ဆေးနံ့လိုလို မှိုနံ့လိုလို အောက်သိုးသိုးအနံ့တွေ
ရှူရှိုက်မိသည်မို့ မွန်းကြပ်စွာနဲ့ ယိုယိုနိုးလာသည်။
လည်ချောင်းကရေဆာတဲ့ဒဏ်နဲ့ ခြောက်သွေ့နေပြီး ခေါင်းကလည်းမူးနှောက်နှောက်ဖြစ်နေသေးသည်။မျက်စိပွင့်လာတည်းကမရင်းနှီးတဲ့ပတ်ဝန်းကျင်ကြောင့် ထိတ်လန့်မှုက အတိုင်းသား။မီးရောင်မှိန်ပြပြနဲ့ ဟောင်းနွမ်းနေတဲ့နေရာတစ်ခု။လေဝင်လေထွက်အနေနဲ့ အနည်းငယ်ဟနေတဲ့ လေဝင်ပေါက်သာရှိနေသည်။ယိုယို အားယူပြီးကုတင်ပေါ်ကဆင်းမည်ပြုတော့ ညာဘက်လက်ကောက်ဝတ်ကဆစ်ခနဲ။သေချာကြည့်မိမှ ယိုယိုကိုကုတင်တိုင်နဲ့သံကြိုးခပ်ရှည်ရှည်ကိုလက်ထိပ်တွဲခက်ထားတာပဲ။
"ဘယ်သူရှိလဲ!"
အခန်းတစ်ခန်းထဲမှာပဲရှိနေတာသေချာတာမို့ ယိုယိုအသံပြုလိုက်သည်။ပြန်ဖြေသံမရှိ။
"ငါဘယ်ရောက်နေတာလား!အာ အိုက်တမ်နဲ့ငါထွက်ပြေးခဲ့တာပဲ မဟုတ်မှ ငါတတို့အဖမ်းခံလိုက်ရတာ အိုက်တမ်ရော အဆင်ပြေလားမသိဘူး!အိုက်တမ်!အိုက်တမ်!ကျစ်!"
ခွန်အားတွေရှိနေပုံရကာ လက်ထိပ်ကိုအတင်းဆွဲလှုပ်နေမိသည်။ထူးထူးခြားခြား ကြောက်ရွံနေတာမျိုးဆော့မဟုတ်။စိမ်းသက်တဲ့နေရာမို့ ထိတ်လန့်နေရုံပဲ။ခါတိုင်းဆို ယိုယိုအော်ငိုနေလောက်မှာ။
"ကျစ်!ချီးပဲ!အပြင်မှာဘယ်သူရှိလဲ!ငါ့ကိုဖမ်းထားပြီးမှ လူတောင်လာမပြရဲဘူးလား ဟမ်!"
မထွက်စဖူး ဒေါသတွေကလည်းအလိပ်လိုက်။အတန်ကြာအောင်အော်ခေါ်ပြီးသော်လည်း ဘယ်သူမှပေါ်မလာတာမို့ ယိုယိုလက်လျှော့လိုက်သည်။မဟုတ်ရင် လည်ချောင်းတွေအခြောက်လွန်ကုန်မှာ။
တစ်ဖက်CCTVနဲ့ကြည့်နေတဲ့သူက အိုက်ဒီတမ်ဆေးလ်ပါပဲ။လက်ထဲမှာ ကိုင်ထားတဲ့ဆေးစာရွက်ကိုကြည့်ပြီး သူစိတ်တွေရှုပ်ထွေးနေသည်။မူးလဲသွားလို့ သူ့လက်အောက်ကဆရာဝန်နဲ့စစ်ဆေးခိုင်းလိုက်တာ စပရိုက်တွေဖြစ်ရော။ယိုယိုကလေ
'အမျိုးသားကိုယ်ဝန်ဆောင်'တဲ့။ဒါဘယ်လိုအခြေနေကြီးလဲ။ယိုယိုကိုအစတည်းက ငါးစာသဘောမျိုးပဲခေါ်ထားမှာကို ချီးလိုအပိုစုလေးက ကပ်ပါလာသေးတယ်။အဲ့အပိုစုကမှ သူ့ကိုအတိဒုက္ခပေးမှာ။သူ့အနေနဲ့ တစ်ခုခုဆို အဲ့အပိုစုလေးကို ကြည့်နေရတော့မှာ။ယိုယိုကိုယ်တိုင်တောင်သိသေးရဲ့လားမသိဘူး။ဒါဟို၃ယောက်ရဲ့လက်ချက်ဆိုတာပြေးကြည့်စရာတောင်လိုမနေ။
"ဝါးးးချစ်ဆန်းယိုကဒီလိုလည်းသောင်းကျန်းတတ်သေးတာပဲ စားစရာနဲ့ရေသွားချပေးလိုက် သူတစ်ခုခုလုပ်ရင်တောင် ရှောင်ပဲရှောင်ပြန်မလုပ်ခဲ့နဲ့!"
လက်အောက်သားတစ်ယောက်ကို အမိန့်ပေးလိုက်ပြီး ဒီအခြေနေကိုဘယ်လိုကိုင်တွယ်သင့်လဲ သူစဥ်းစားနေလိုက်သည်။
"၇ပတ်တဲ့လား အဟင်း ငါ့ကိုဦးလေးလို့ခေါ်စေချင်ပေမယ့် မဖြစ်နိုင်တော့ဘူးထင်တယ် "
......... ......... ........ ........... .......
"တောက်ခ်!စောက်ကြောက်ပဲ!အချစ်ကိုအဲ့ကောင်ပစ်မှတ်ထားတာ စောက်ရမ်းရွံစရာကောင်းတာပဲ "ဘုန်းလျှံတို့နဲ့ပြောနေရင်း
ဖုန်းကျသွားတည်းကဒယ်ဒီတို့နဲ့ပဲ ဂိုဏ်းရှင်းလင်းရေးကိုပစ်ထားပြီး တန်းပြန်လာတာ။နတ်ဆိုးဂိုဏ်းနဲ့ချက်ချင်းချိတ်ပြီးရှာလိုက်တာတောင် လွှတ်သွားတာ။အဲ့ခွေးကောင်က ဘယ်နေရာမှာဖွက်ထားလဲမသိ။တမာန်ကလည်း ဒေါသထွက်တာမှ လည်ပင်းကြောတွေပါထောင်ထလာသည်။
"အချစ်ရဲ့ကိုယ်ပေါ်မှာ ခြစ်ရာလေးတစ်ခုပဲ ထင်ကြည့်စမ်းပါ သေရင်တောင်အလွတ်မပေးဘဲ နှိပ်စက်ပြမယ်!"
"အင်းး အဲလက်စ်ကိုဆက်လို့ရလား စေတန်"
"သူလည်းလာနေပြီ!"၃ယောက်သားရဲ့ဒေါသငွေ့တွေကြောင့် ဘေးကbodyguardတွေပါ ငြိမ်ကုတ်နေရသည်။cyberအဖွဲ့တွေကလည်း နောက်ဆုံးဖုန်းခေါ်ဆိုမှုကို ခြေရာခံရင်းအလုပ်ရှုပ်နေကြသည်။ယောက္ခမကြီးကိုတော့ ပေးမသိရသေး။လူကြီးကနေကောင်းခါစမို့ စိတ်အခြေနေစိုးရိမ်ရသည်။သူတို့အချစ်ကို အဝေးမှာအချိန်ကြာကြာထားဖို့ လုံးဝစိတ်မချပါ။ကြောက်လွန်းလို့ငိုနေမယ့်ရုပ်လေးကိုတွေးမိလေလေ အဲ့လူကိုပိုသတ်ချင်လေလေပဲ။ထိုအချိန်အပြင်ကနေ ဒုန်းစိုင်းဝင်လာတဲ့ ဆက်လွှမ်းအဲလက်စ်။သူတို့ဆီလေအလျင်လိုရောက်လာသည်။
"ချစ်ဆန်းပျောက်သွားတယ်လား မင်းတို့၃ကောင်သေချာမစောင့်ရှောက်ထားဘူးလား ဟမ်!စောက်သုံးမကျချက်ပဲ"
"ဟေ့ကောင်!အဲ့တာငါတို့အချစ်ပါ မသိရင် မင်းဟာလိုလိုလာလုပ်နေတယ်!"စေတန်က ဝင်ဟောက်တော့မှ
"အယ် နဲနဲစိုးရိမ်လွန်းသွားလို့ ကျစ်!ဒီလောက်ရင်းနှီးတဲ့မိတ်ဆွေတွေကို ဒီကောင်မလုပ်လောက်ပါဘူးထင်ထားတာ"ဘုန်းလျှံကသူ့အတွေးကို ထပြောသည်။
"ငါတို့အဲ့ကောင်နဲ့တခါမှညှိဖူးတာမရှိပါဘူး ဘာအတွက်လုပ်တယ်ထင်လဲ"
"အဟင်းး ဗိုင်တမ်ဆေးလ် ခိုင်းတာလည်းဖြစ်နိုင်သလို ဗိုင်တမ်ဆေးလ်ကို ဖြုတ်ပေးဖို့ ငါတို့ကိုတစ်ဖက်လှည့်ခိုင်းချင်တာလည်း ဖြစ်နိုင်တယ်"တမာန်ကဆိုလျှင် အဲလက်စ် ခေါင်းပူသွားသည်။ဒီကိစ္စမှာ သူ့အိမ်ကလူမပါဘူးလို့ နဲနဲတောင်သံသယဝင်ချင်သွားသည်။ဒီပွဲမှာ ဝီလီတမ်ဆေးလ်ကို သူတစ်သက်လုံးဖွက်ထားချင်လိုက်တာ။
"ကျစ်!ဘာပဲဆိုဆို အချစ်နဲ့အဲ့ကောင် သူငယ်ချင်းတွေဆိုပြီး လျှော့တွက်လိုက်တာငါတို့မှားတာပဲ"
"သခင်ကြီး!!!"အပြေးဝင်ပြောလာတဲ့ cyberအဖွဲ့သားကြောင့် အာရုံတွေက သူတို့အဖွဲ့သားဆီမှာ။
"တွေ့ပါပြီ!!!"
နတ်ဆိုး၃ကောင်ရဲ့ အရိပ်သည် လူ၃ယောက်ရဲ့နောက်မှာ တောက်လောင်စွာပေါ်လာလေပြီ။မထိသင့်တဲ့လူကို လာထိတဲ့သူတွေအတွက် ဤကစားပွဲသည် အဆိုးဆုံးလူသတ်ပွဲဖြစ်လာမည်မှာ မလွဲဧကန်ဖြစ်သည်။
........ ......... ......... ............ .....
ယိုယို ဒုတိယအကြိမ်နိုးလာပြီ။မီးရောင်ကမှိန်ပြပြပဲမို့ ယိုယိုဒီမှာရောက်နေတာ ဘယ်လောက်ကြာနေပြီလဲမသိနိုင်ဘူး။
"ကျွီ!"
တံခါးဖွင့်ပြီး ဝင်လာတဲ့လူကြောင့် ယိုယိုကြည့်လိုက်မှ မျက်လုံးလေးတွေ ဝိုင်းကုန်သည်။
"ဟင် အိုက်တမ်!မင်းရောဒီရောက်နေတာလား မင်းကိုသူတို့ဘာတွေလုပ်ကြသေးလဲ!ဘာမှမဖြစ်ပါဘူးနော် ငါ့ကိုပြောအုံး!"
"ကုတင်မှာပြန်ထိုင်လိုက် ယိုယို!"
ယိုယိုကသာစိတ်ပူနေပေမယ့် အိုက်တမ်က အေးစက်စွာပြောတော့ ယိုယိုကြောင်ကြောင်လေးဖြစ်သွားပြန်သည်။
"ထိုင်လိုက်!"
နောက်တစ်ခွန်းထပ်ပြောတော့ ယိုယိုထိုင်မိလျက်သား။
"နေရတာအဆင်ပြေလား ဗိုက်ရောမနာဘူးလား"
"ဟင့်အင်"
"အဟင်းး ငါ့နာမည်ကိုမိတ်ဆက်တာပေါ့ မင်းသိချင်နေလောက်မလား"
ဘာမှနားမလည်တဲ့မျက်ဝန်းတွေကြောင့် အိုက်တမ် ရယ်လိုက်မိသည်။ဘယ်လိုလေးလဲ!အဆုံးထိဖြူစင်ပြမှရမှာလား ယိုယို!
"ငါက မင်းသိတဲ့အိုက်တမ် မဟုတ်ဘူး အိုက်ဒီတမ်ဆေးလ်ပဲ"
"ဟင် အမွှာလား ဒါဆို အိုက်တမ်ရော"
"ချီးပဲ!ငါပြောတာနားထောင်စမ်းပါ!ချစ်ဆန်းယိုရ!"
သူအော်လိုက်တော့ ယိုယို လန့်ပြီးတုန်တက်သွားသည်။
"ကျစ်!ငါမင်းနဲ့ပေါင်းတယ်ဆိုတာ အယောင်ဆောင်ပဲ !တကယ်က ငါ့အတွက်အကျိုးလိုလို့ပေါင်းခဲ့တာ ငါ့ရဲ့ပျက်စီးသွားတဲ့မျိုးနွယ်ကိုပြန်ရဖို့ မင်းကိုအသုံးချမှဖြစ်မှာမို့!မင်းကဘယ်ခလာက်အဖိုးတန်လဲသိလား မင်းရဲ့နောက်မှာ သခင်ကြီး၃ယောက်ရှိတည်းက အဲ့ကောင်တွေကိုအသုံးချဖို့ မင်းကို အလွယ်တကူသုံးလို့ရတယ်လေ အဟားဟား မင်းသိလား မင်းကိုရဖို့ငါ့ဦးလေးကလူတွေဘယ်လောက်တောင်လွှတ်ခဲ့လဲဆိုတာ ငါကသာရေကန်အသင့်ကြာအသင့်ဖြစ်ခဲ့တာ
အဲ့စောက်ဦးတနှာက်မရှိတဲ့ အဖိုးကြီးဆီကိုပေးမယ့်အစား ငါပဲယူထားမှာပေါ့ ဘယ်ခလာက်တောင်လှပတဲ့အခွင့်ရေးလဲ ဟမ်!"
"မင်းဘာတွေပြောနေတာလဲ အိုက်တမ်"
"ချီးပဲ အခုမင်းကို ငါကပြန်ပေးဆွဲလာတာ အချိန်မရွေးလည်းသတ်ပစ်နိုင်တယ် မင်းလူတွေဆီပြန်ပေးတာဖြစ်ဖြစ် ပြန်မပေးတာဖြစ်ဖြစ် အကုန်ငါ့လက်ထဲမှာပဲ မင်းတို့ကိုတစ်သက်လုံးခွဲထားတာလည်းဖြစ်နိုင်တယ် ဘာလို့ဆို မင်းကအသုံးချခံသက်သက်ပဲမို့!!"
"ဖြန်းး!!"
မှီရာကိုဆွဲရိုက်တာမို့ ပါးပေါ်တည့်တည့်ကျသွားတဲ့ရိုက်ချက်။ယိုယိုဘယ်လောက်ဒေါသထွက်နေလဲဆိုတာ ပြင်းတဲ့ရိုက်ချက်ပေါ်ကြည့်ပြီးပြောနိုင်သည်။
"လိုရင် အဲ့လို လိုအပ်ခဲ့ရင် ငါ့ကိုပြောရောပေါ့ စောက်ခွေးကောင်ရ!!!"
ဆဲလိုက်တာ!ယိုယိုကဆဲလိုက်တာဖြစ်သည်။
"မိုက်မဲတဲ့ကောင်!"
"အဟက် ဘာ!လိုရင် ပြောရမယ်ဟုတ်လား"
"အေးး မင်းငါ့ကိုအကူညီတောင်းခဲ့ရင်တောင်
ချီးလိုစောက်ဦးနှောက်မရှိတဲ့ငါက မင်းကိုကူညီပေးဖို့အသည်းသန်ကြိုးစားအုံးမှာကွ!အခုမင်းကငါ့ကိုလှည့်စားတယ်တဲ့လား ငါအခက်ခဲတွေဖြစ်တိုင်း အမြဲအနားမှာရှိနေပေးတဲ့သူငယ်ချင်းက
စောက်ရူးကောင်ဖြစ်နေတာသိလိုက်ရတော့ နာတယ်ကွ!ငါ့ရင်ထဲကနာတယ်!"
ပါးစပ်ကသာ ဆဲဆိုနေနိုင်တာ ယိုယိုရဲ့မျက်ရည်တွေကအတားအဆီးမရှိ။ပြောနေရင်းနဲ့ ရှိုက်သံကလည်း ပါ ပါလာသည်။
"အဟက်!အကူညီတောင်းရတာကို လီးလိုပဲ မုန်းနေပြီ !ဘာပဲဖြစ်ဖြစ် ခုကစပြီး မင်းကငါ့ရဲ့အကျဥ်းသားပဲ!လိမ်လိမ်မာမာနေ!တစ်ခုခုလုပ်မယ်ကြံတာနဲ့ သတ်ပစ်မှာ!"
ယိုယိုယူကြုံးမရစွာ ငိုချလိုက်သည်။တကယ်ကိုဘာတွေဖြစ်ကုန်တာတဲ့လဲ။အိုက်တမ်ပြောင်းလဲသွားတာက ဟိုယိုကိုအကြောက်ဆုံးဖြစ်စေတာပဲ။'သတ်ပစ်မှာ'တဲ့ ယိုယိုရဲ့သူငယ်ချင်းက။
"သြော် သိပ်ငိုမနေနဲ့!မင်းမသိသေးဘူးထင်လို့ ငါပြောပြမယ် မင်းဗိုက်ထဲမှာ ကလေးရှိနေပြီ!မင်းငါ့စကားနားမထောင်တာနဲ့ အဲ့ကလေးကိုသတ်ပစ်ဖို့လည်း ငါတွန့်ဆုတ်နေမှာမဟုတ်ဘူး!"
"ဂျိန်း!"
တံခါးပိတ်သံပြီးနောက် ယိုယို ကမ္ဘာကြီးချာချာလည်ပြီးကျန်ရစ်သည်။ကလေး ကလေးတဲ့လား!
"မ မဖြစ်နိုင်တာ ငါက ငါကယောက်ျားလေးလေ ဟင့်အင် မဖြစ်နိုင်ဘူး အိုက်တမ်!မင်းငါ့ကိုလာ စ မနေနဲ့!"သံတံခါးထိ လျှောက်လို့ရတာမို့ တဒုန်းဒုန်းထုပြီးအော်ပြောလိုက်သည်။
"အိုက်တမ်!ခွေးကောင်!မင်းစကားကိုလာရှင်း!ဒုန်းဒုန်း!အိုက်တမ် အစုတ်ပလုတ်!ချီးပဲ"တံခါးကိုကျောကပ်ပြီး ထိုင်ချလိုက်သည်။
"အဟင့်!ကလေးတဲ့လား!ဟင့် ငါလိုချင်တဲ့အရာဆိုပေမယ့်!ဟင့် တကယ်ရောဖြစ်နိုင်လို့လား"ယိုယိုခုတလောသူ့ကိုယ်မှာဖြစ်ပျက်နေတာတွေကိုပြန်တွေးမိသည်။အချဥ်တွေမတရားစားလာတာရော ညှီတာတွေစားရင် အကြောင်းရင်းမရှိ အန်တာတွေရော။ဒါတွေကတကယ်ပဲလား။
ဗိုက်လေးကိုပွတ်သပ်မိသည်နှင့် သွေးကြောထုံလေးက တဒုတ်ဒုတ်ခုန်လာသလိုခံစားချက်လေး။
တစ်ယောက်တည်းမဟုတ်ဘူးဆိုတဲ့အသိက ယိုယိုကိုနွေးထွေးမှုအပြည့်ပေးသည်။ဖခင်တစ်ယောက်ရဲ့အကြင်နာတွေရုတ်ချည်းပေါက်ဖွားလာခဲ့သည်။
'ကလေးလေး တကယ်ရှိနေလား မကြောက်နဲ့နော်
ဒယ်ဒီတို့က ဖေဖေတို့ကို အမြန်ရှာတွေ့မှာပါ'
ဗိုက်လေးပွတ်သပ်ပြီး ယိုယို စိတ်ထဲကပြောနေမိသည်။
"သူတောင်းစားကောင် ငါ့ကလေးကိုသတ်ပစ်မှာတဲ့လား!"
အလျင်စလို Update လေး မျှော်နေမှာစိုးလို့❤️
YOU ARE READING
3 in 1❤️
خيال (فانتازيا)ချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
