိုခင်ဗျားကို ခွင့်လွှတ်မှာ မဟုတ်ဘူး!"
"ဟက်  မင်းဒယ်ဒီသေတာငါ့ပယောဂကင်းပြီးသား သူ့ရိက္ခာနဲ့သူသွားတာကွ!ငါ့ကိုအရူးလို လာစွပ်စွဲမနေနဲ့!"
"ခင်​​ဗျား!!!"
"ဒိုင်း!ဒိုင်း!ဒိုင်း!"
ကျည်ဆန်တွေ တရစပ်ပျံဝဲလာတော့ အားလုံးရှောင်ရတဲ့အနေထားဖြစ်ပြီး ရုန်းရင်းဆန်ခတ်ဖြစ်သွားသည်။ဒီအချိန်မှာ ဒီလိုမဆင်မခြင်နဲ့အလစ်တိုက်တတ်တာ နတ်ဆိုးဂိုဏ်းပဲရှိသည်။နတ်ဆိုးဂိုဏ်းကိုဘယ်သူဦးဆောင်နေလဲဆိုတာ မေးနေစရာတောင်မလို။ထင်ထားတာထက် သိတာမြန်နေတာမို့ နဲနဲတောင်ချီးကျူးမိသွားသည်။အိုက်ဒီတမ်ဆေးလ် ကျည်ဆန်တွေကို အုတ်တိုင်ကွယ်ပြီး ပြန်ပစ်နေသလို ဟိုဝက်စုတ်ကြီးလည်း ထိုနည်းလည်းကောင်းပဲဖြစ်သည်။အိုက်တမ် ကျည်ဆန်တွေကိုရှောင်ပြီး လျှိုလမ်းတစ်ခုကြားပြေးဝင်လိုက်သည်။သူ ယိုယိုဆီသွားမှဖြစ်မည်။
အသံတွေဆူညံနေတာမို့ ယိုယိုကြောက်နေလိမ့်မည်။သို့ပေမယ့် သူ့ကိစ္စကိုတော့အရင်ရှင်းရမည်။ဒါမှ သူ့ရဲ့လက်စားချေတဲ့ကိစ္စအဆုံးထိအောင်မြင်မှာ။

3 in 1❤️Where stories live. Discover now