part26

90 3 2
                                        

ယိုယို ဖီးနပ်အိမ်တော်ရဲ့ ဧည့်ခန်းထဲမှာ ဘာဖြစ်သွားမှန်းမသိတဲ့အခြေနေကို ပြန်တွေးယူနေရသည်။လက်ထဲကပေါက်ပေါက်ဗူးကလည်းပိုက်ထားလျက်သား။စွပ်ဖိနပ်လေးတောင် မပါခဲ့တဲ့ယိုယိုပါလေ။

"အစ်ကို ရေခဲမုန့်စားမလား ပြင်ခိုင်းလိုက်မယ်လေ"မင်းသွေးတမာန်က အခြေနေကိုအရင်မရှင်းပြဘဲ ဆိုလာတဲ့စကား။

"နေပါအုံး ဘာဖြစ်လို့ ဝုန်းဒိုင်းကြီးလုပ်ကြတာလဲ ငါဘယ်လောက်လန့်သွားလဲ သိလား"

"ဦးပု ရေခဲမုန့်သွားပြင်လိုက်ပါအုံး အစ်ကိုစားရအောင်"

"ဟင် ဦးပုရောရောက်နေတာလား"

"ဟုတ်တယ် ဆရာလေး"

"ဦးပုပဲမဟုတ်ဘူး ဦးနှောင်းလည်းရောက်နေပြီ အနားယူနေကြတယ် အစ်ကိုလည်းနားအုံး ပြီးမှတွေ့ပြီးစကားပြောကြတာပေါ့"တမာန်ကပြုံးပြီးပြောလာတော့ ယိုယိုခေါင်းငြိမ့်လိုက်သည်။

ဦးပုက ​ရေခဲမုန့်ယူဖို့ထွက်သွားတော့မှ အလန့်တကြားလုပ်တဲ့ သခင်လေးတွေကိုပြန်ကြည့်ဖို့သတိရတော့သည်။

"ဟို ရုပ်ရှင်ရုံထဲမှာဘာဖြစ်လို့လဲဟင်"အပေါ်ဝတ်ယူလာပေးတဲ့စေတန်က ကိုယ်လုံးပေါ်ခြုံပေးပြီး ဘေးမှာဝင်ထိုက်သည်။ပြီးမှ ယိုယိုအမေးကိုဖြေသည်။

"ချိန်းထားတယ်ဆိုတာရုပ်ရှင်သွားကြည့်တာကို အစ်ကိုက ရုပ်ရှင်ကြည့်ရတာကြိုက်တာလား ဟင်"

"အမ် ကြိုက်တယ်ရယ်လည်းမဟုတ်ပါဘူး အိုက်တမ်နဲ့ချိန်းထားလို့ "

"နောက်ခါ ကိုယ်တို့နဲ့အတူတူကြည့်ရအောင် တစ်ယောက်တည်းမသွားနဲ့တော့ သူစိမ်းတွေနဲ့အတူရှိတာမျိုး ကိုယ်မခံစားနိုင်ဘူး"

အချိုသာဆုံးဆိုလာတဲ့စကားသံကြောင့် မွှေးညှင်းတွေတောင်ထောင်သွားတဲ့အထိ ယိုယိုခံစားလိုက်ရသည်။လိမ်ညာနေတာမဟုတ်ကြောင်းမျက်ဝန်း

တွေက ပကတိဝန်ခံနေပြီး အကြည့်တွေထဲမှာတောင် အချစ်တွေယိုဖိတ်နေပုံရသည်မို့ ခပ်ကြောင်ကြောင်လေးကြည့်နေမိရသည်။

"အစ်ကို"

ခေါ်သံနဲ့အတူ လူကိုဆွဲလှည့်လိုက်တဲ့တမာန်ကြောင့် ယိုယိုနဲ့အကြည့်ဆုံသွားပြန်သည်။

3 in 1❤️Where stories live. Discover now