part14

195 3 0
                                        

ချစ်ဆန်းယို၏အိမ်၌။
အမေရယ် ယိုယိုရယ် ရိုးစေတန်ရယ် ယုယတင့်တယ်ရယ် အိုင်ဂျွန်ဆိုတဲ့လူကြီးရယ် ၅ယောက်ဆုံသွားတဲ့ထမင်းဝိုင်း။တစ်ချက်တောင်မပြုံးတဲ့သခင်လေးကြောင့် ထမင်းဝိုင်းလေးကအနေခက်စွာပင် စားသောက်ပြီးစီးသွားသည်။သေချာကြည့်မယ်ဆိုရင် ယိုယိုရဲ့ပါးတွေနီဆွေးဆွေးဖြစ်နေတာရောတွေ့ပါလိမ့်မည်။ထူးဆန်တဲ့အခြေနေတစ်ခုကော အတူတူဖြတ်သန်းထားတာတောင် ထိုသခင်လေးကခပ်တည်တည်ပင်။'ဒါဟာရှက်စရာမဟုတ်ဘူး အချင်းချင်းကူညီတာ'လို့ပြောပေမယ့်လည်း အခုဆို သခင်လေး၃ယောက်နဲ့တွေ့တိုင်း နေရခက်နေတော့မည်။
စားသောက်ပြီးတော့ ပန်းကန်တွေသိမ်းဆည်းတာကို ယုယကကူပေးသည်။အိုင်ဂျွန်ကမေမေနဲ့စကားပြောနေပြီး ရိုးစေတန်ကတော့ ဖုန်းပြောအုံးမယ်ဆိုပြီး ခြံထဲဆင်းသွားသည်။
"ဟဲ့ နင့်ဟာက ၁၀တန်းကျောင်းသားရောဟုတ်ရဲ့လား တအားထွားတာပဲ"
"မနှစ်က၁၀တန်းအောင် အောင်မဖြေဘူးလေ ဒီနှစ်မှပြန်ဖြေတာ စာကတအားတော်တယ် ဘာလို့ကျတာလဲ ငါတောင်စဥ်းစားနေတာ"
"ငါအဲ့ရုပ်ကိုရင်းရင်းနှီးနှီးမြင်ဖူးတယ် ဒါမယ့်တွေးလို့မရဘူး"
"မြင်ဖူးမှာပေါ့ ဖီးနပ်အိမ်တော်ကလေ"
'ဟင်"
"အာ!"ပါးစပ်ကလွှတ်ခနဲထွက်သွားပြီးမှ တားရန်မမှီလိုက်တော့။ယုယကသူရှိရာဆီပိုတိုးကပ်လာပြီး
"ဟမ် တကယ်ကြီးအဲ့အိမ်တော်ကသခင်လေးလား ဒါကြောင့်ငါမြင်ဖူးနေတာ အတော်ချောတယ်နော် ယိုယို နင်ငါ့ကိုအဲ့မှာလုပ်နေတာ လုံးဝမပြောပါဘူး"
"အယ် ဒီတိုင်းစကားမစပ်မိတော့"
"အေးပါ နင်ကငါ့ကိုတောင်လျှိုနေပြီပဲကို ရပါတယ်"
"မဟုတ်ပါဘူး  ယုယရယ် ငါprivacyကိုထိန်းပေးပါမယ်လို့ကတိပေးထားရလို့ပါ တောင်းပန်ပါတယ် နော် နော် "
"အင်း ဟုတ်သားပဲ နင်အဲ့အိမ်တော်မှာလုပ်ရတာဆိုတော့ စည်းကမ်းတော့သိပ်တင်းကျပ်မှာပဲ နင်အဆင်ပြေရဲ့လား"
"အင်း ငါအဆင်ပြေပါတယ်"
"ဟင် ယိုယို နင့်လည်ပင်းမှာ!"
"ဘာကြီးလဲ"လက်သွက်တဲ့ယုယက အင်္ကျီလည်ဂုတ်ကို ဆွဲလှပ်တော့ လည်ပင်းအစပ်နားက အနီရောင်အကွက်ကြီးပေါ်လာသည်။
"အကောင်ကိုက်တာလား!အကွက်ကြီးကအကြီးကြီးပဲ"
"ဟုတ် ဟုတ်တယ် ဟိုဟာ ဘာအကောင်လဲမသိဘူး အကောင်အကြီးကြီးကိုက်သွားတာ"
"သတိထားပါအုံး ယိုယိုရယ် နင်လည်းဖြစ်လိုက်ရင်အဆန်းနော်"
"ဟွန် ငါ့ပဲပြောနေ ဟိုလူကဘာလို့ပါလာတာလဲ အဲ့လူနဲ့တွဲသွားတွဲလာမလုပ်စမ်းပါနဲ့ဆိုတာကို"
"projectသွားဆွေးနွေးပြီးအပြန်လိုက်ပို့ပေးရင်းနင့်ဆီတန်းဝင်လာတာ အန်တီမေကလည်းထမင်းစားဖို့ကြည်ကြည်ဖြူဖြူခေါ်တယ်လေ နင်ပဲဖြစ်နေတာ ပြီးတော့ ဦးကလူကောင်းပါဟ "
"ကျွတ် နင်ဘာမှမသိဘူးနော်"
"တော်ပြီအဲ့ကိစ္စဒီမှာပဲရပ်တော့ ဦးနဲ့ကprojectရှေ့လျှောက်လက်တွဲဖို့ရှိသေးတာမို့ နင်ငါ့ကိုခနလောက်လေး မသိချင်ယောင်ဆောင်ပေး  နော်သူငယ်ချင်း"ယိုယိုလည်းဘာမှပြောမနေတော့ပါဘူး။သူငယ်ချင်းမလေးအန္တရာယ်ကင်းအောင်သာ ယိုယိုကာကွယ်ပေးမှပါလေ။

3 in 1❤️Where stories live. Discover now