ဆန်တိုရီမြို့။
ယုယရဲ့weddingပြီးနောက် ယိုယိုဆန်တိုရီကိုပြန်ရောက်နေပြီ။အမေလည်း ဆေးရုံဆင်းပြီမို့ အိမ်မှာသားအမိ၂ယောက်တည်း။မမကတော့ခင်ပွန်းဖြစ်သူနဲ့ အမိနိုင်ငံကိုပြန်သွားပြီလေ။မမလည်း တတ်နိုင်သမျှအကုန်ပြီးစီးအောင်လုပ်ပြီးမှ ပြန်သွားရှာတာ။ဟိုမှာထူထောင်ကာစအလုပ်တွေရှိသေးတော့လေ။အမေရောက်လာမှပဲ ဘေးအိမ်က အိမ်နီးချင်းတွေနဲ့ အဆက်စပ်လုပ်မိတော့တယ်။ဘေးအိမ်မှာ မြေးအဖွား၂ယောက်ရှိသေးသည်။မြေးမလေးက ကျောင်းပြီးလို့ ကုမ္ပဏီတစ်ခုမှာစာရေးမလုပ်နေတာဆိုပေမယ့် ယိုယိုထက်ငယ်သေးသည်။သူတို့လည်းရုန်းကန်လှုပ်ရှားနေရတဲ့ဘဝတူတွေမို့ အမေက ပိုလို့တောင် ခင်နေမိရှာသည်။အမေ့အတွက်အဖော်ရတာတော်သေးတာပေါ့။ယိုယိုကျောင်းသွားကျောင်းပြန်မှာ အိမ်မှာပျင်းကျန်နေခဲ့မှာစိုးနေတာ။
"တီ တီ!ယိုယိုရေ!"ကားဟွန်းသံနဲ့အတူ အိုက်တမ်ရဲ့အသံပါကြားရသည်မို့ ယိုယို လွယ်အိတ်လွယ်ပြီး ထွက်လိုက်သည်။အိမ်တံခါးပိတ်ပြီးနောက် အိုက်တမ်ရဲ့ကားထဲဝင်ထိုင်လိုက်သည်။
"ဟမ် မွှေးလို့ကြိုင်လို့ပဲ အိုက်တမ် မင်းရည်းစားရနေတာလား"
"မဟုတ်ပါဘူး အိမ်မှာအစ်ကိုရောက်နေလို့"
"ဝိုး ငါ့ကိုမိတ်ဆက်ပေးအုံးနော် မင်းအစ်ကိုကိုမမြင်ဖူးဘူး"
"အင်း ကြုံတဲ့နေ့ပေါ့ "
'အံ့သြဖို့တော့ မျှော်လင့်ပါတယ်ယိုယို။မင်းကြောင့် အစ်ကိုက လှောင်ပိတ်ခံရတယ်တဲ့။ငါဘယ်လောက်ဒေါသထွက်နေလဲ မင်းခံစားမိလား။'
စိတ်ထဲမှကြိတ်ပြောသည်မို့ အံကြိတ်ထားတဲ့မေးရိုးတင်းတင်းတွေကို အူလည်လည်လေးကမသိရှာ။ကောင်းတယ် တစ်လောကလုံး မင်းပဲအအေးချမ်းဆုံး။
"အန်တီရော နေကောင်းလား မောတာဘာညာရှိလား"
"မရှိတော့ဘူး အမေကပြုံးရွှင်နေတာပဲ ငါစိတ်ချမ်းသာလိုက်တာ"
"အင်း တကယ်ကံကောင်းတာနော် အန်တီကစိတ်လည်းမာလို့"
"ဟုတ်တယ် အာ ငါတို့ဒီနေ့နောက်ကျမှာပဲ ညဝိုင်းက၁၀နာရီကျော်လောက်တယ် ဆရာဗေးစ်ရဲ့အချိန်ကြီး"
"ဟုတ်တယ် မြန်မြန်ပြီးချင်နေပြီ ဒါပြီးမှ ငါတို့ကောင်းကောင်းနားရမှာ"
"ဖိုက်တင်းပါ သူငယ်ချင်းရာ ငါတို့သည်းခံရနောက်၂လပါပဲ စာမေးပွဲပါ လာမှာပေါ့ ဟီးဟီး"ဖိုင်နယ်တွေမို့ နောက်၂လမှာ စာမေးပွဲပြီး resultကျပြီးရင် ကျရာဌာနမှာ အလုပ်သင်ပြီးတာနဲ့ ဝန်ထမ်းလုပ်လို့ရပြီ။ဆန်တိုရီတက္ကသိုလ်ကအများပိုင်းကို ဌာနကောင်းကောင်းတွေရတာများသည်။ယိုယိုကတော့ ဝန်ထမ်းလုပ်ဖို့စိတ်လောနေပြီ။
.. .... .... ...... ...... ...... ...... .......
"ဆိုတော့ ဘာသတင်းမှရှာမရဘူးပေါ့!"
"ဟုတ်တယ် ငါပိုင်တဲ့ကျွန်းကနေပျောက်သွားတာ မင်းပြောကြည့် ဘယ်ကောင်တွေလက်ချက်ဖြစ်နိုင်လဲ"
"ကျစ် ကိုယ့်ဇယားကိုယ်နိုင်အောင်ရှင်းပါလား လူလေးတစ်ယောက်တောင်မထိန်းနိုင်ဘူးလား"
"ငါမှားတာ ငါဝန်ခံတယ်"
"အသုံးမကျတာ!"
"အေ ဟုတ်တယ် အသုံးမကျတာ!"စိတ်ဓာတ်ကျနေတဲ့ အဲလက်စ်ရဲ့ပုံစံကို တမာန်ကလည်းမျက်မှောင်ကျုံ့သည်။လွယ်လွယ်လွတ်ပေးတာ သူ့ပုံစံမဟုတ်။
"ဘာသုံးသွားတာလဲ"
"HC အိပ်ငွေ့ချအဆိပ်!"
"မင်းလူတွေ နားကားသွားမှာပဲ!"HCက အခုတလော ပျံ့နေတဲ့အဆိပ်ငွေ့တစ်မျိုး။သူတို့သုံးပွင့်ဆိုင်အိမ်တော်ကတောင် ဒီအကြောင်းကို သေချာလိုက်နေရသည်။အမည်မသိဂိုဏ်းတစ်ခုကနေထွက်လာတာ။ပြောက်ကျားစနစ်သုံးပြီး တစ်နေရာစီ တစ်နေရာစီတိုင်းမှာ HCအိပ်ငွေ့ချအဆိပ်လက်ကျန်တွေ တွေ့ရလေ့ရှိသည်။ပြီးတော့ ဂိုဏ်းအသေးတွေအားလုံးကို လက်စဖျောက်ပြီးသိမ်းပိုက်နေတာမျိုး။သိပ်ကိုtoxicဆန်တဲ့ ဂိုဏ်းမျိုးဖြစ်သည်။
"နတ်ဆိုးဂိုဏ်းကို သုံးထားတယ် သိပ်မကြာခင်အဖြေသိလိမ့်မယ် စေတန်ကိုယ်တိုင်ဦးဆောင်နေတာမို့ လောစရာမလို့ဘူး"
"အွန်း"
"ငါတို့လက်ထဲမှာသန့်စင်ပြီးမှ မင်းပြန်ရမယ်"
"မင်းတို့လက်ထဲအရောက်မခံဘူး"
"လုပ်ရဲလား!"
"ငါမလုပ်ရဲဘူးဆိုတောင် လုပ်ရဲတဲ့သူရှိတယ်လေ"တစ်စုံတစ်ယောက်ကိုရည်ပြီးပြောလိုက်တာမို့ တမာန်စဥ်းစားလိုက်ရသည်။
"ဘယ်သူလဲ"
"ကို!စောင့်ရတာကြာသွားလား ဟိုမှာသျှံ့သူငယ်ချင်းတွေနဲ့စကားကောင်းနေလို့ အော် အဲလက်စ်ရောရောက်နေတာပဲ"ဆက်လွှမ်းအဲလက်စ်က သူတို့၂ယောက်ကိုစိတ်မကြည်စွာကြည့်ကာ
"စောက်ကျင့်မကောင်းတဲ့ကောင်!"ဟု တမာန်ကိုတည့်ဆဲပြီး နေရာကနေ ထလိုက်သည်။အစ်ကို့ကိုလိုက်နေပြီးမှ မိန်းကလေးတစ်ယောက်နဲ့တွဲနေတဲ့အပေါ် ဒီကောင် မကျေနပ်နေတာ။တမာန်ကမဲ့ပြုံးသာပြုံးသည်။စေတန်နဲ့ဘုန်းလျှံက အမဲလိုက်တဲ့သူတွေဆို သူက ငါးစာလေ။သိပ်မကြာခင် အားလုံးရှင်းသွားတော့မှာ။ပြီးရင် အစ်ကို့နားပဲ ကပ်နေတော့မှာ ဒါကနောက်ဆုံးပန်းတိုင်ပဲ။
... .... .... ... .... .... ... .... ...
တမာန်ဆီက ထွက်လာပြီးတာနဲ့ ဖုန်းထဲရောက်လာတဲ့မက်ဆေ့ချ်ကြောင့် ကားကို နေရာတစ်ခုစီဦးတည်လိုက်သည်။
YOU ARE READING
3 in 1❤️
خيال (فانتازيا)ချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
