သူငယ်ချင်းမလေးကို မြန်မာနိုင်ငံပြန်ဖို့ လေဆိပ်ထိပို့ပေးပြီးနောက် အမေ့အတွက် အားဖြည့်စာတွေလည်း ဝင်ဝယ်ရသည်။ထုံစံအတိုင်း အိုက်တမ်က ကားမောင်းတဲ့ရာထူးရထားသည်။
"ယိုယို မင်းအစ်မတွေက လာပြီတဲ့လား"
"အင်း ခွဲစိတ်ဖို့ သေချာနေပြီဆိုတော့ ငါခေါ်ထားလိုက်တယ် သန်ဘက်ခါလောက်ဆင်းလာမယ်ထင်တယ်"
"အင်း လိုအပ်တာရောရှိလား"
"မရှိပါဘူး ကံကောင်းချင်တော့ ငါ့ရဲ့အကူညီတောင်းလွှာကို လက်ခံပေးလိုက်တယ်လေ 50%လျှော့ပေးတာဆိုတော့ ငါ့အတွက်ဝန်နဲသွားတာ"
"ဟမ် အဲ့ဆေးရုံးမှာpromotionရှိတယ်မကြားမိပါဘူး 50%တောင် ရှောပေးတယ်ပေါ့"
"အွန် ငါ့ကုသိုလ်ကံနေမှာပေါ့"
"မဖြစ်နိုင်တာ"အိုက်တမ်က မယုံပေ။အဲ့ဆေးရုံနဲ့အမျိုးတော်တယ်ဆိုရင်တောင် ဖြစ်နိုင်အုံးမည်။သီးသန့်ကြီးလူတစ်ယောက်ကိုကူညီပေးနိုင်ပါ့မလား။
နေ့လည်ခင်းကြောင်တောင်ကြီး နောက်ကနေကပ်လိုက်လာတဲ့ကားနှစ်စီးကြောင့် အိုက်တမ်သတိထားပြီး ရွှေ့မောင်းနေရသည်။လူကြားထဲဘာလုပ်နိုင်မှာလဲလို့ မတွေးရဲပါ။ဤမြို့သည် ဆန်တိုရီမြို့ဖြစ်၏။ဥပဒေကိုလက်တစ်လုံးခြားပြီး အကွက်ဆုံစွာဆော့ကစားနိုင်တဲ့နေရာမျိုး။အိုက်တမ်က ဆန်တိုရီရဲ့ စီးပွားရေးရှင်ပီပီ ဤလိုအကွက်များလည်း ကြုံဖူးသည်လေ။အခုပြသနာက ယိုယို။အရေးကြုံပြီမို့ ယိုယို့ကိုဘယ်မှာမျက်ခြေဖျက်ပြီးထားခဲ့ရမလဲ အိုက်တမ်စဥ်းစားနေရသည်။ကားကို လူများတဲ့ဆီ ရွှေ့မောင်းဖို့ တွေးမိတဲ့နေရာကလည်း ဈေးပဲ။မြို့မဈေးကို ဦးတည်ရွေ့လျားပြီး ကားတန်းတွေရှိတဲ့နေရာတွေကိုလည်းရှောင်ရသေးသည်။ကားကြပ်နေလို့လည်းမဖြစ်ဘူး။
"ဘာလို့ဇောချွေးတွေထွက်နေတာလဲ အိုက်တမ် အင် ဈေးကိုပြန်လာတာလား ဘာကျန်ခဲ့လို့လဲ"
အိုက်တမ်သည် သူ့ကမ္ဘာလေးနဲ့သူ အေးဆေးနေတဲ့ ယိုယိုကို စိတ်ပဲဆိုးရမလို ငိုပဲပြရတော့မလိုဖြစ်သွားရသည်။အိုက်တမ်၏သူငယ်ချင်းလေးသည် တုံးလွန်းပါဘိ။ယိုယိုကိုဘာမှဖြေမနေဘဲ နောက်ကြည့်မှန်ကိုကြည့်ပြီး အတော်ဝေးကျန်ခဲ့တဲ့ကား၂စီးတွေ့မှ တံခါးကို အလျင်ဖွင့်ပေးလိုက်သည်။
"ဆင်း!ဈေးနောက်ဘက်ကိုသွား taxiငှားပြီး ဆေးရုံကိုတန်းသွားယိုယို မြန်မြန်သွား!"
"အယ် ဟမ်"ယိုယိုမှာ အထုပ်လေးတွေပိုက်ပြီး ခပ်ကြောင်ကြောင်နဲ့သာ ထွက်သွားတဲ့ကားကိုကြည့်ပြီး ဈေးနောက်ဘက်ကို သုတ်သုတ်လျှောက်သွားလိုက်သည်။
"အိုက်တမ်ဘာလို့ပြာယာခက်နေတာလဲ"
"ဒီကောင် ငါ့ကိုဈေးမှာပြန်လာချပေးသွားတာပဲ"
"toiletအရေးပေါ်ဖြစ်နေတာလား"
"အမ် ချွေးတွေတောင်ထွက်နေတာဆိုတော့ နေထိုင်မကောင်းလို့လား ငါ့ကိုဘာမှလည်းမပြောသွားဘူး"လမ်းတစ်လျှောက်မှာ တွတ်တွတ်ထိုးပြောနေမိပြီး တစ်နေရာအရောက်မှာ ကာဆီးထားတဲ့အရိပ်တွေကြောင့် လန့်ပြီး တန့်သွားသည်။
"အင်!"ရှေ့ကနေပိတ်ကာပြီးရပ်လာတဲ့ လူကြီးတစ်ချို့ကြောင့် ယိုယိုအထုပ်လေးကိုကျစ်နေအောင်ပိုက်လိုက်သည်။အတိတ်က ရူးမတက်ခံစားချက်တွေဟာ အာရုံမှာလင်းလင်းထင်ထင်။
ဈေးထဲကလူတွေကလည်း သိသိသာသာကိုချဲသွားပြီး ဆိုင်တွေကောက်သိမ်းတဲ့သူကကောက်သိမ်းနဲ့။ဤအခြေနေမှာ ယိုယိုဟာတစ်ယောက်တည်း။
"ဘာ ဘာ ဘာ လိုလို့ လဲ"အသံတုန်ပြီး မေးလိုက်ပြီးမှ လက်ဖျားတွေပါအေးလာသည်။
"အလှလေးများလားပေါ့ သာမာန်ရုပ်ရည်လေးပါပဲ မင်းကအဲ့ကောင်အတွက်ဘယ်နားများအရေးပါနေရတာလဲ"
"ဒီ ..ဒီ..မှာ ဘော်ဒီဘလိန်းမင်း မလုပ် ..ပါနဲ့ မေး..မေးနေတာဖြေ ဘယ်..သူတွေလဲ"
"မင်းရဲ့က လီ စာ တွေ ထုတ်ရောင်းမယ့်သူတွေလေ!"လေသံကိုဖိပြီးပြောလာတဲ့စကားနောက်
"ဗျာ!!!"လန့်သွားခြင်းက နားထင်မှာသွေးဆောင့်သွားသလားမှတ်ရသည်။မိုက်ခနဲပြာဝေသွားပြီ အမြင်အာရုံတွေဟာ မှိတ်ကျသွားလေသည်။
(A/N လန့်ပြီးမေ့သွားတာ😆)
တစ်စုံတစ်ယောက်ကထွေးပွေ့လိုက်မှန်းအသိတော့နောက်ကျသွားပြီ။တစ်စုံတစ်ယောက်ပင်မဟုတ် တစ်စုံကိုသုံးယောက်ဖြစ်၏။Longcoatနက်ပြာတွေနဲ့ ခပ်မိုက်မိိုက်သခင်ကြီး၃ယောက်။နောက်လိုက်တွေကလည်း နတ်ဆိုးအဖွဲ့ဝင်တွေဖြစ်ပြီး အကြမ်းရမ်းဆုံးအုပ်စု။တမာန်က စေတန်ပွေ့ချီထားတဲ့ အစ်ကို့ကိုကြည့်ပြီး တစ်ဖက်က မျက်လုံးပြူးနေပြီဖြစ်တဲ့ကောင်တွေကိုကြည့်လိုက်သည်။
"ဘာကောင်တွေလဲ!!"သြဇာပါတဲ့အသံအောက် ပြားပြားဝပ်သွားတဲ့လူတွေ။
"ဟို ..ဟို သုံးပွင့်ဆိုင်..ဂိုဏ်းရဲ့ အ..ပိုင်မှန်းမသိ.လို့ပါ"
"ဟွန့် နောက်တစ်ခါ တစ်နေရာတည်းမှာတွေ့ရင် အရိုးရောအသားရော အာမခံမရှိတော့ဘူး!မှတ်ထား"
"ဟုတ် ဟုတ် တောင်းး တောင်းပန်ပါတယ် သခင်ကြီးတမာန်"နောက်ခြေထောက်ပေါက်သလားမေးရအောင် ပြေးသွားတာများ တန်းနေတာပဲ။ဘုန်းလျှံက စေတန်ဆီက အစ်ကို့ကိုကြည့်သည်။
"အနီးကပ်ကြည့်ဖို့ဘယ်လောက်တောင်စောင့်ခဲ့ရလဲ တွေ့တော့လည်း တစ်ခုခုတော့ဖြစ်နေရမှ"
"အဲ့တာငါတို့နဲ့ဝေးနေလို့မရဘူးဆိုတာပဲပေါ့"
"မှတ်ထားကြစမ်း!!ဒါမင်းတို့ရဲ့ မရီးပဲ!ငါတို့ထက်ကိုအာဏာပြင်းတယ်ဆိုတာ!"စေတန်က ဆန်တိုရီမြို့ရဲ့ဈေးအလယ်မှာ ဤသို့ သတ်မှတ်လေရာ အဖွဲ့သားတွေကလည်း သခင်ကြီးလက်ထဲက သေးသေးလေးကို ခေါင်းငုံ့ဦးညွတ်ကြလေသည်။
"မရီးး!!"
. . . . . . . . . . .
"ကျစ်!ဘာလို့ဖုန်းမကိုင်တာလဲ ယိုယိုရ!"ယိုယို့မိခင်ရဲ့ဆေးရုံးခန်းရှေ့မှာ ပိတ်ရပ်နေတဲ့ လူတချို့ကြောင့် အိုက်တမ် စိတ်ညစ်နေပြီ။ယိုယို့ကိုဖုန်းခေါ်နေတာ အကြိမ်များများရှိနေပေမယ့် တစ်ဖက်ကလည်းဖုန်းမဖြေ။ဈေးကအပြန်မှာ တစ်ဖက်ကကောင်တွေကို အတင်းမျက်ခြေဖျက်ပြီးမှ ဆေးရုံကိုလာခဲ့ရတာကို ယိုယိုကဒီမှာရှိနေလား မရှိဘူးလား သေချာမနေ။
"ဘယ်သူလဲ!"မေးခွန်းနဲ့အတူ အိုက်တမ်ဆီရောက်လာတဲ့ လူတစ်ယောက်။အိုက်တမ်ခေါင်းရမ်းပြလိုက်ပြီး ထိုလူကိုကျောပေးပြီးထွက်လာလိုက်သည်။ဒီလိုလွယ်လွယ်နဲ့အိုက်တမ်ရှေ့ထွက်လို့မဖြစ်။ကိစ္စတွေအများကြီးရှိသေးတာကို။
YOU ARE READING
3 in 1❤️
Fantasiချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
