"ဒီအလုပ်ကိုလုပ်မှာသေချာလား ချစ်ဆန်းယို"
"သေချာတယ် ကိုအာကာ ဒီတလောပိုက်ဆံအရမ်းလိုအပ်နေတာမို့"
"အေးကွာ မင်းလိုချောချောလှလှတွေဆိုရင်ဒီကလပ်မှာအကောင်ကြီးကြီးကိုဆွဲမိနိုင်ရင်တစ်ဘဝလုံးစာဖူလုံနိုင်တယ်ကွာ ဒါမယ့် ငါကမင်းကိုမလုပ်စေချင်ဘူး သေချာလေးပြန်စဥ်းစားပေါ့ ငါ့ညီရ"ကိုအာကာအပြောကြောင့်ယိိုယိုတစ်ချက်ပြန်တွေးမိရသည်။ယိုယိုရဲ့သိက္ခာကိုပေါင်နှံပြီးရင်းရမယ့်အလုပ်ဖြစ်တာမို့ ယိုယိုပူပန်မိပေမယ့် ယိုယိုမှမရင်းနှီးရင် မဖြစ်။ဒါကြောင့်မနေ့ကတစ်ညလုံးစဥ်းစားထားပြီးတာနဲ့ ဒီနေ့ကိုအာကာရှိတဲ့ကလပ်ဆီတန်းလာခဲ့လိုက်သည်။ဂိုက်ပြတာကတော့ဒီနေ့တစ်ရက်ပိတ်ထားလိုက်သည်။
ဟို၃ယောက်ကပျော်နေမှာအမှန်။
"တကယ်လို့ အတင်းကြပ်ခိုင်းခံရရင် ငါ့ညီဘက်ကသဘောမတူဘဲတစ်ခုခုလုပ်ရင်အရေးပေါ်ဘဲလ်သာနှိပ်လိုက် အကိုတို့ပြေးလာခဲ့မယ်ဟုတ်ပြီလား အတတ်နိုင်ဆုံးတော့အီစကလီရိုက်ရမှာပေါ့ ကိုယ့်အတွက်အရေးကြီးတာဒါပဲမလား"လက်မနဲ့လက်ညှိုးကိုဝိုင်းပြပြီးငွေပုံစံလုပ်ပြလာသည်။ယိုယိုခေါင်းငြိမ့်ပြလိုက်သည်။အတတ်နိုင်ဆုံးသည်းခံရမည်။
"ခွမ်း"သီးသန့်clubroomထဲမှ ဖန်ခွက်ကွဲသံကကျယ်လောင်စွာထွက်လာသည်။
"ဒါလေးခိုင်းတာကို စောက်ချိုးကမပြေဘူး မင်းတို့လိုကောင်တွေက ပိုက်ဆံတော့ရချင်တယ် စောက်မာနကကြီးသေးတယ် ဟမ်!"မျက်နှာဆိုးကြီးနဲ့ လူကအော်ဟစ်သောင်းကျန်းနေတာမို့ ယိိုယိုတို့လိုဝန်ထမ်းလေးတွေ ထောင့်မှာကပ်ကုန်သည်။အဆူခံနေရတဲ့ ကောင်လေးကလည်း ကြမ်းပြင်ပေါ် ဒူးထောက်ရက်ကြီး။
"လာခဲ့!သေချာပြန်ပြုစုပေး!မင်းပါးစပ်ကိုကောင်းကောင်းအသုံးချတတ်မှ ငါကပိုက်ဆံပေးရတာတန်မှာပေါ့ ဖာကောင်ရ!"ထိုလူကြီးရဲ့အပြောကို ယိိုယို တအားကိုရွံသွားသည်။တစ်ဝိုင်းထဲထိုင်နေတဲ့လူတွေကလည်း အဲ့လူအပြောကို ထောက်ခံပြီး တဟားဟားနဲ့။အပြောခံရတဲ့ကောင်လေးနေရာမှာ သူသာဆိုရင်ရော။မဖြစ်ဘူး!အခုချက်ချင်းအလုပ်ထွက်မယ်!
"ဟေ့!အဲ့တာဘယ်လဲ !ရပ်စမ်း"ယိုယိုတံခါးပေါက်ဆီလက်လှမ်းနေတာမြင်တော့ သူတို့ထဲကတစ်ယောက်က လှမ်းအော်တားသည်။ဒီလိုအချိန်ဆို ယိုယိုခြေနဲ့လက်က ယိုယို့ထက်တောင် ကြောက်ပြီးလျင်သေးသည်။အလုံပိတ်တံခါးကြီးကို အားရပါးရဆွဲဖွင့်ပြီး တန်းနေအောင်ပြေးတော့သည်။ဒီroomတွေထဲမှာcctvမရှိ။floorဖက်ရောက်ရင်တော့cctvအပြင်securityတွေနဲ့ပါတွေ့နိုင်သည်။ထိုလူတွေကလည်း clubနဲ့ပြသနာတက်မည်ဆိုး၍ထင့်။အနောက်ကနေ ၃ယောက်ကအတင်းလိုက်သည်။clubroomတွေပြီးရင် dancingfloorကို ရောက်တာမို့ ကခုန်နေတဲ့လူတွေကြားထဲ ယိုယို့ကိုဖမ်းမမိသွားဖို့မျှော်လင့်ရသည်။ဒီအချိန်ဆိုsecurityတွေကဘယ်နားသွားသေနေကြလဲမသိ။လူတွေကြား ဟိုးတိုးသည်ဝှေ့ဖြစ်ပြီးနောက် ယိုယိုကိုယ်ခြေထောက်နဲ့ကိုယ် ခြေချိတ်လှဲလေသည်။ယိုယိုလှဲသည်နှင့် လူတွေက ဘေးကိုရှဲကုန်ကြတော့ အနောက်ကလူတွေက ယိုယို့ကိုအလွယ်တကူပင်မိသွားခဲသည်။ဘေးလူတွေရဲ့အကြည့်တွေကို ထိုသူတွေက
"ကိုယ်တို့လူပါ နဲနဲမူးနေလို့ ပျော်စရာရှိတာဆက်ပျော်ကြပါ"ဟူ၍ ဖြန်ဖြေတော့ သူတို့ကိစ္စကို အာရုံမထားကြတော့ပါလေ။ယိုယို့ကို ညှက်ပြီး ခေါ်ထားတဲ့အပြင် ခါးမှာထောက်ထားတဲ့ ဓားထိပ်ကြောင့် ယိုယို့ တစ်ကိုယ်လုံးကြောက်စိတ်နဲ့တုန်ယင်နေတော့သည်။ယိုယိုဟာ ဒီလောကထဲကနေ တိတ်တိတ်လေးပျောက်ကွယ်သွားရတော့မယ့်အဖြစ်ကို တွေးပြီးအလွန်စိတ်မကောင်းဖြစ်သွားသည်။အမေတော့ ယိုယိုပျောက်လို့ဆိုပြီး တငိုငိုဖြစ်နေတော့မည်။မမလည်း ယိုယို ပိုက်ဆံထုပ်လေးပိုက်ပြီးပြန်လာတာကို တမျှော်မျှော်ဖြစ်နေတော့မည်။ယိုယိုမရှိတော့ရင်တောင် လောကကြီးမှာပျော်ပျော်နဲ့အသက်ရှင်ပါ မေမေနဲ့မမရေ။
"အာ့!ငါလိုး"အတွေးရေယာဥ်နဲ့ အဆွေးမြောပြီး မျက်ရည်လေးခိုးကျနေရှာတဲ့ ယိုယိုမှာ ဘေးကလူရဲ့ဆဲသံကြောင့် အိပ်ရာကနှိုးလာတဲ့လူလို ကြောင်အမ်းအမ်းလေးဖြစ်သွားသည်။တီးလုံးသံတွေပိတ်သွားပြီး ယိုယို့ဘေးနားက လူတွေလည်း ဘေးကိုရှဲကုန်ကြသည်။ယိုယို့ကိုအတင်းညှက်ထားတဲ့ လူ၃ယောက်က ကြမ်းပြင်ပေါ် အတုံးအရုံး။ရိုးရိုးလဲတာမဟုတ်။ကိုင်ပေါက်ခံလိုက်ရတာဖြစ်ပြီး 'ချလွင်'ဆိုတဲ့အသံနဲ့ ဓားလွှတ်ကျသံပါကြားရတာဖြစ်သည်။ပြီးတော့ ယိုယိုက ရင်ခွင်တစ်ခုထဲမှာရောက်နေတာ။
"စောက်အာရုံပဲ!" ဟင်!ရင်းနှီးလွန်းတဲ့အသံတစ်ခု။ယိုယိုမျက်နှာလေးကို မော့ကြည့်လိုက်လျှင် ယောက်ျားဆန်တဲ့မျက်နှာချောချောနဲ့ရိုးစေတန်။စေတန်ကလည်း ယိုယို့ကိုငုံ့ကြည့်လိုက်တော့ ထိကပ်သွားတော့မယောင် နှုတ်ခမ်းဖျားနဲ့ယိုယို့နဖူးလေးတွေ။စက္ကန့်ပိုင်းလေးအတွင်းပဲကို ယိုယို့ရင်ထဲလိပ်ပြာအကောင်တစ်သန်းလောက် ပျံသွားသလိုကို ခံစားရသည်။
"အဲ့ကောင်တွေ blacklistထဲသွင်းလိုက်!ပြီးတော့ ဒီနေ့securityတွေအကုန်အလုပ်ထုတ်ပစ်!စောက်သုံးမကျချက်ပဲ ကိုယ့်ဝန်ထမ်းတစ်ယောက်လုံး ခြိမ်းခြောက်ခံနေရတာကို စောက်မျက်လုံးတွေကန်းနေကြလား ဟမ်!"ဘေးရောက်လာတဲ့ ဆိုင်မန်နေဂျာကိုဒေါသတကြီးအော်ပြောနေတာမို့ ရင်ဘက်ကြီးကလည်း လှုပ်ရှားနေသည်။ယိုယိုကအခွင့်ရေးယူတာတော့မဟုတ်။ခြေထောက်တွေမခိုင်တော့တာမို့ ထိုလှုပ်ခက်နေတဲ့ရင်ခွင်ထဲမှာ အားကိုးတကြီးနဲ့မှီတွယ်ထားလိုက်ရသည်။
"cctv roomထဲကသေနေတဲ့ကောင်တွေလည်း အလုပ်ထုတ်ပစ်!ခင်ဗျားကိုပါလစာလျော့ပြီမှတ်!"လက်ညှိုးနဲ့ထိုးပြီး သတိပေးမျက်ဝန်းတွေက လုံးဝကို မီးတောက်နေသည်။ပြောစရာရှိတာပြောပြီးသည်နှင့် ရင်ခွင်ထဲအားပါတရမှီနေတဲ့ ဂိုက်ဆရာပေါက်ကို ပညာပြချင်၍ ကိုယ်ကိုရုန်းထွက်လိုက်ပြီး နောက်ကိုလှည့်မကြည့်တော့ဘဲ clubရဲ့အပေါ်ထပ်က သူ့ရဲ့သီးသန့်ခန်းကို တက်လိုက်သည်။floorပေါ်နောက်တစ်ကြိမ်ပစ်ကျသွားတဲ့ ချစ်ဆန်းယိုမှာ မီးညှောင်းရိုးလေးအောင့်သွားရသည်။
"အယား!သေပါပြီဟ"နောက်တောင်လှည့်မကြည့်သွားတဲ့ကျောပြင်ကြီးကိုကြည့်ပြီး ယိုယိုလက်သီးဆုပ်လေးနဲ့ လေထဲကနေလှမ်းထိုးလိုက်သည်။
"အကျင့်ပုတ်!ရုပ်လေးချောသလောက် စာနာစိတ်ကိုမရှိဘူး"တံတောင်ဆစ်လေးကိုရောပွတ်ရင်း ပုံမှန်အတိုင်းပြန်စည်ကားသွားတဲ့ clubကြီးကိုကျောခိုင်းလို့ ယိုယိုတစ်ယောက် ပထမညမှာတင် အလုပ်ထွက်ခဲ့လိုက်လေသည်။
YOU ARE READING
3 in 1❤️
Фэнтезиချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
