ကျောင်းသားရေးရာကနေ ကိုယ့်နောက်တောက်လျှောက်လိုက်ပြီး ရိသဲ့သဲ့လုပ်နေတဲ့သူကြောင့် ယိုယိုခြေလှမ်းတွေခပ်မြန်မြန်သာလှမ်းနေရသည်။အရေးအကြောင်းဆို မိယုယကလည်းဘယ်နားကျန်ခဲ့မှန်းမသိ။ယောက်ျားအချင်းချင်းမို့ ယိုယိုကငြင်းတာမဟုတ်ပေမယ့် The whole kingအမည်ခံ ကိုဆက်လွမ်းက ရည်စားရှုပ်ပြီးနာမည်ကောင်းတစ်ကွက်မှမရှိတဲ့သူလေ။socialကောင်းတဲ့သူမို့အစက လက်ခံစကားပြောပေမယ့် ဒီလူက ယိုယိုကို အိပ်ယာပေါ်ဆွဲတင်ချင်နေတဲ့လူမျိုး။ချစ်ဆန်းယိုရဲ့သိက္ခာကို စော်ကားတာလောက်မုန်းတာမရှိ။
"ချစ်ဆန်းရာ ကိုယ့်ကိုလက်ခံပေးလိုက်ရုံပဲကိုးဘာလို့ ခက်ခဲနေတာလဲ မင်းလေးအတွက်နစ်နာတာဘာရှိမှာလဲလို့ ဟင်"ဘေးလူတွေက ကွက်ကြည့်ကွက်ကြည့်လုပ်လာတာမို့ ဒီလူကို မသိယောင်ဆောင်ဖို့မလွယ်လှ။
"ကိုယ်ကမင်းကို အကြာကြီးတွဲဖို့ရည်ရွယ်ထားတာ မင်းလေးဂုဏ်ယူသင့်တယ်နော် လုပ်ပါကွာ ကိုယ်တကယ်မင်းကို သဘောကျတာ ကိုယ့်ကိုတွဲကြည့်ပါလား"
"ကိုဆက်လွမ်း ကျွန်တော်တောင်းပန်ပါတယ် အေးဆေးနေပေးပါ ကိုဆက်လွမ်းကိုကြိုက်လည်းမကြိုက်ဘူး တွဲလည်းမတွဲချင်ဘူးလို့ ပြောခဲ့ပါတယ်ဗျာ ဒီလိုလုပ်နေတာ ၂ယောက်လုံးအတွက်မကောင်းဘူးဗျ "
"အဟင်း ချစ်စရာကောင်းချက်ပဲ "ကိုဆက်လွမ်းက ပြုံးပြီးဆိုသည်။ချောတဲ့ယောက်ျားတစ်ယောက်ကို ငြင်းနိုင်လွန်းတဲ့ ယိုယိုက သူများတွေတော့ ငတုံးတစ်ကောင်လို့မြင်နေကြမှာအမှန်။
"မင်းငြင်းလည်း ကိုယ်ကြိုက်တယ်လေ မင်းလေးလက်ခံလာတဲ့အထိ ကိုယ့်ကိုလိုက်ခွင့်ပြုပါ လိမ္မာတယ်"ခေါင်းကိုလက်နဲ့ပွတ်လာလို့ ကိုယ့်ကိုရို့လိုက်တော့ တဟားဟားရယ်လာသည်။
"မှတ်ထား ချစ်ဆန်း မင်းကကိုယ့်အပိုင်ပဲ!"နား နားကပ်ပြီး ပြောကာ အသဲပုံလက်လုပ်ပြပြီး ထွက်သွားသည်။ထို့မှသာ ယိုယို ကိုယ့်အခန်းကိုယ်ပြန်ဖို့လုပ်ရသည်။
"ယိုယို!ဟိုကောင်ဘယ်မှာလဲ ဟမ်!နင့်ကိုနှောက်ယှက်နေတာဆို!အဲ့ကျက်သတုံးစီနီယာက ဘယ်လောက်ပြောပြောမမှတ်ဘူး!ဘယ်မှာလဲ"
"ကဲ မိယုယ တော်တော့ နင့်အဖိုးကဖြင့် ပြန်သွားတာကြာပြီ"
"ဟွန့် ငါ့အဖိုးဆို အမွေပြက်လုပ်လိုက်မယ် တော်စမ်း ယိုယိုရာ အဲ့ကောင်နဲ့တစ်မျိုးတည်းမဖြစ်ချင်ပါဘူး"
"ဘယ်ရောက်နေတာလဲ ငါက နင်လိုက်လာတယ်ထင်တာ"
"အသိအစ်မနဲ့တွေ့လို့ ဆိုင်လိပ်စာတောင်းနေတာနဲ့ စကားကောင်းသွားလို့ နင့်ကိုခေါ်သားပဲ ငါ့ကိုလှည့်တောင်မကြည့်ဘူးလေ"
"ထားပါတော့ ထားပါတော့ သွားမယ် ဆရာမဝင်နေပြီထင်တယ်"
"အေးပါဟဲ့"ယုယအခေါ် စီနီယာကျက်သတုံးအားမေ့ထားလိုက်ပြီးနောက် စာထဲမှာအာရုံစိုက်လိုက်သည်။ညနေမှ အမေ့ဆီအရင်ဝင်အုံးမည်။ပြီးမှသာ ဖီးနပ်အိမ်တော်သွားရမည်။
YOU ARE READING
3 in 1❤️
Fantasiချစ်ခြင်းတရားတို့ရစ်ပတ်လာတာကလူ၃ယောက်အပေါ်မှာတစ်ချိန်တည်း တပြိုင်တည်း ။ကိုယ်ဟာလောဘကြီးတဲ့လူသားလားဆိုပြီး အဝေးကြီးမှာနေဖို့တွေးခဲ့ချိန်မှာအချိန်တွေဟာကုန်လွန်ခဲ့ပြီ။အင်း ကိုယ်ကသူတို့၃ယောက်ရစ်ပတ်ထားချင်တဲ့ထောက်တိုင်လေးတစ်ခုဖြစ်နေမယ်ထင်တယ် #Cover pc လေး...
