Part11

199 4 0
                                        

"လူပါးဝလို့ ဖီးနပ်အိမ်တော်ရဲ့လူကိုထိရဲတယ်ပေါ့!"မေးရိုးကိုတင်းနေအောင်ညစ်ပြီး တမာန်ကခက်ထန်စွာမေးသည်။
"ဘယ်တုန်းက သူကဖီးနပ်အိမ်တော်ကပိုင်သွားတာလဲ မင်းအစ်ကိုနဲ့တွဲတုန်းကအဲ့လောက်ကာကွယ်ပေးတာမျိုး မတွေ့ဖူးဘူး"
"အဲ့တော့ဘာဖြစ်ချင်လဲ"
"ဟင့် ဘာလို့လဲ သူကဘာတွေကောင်းနေလို့ ငါ့ကိုလက်ပါတာလဲ မာန်!"ရဲမာန်ငြိမ်းရဲ့အမေးကို မင်းသွေးတမာန်က စိတ်ပျက်ဟန်နဲ့ကြည့်သည်။ချစ်ခဲ့တဲ့သက်တမ်းတစ်လျှောက်မှာ သူ့အပေါ်ကို မာန်ကလက်ကျန်သံယောဇဥ်လေးတောင်ဖျက်လိုက်တဲ့ပုံပေါ်နေသည်။
"အစ်ကိုမင်းကိုမမေ့နိုင်ဘူး အစ်ကိုမင်းကိုချစ်နေတုန်းပဲ တောင်းပန်ပါတယ် အစ်ကိုတို့ပြန်တွဲရအောင်နော် မာန်မကြိုက်တာဘာမှမလုပ်တော့ဘူးလေ နော်"ညက မစဥ်းစားဘဲလုပ်လိုက်မိတဲ့အမှားမို့ ခွင့်လွှတ်ပေးဖို့ရာ ရဲမာန်ငြိမ်းထပ်တောင်းဆိုလိုက်ပေမယ့်လည်း
"သွားစမ်းပါ!ရဲမာန်ငြိမ်း ဒီတစ်ခါကျုပ်အိမ်တော်ကလူကိုထိတာနောက်ဆုံးဖြစ်ပါစေ!ကျုပ်ရှေ့မပေါ်လာနဲ့ နောင်တရအောင်လုပ်ပေးမှာဆိုတာယုံလိုက်!"
"မာန်!"ကြမ်းတမ်းစွာဆောင့်တွန်းပြီး ကျောခိုင်းထွက်လိုက်သည်။ကလေးအထာတွေ!လက်ရှိအီစီကလီရိုက်နေတဲ့ဇယားတောင်မရှင်းသေးဘဲနဲ့များမင်းသွေးတမာန်ကို ဂွင်ဖန်ချင်နေသေးတယ်။ပွဲမှာတုန်းကသတ္တိကောင်းပြီးချစ်ဆန်းယိုကိုဆေးခပ်ခဲ့တဲ့သူမဟုတ်တဲ့အတိုင်းပဲ။

မနက်လင်းလျှင် ချစ်ဆန်းယိုစောင်ပုံထဲမှမထွက်ရဲသေးပါ။ဘယ်အခန်းထဲရောက်နေလဲမသိသလိုညကအဖြစ်ပျက်တွေက ယိုယိုမသဲမကွဲပေမယ့်လည်းမှတ်မိနေတာမို့ရှက်နေတာလည်းပါသည်။ဘယ်လိုလုပ်သူ့ထက်၆နှစ်ငယ်တဲ့ကလေး၃ယောက်နဲ့သွားရှုပ်မိတာလဲ။မဟုတ်သေးဘူး အသက်ပဲငယ်တာ ဟိုဟာတွေကမငယ်တော့ဘူး။
"အားး ရှက်လိုက်တာ ယိုယိုရာ မင်းတော့သက်ငယ်မုဒိန်းမှုပဲ သက်ငယ်မုဒိန်းမှု"
"ဒါနဲ့ ငါတစ်ခုခုမေ့နေသလိုပဲ  ဟင်  ယုယတင့်တယ်"ဆက်အိပ်နေဖို့မဖြစ်နိုင်တော့။သူငယ်ချင်းမလေးကိုပွဲမှာတစ်ယောက်တည်းပစ်ထားခဲ့တာ။တစ်ညလုံးလည်းဆက်သွယ်ဖို့သတိမရခဲ့ဘူး။ချက်ချင်းထပြီး ရေချိုးခန်းရှာကာ မျက်နှာကပျာကယာသစ်လိုက်သည်။အခန်းတံခါးဖွင့်လိုက်လျှင် ကြီးကျယ်ခမ်းနားတဲ့အပြင်ဆင်တွေကကြိုဆိုသည်။ဒါမယ့် ယိုယိုအာရုံမစိုက်နိုင်။ထွက်ပေါက်ကိုပဲအလောတကြီးရှာပြီး တွေ့သည်နှင့် အမြန်ပြေးတော့သည်။ဗီလာဧည့်ခန်းထဲက တီဗွီကြည့်နေတဲ့ ဘုန်းလျှံနဲ့ နံနက်စာအတွက် ပေါင်မုန့်မီးကင်နဲ့ယိုပုလင်ယူပြီးမီးဖိုဆောင်ကနေထွက်လာတဲ့ ရိုးစေတန်တို့ကို တစ်ချက်တောင်လှည့်မကြည့်သွားချေ။ဘုန်းလျှံက
"ဒါရှက်လို့ထွက်ပြေးသွားတာလား ငါတို့ကိုမမြင်ချင်ယောင်ဆောင်ပြီးတော့"
"အင်း ဖြစ်နိုင်တယ်"
.   .   .    .    .   .  .  .  .  .  .  .  .  .   .  .
ယိုယိုအိမ်ပြန်ရောက်လျှင် အမေကအဲ့လောက်မဟုတ်ပေမယ့် ယုယက သူ့ကိုမြင်တာနဲ့ ငိုနေတော့တာမို့ ယိုယိုစိတ်မကောင်းတော့။ဒါပေမယ့်လည်းညကအဖြစ်ပျက်တွေကိုပြန်ပြောပြဖို့ကလည်းမဖြစ်နိုင်ပေ။
"ငါက  နင်ထိခိုက်တဲ့ထဲများပါသွားပြီလားလို့ အီးဟီးဟီး ဆေးရုံးထိလိုက်ရှာသေးတယ် အင့် မတွေ့လို့စိတ်အေးရမလားလို့ အင့် နင်ကတစ်ညလုံးပျောက်သွားသေးတယ် အင့်အင့် ငါဘယ်လောက်စိတ်ပူလိုက်ရလဲ ဟီးဟီး!"
"ငါတောင်းပန်ပါတယ်ဟာ ဟိုသေနတ်သံတွေကြားတော့ ငါ့အသိတစ်ယောက်လာကယ်သွားလို့နင့်ဆီဖုန်းဆက်မလို့ပဲဖုန်းကမရှိတာနဲ့ မဆက်လိုက်ရတာ"
"အီးးဟီးဟီး ငါတစ်ညလုံးမအိပ်ရသေးဘူးသိလား အန်တီမေလည်း တစ်ညလုံးထိုင်စောင့်နေတာ ရဲစခန်းမှာလူပျောက်တောင်သွားတိုင်ထားပြီ နင်မကောင်းတဲ့ကောင် ဟီးးး"
"ယု ဘာလို့ငိုနေတာလဲ"သူစိမ်းတစ်ယောက်ရဲ့အသံကြောင့် ယိုယိုရဲ့အကြည့်ကထိုလူဆီရောက်သွားသည်။လက်ထဲမှာစားစရာတွေကိုင်ထားတဲ့ထိုလူကလည်း ယိုယို့ကိုမြင်သည်နှင့်မျက်မှောင်ကျုံ့သည်။
"ခင်ဗျားး အိုင်ဂျွန်!"
"မင်း!"
"ဟင့် ဦးနဲ့သိတာလား ဦးကညတုန်းကငါ့ကိုကယ်ထုတ်ပေးခဲ့တာ"သူငယ်ချင်းမလေးရဲ့ကျေးဇူးရှင်ဖြစ်နေလို့ ယိုယို စိတ်လျှော့လိုက်သည်။သို့ပေမယ့်
"ကျွန်တော်ပြန်လာပြီမို့ ခင်ဗျားပြန်တော့!"
"မင်းနဲ့ယုကဘာတော်လို့လဲ"
"မရှိမဖြစ်သူငယ်ချင်းတွေ ခင်ဗျား ယုယနဲ့ဝေးဝေးနေ!"
"ဟက်!"အိုင်ဂျွန်ကယိုယို့ကိုတော့မကြည်ကြည့်ကြည့်ပေမယ့် ယုယကိုတော့ပြုံးပြုံးဖြင့်
"ယု ကိုယ်စားစရာတွေဝယ်လာတယ် ညကလည်းဘာမှမစားထားဘူးမလား စားပြီးရင် အိပ်ရေးဝအောင်ပြန်အိပ်အုံးနော် ကိုယ်နဲ့လုပ်မယ့်projectအတွက်အေးဆေးမှတွေ့မယ့် ကိုယ်ကယုကိုပဲဦးစားပေးမှာ"
"ဟုတ်ကဲ့ ဦး ကျေးဇူးတင်ပါတယ်"
"ဒါဆို ကိုယ်သွားမယ် ယု"အိုင်ဂျွန်က ယိုယို့ကိုတစ်ချက်ကြည့်ပြီးသည်နှင့် အိမ်ရှေ့ရပ်ထားတဲ့အကောင်းစားကားကြီးကိုစီးပြီး မောင်းထွက်သွားသည်။
"ယုယ အိုင်ဂျွန်နဲ့ဝေးဝေးနေ အဲ့လူကြီးကမကောင်းဘူး"
"ယိုယို ဦးလေးအရွယ်ကိုနာမည်တပ်ခေါ်စရာလား ဦးကတစ်ညလုံးငါတို့ကိုကူညီပေးခဲ့တာ မကောင်းတဲ့သူမဟုတ်ပါဘူး"
"ဟင့် နင်ဘာမှမသိဘဲနဲ့"ပွစိပွစိပြောလိုက်တော့ အမေကလည်း
"ကောင်စုတ်လေးနော် နောက်တစ်ခါဒီလိုထပ်မလုပ်နဲ့တော့ ယုယလေးကတာဝန်ယူပြီးခေါ်သွားရတာမို့ ဘယ်လောက်တောင်ပူပန်နေရလဲ ကိုယ်ချင်းစာ ညကအဆင်ပြေပြေရောရှိနေခဲ့လား ဘယ်ကအသိနဲ့သွားနေခဲ့တာလဲ"အမေကရိုးရိုးတာမေးလိုက်ခြင်းပေမယ့် ညကမြင်ကွင်းကိုပြန်မြင်ပြီး တစ်ကိုယ်လုံးပူတက်သွားသည်။
"ဟဲ့ ဒီကလေးဟာလေ သွားသွား ရေချိုးချေအုံး ပြီးရင် မနက်စာစားမယ်"
"ဟုတ် အမေ ယုယ ငါတကယ်တောင်းပန်တယ်နော်"
"အွန်းး နင်ဘာမှမဖြစ်ရင်ရပါပြီ သွား မြန်မြန်ရေချိုးခဲ့တော့"အမေနဲ့သူငယ်ချင်းမလေးကိုနှုတ်ဆက်ပြီးတာနဲ့ ယိုယိုရဲ့အိပ်ခန်းလေးထဲဝင်လိုက်သည်။
"ဟုတ်သားပဲ ယုယချုပ်ပေးထားတဲ့ဝတ်စုံကျန်နေခဲ့တယ် ဟင်းး ငါဘယ်လိုသူတို့နဲ့မျက်နှာချင်းဆိုင်ရမလဲ ရှက်လိုက်တာ"အညိုလုံးလေးမှာ မျက်နှာပူပူနဲ့ ရေချိုးကန်မှရေတွေတဝုန်းဝုန်းခပ်ချိုးတော့သည်။

3 in 1❤️Where stories live. Discover now