အပိုင်း(၃)uni-zaw

8.8K 158 2
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

အပိုင်း(၃)

ဒီနေ့နဲ့ဆို ညီအိမ်ပြန်မလာတာတစ်ပတ်နီးပါးရှိလေသည် ညီသည် မဂ်လာဦးညကတည်းကအရိပ်အရောာင်ပေါ်မလာခဲ့တာယခုအချိန်ထိပင် ညီရဲ့အမေပြောတာကတော့ သူကုမ္ပဏီမှာအလုပ်များနေသတဲ့ ဟုတ်မှာပါ ညီယဥ့်ကိုမမြင်ချင်၍ မတွေ့ချင်၍ရှောင်နေတာတော့မဖြစ်နိုင်လောက်ဘူးမလား ယဥ်တချက်ပြုံးလိုက်မိသည် ညီ သူမအားဒီလောက်တောင်မုန်းတယ်ပေါ့လေ
ယဥ်မနက်စာစားနေတုန်း ညီ့အဖွားကယဥ်ရဲ့ရှေ့ကခုံမှာ၀င်ထိုင်လာသည်
"ဖွားဖွားနေကောင်းရဲ့လား ခန္ဒာကိုယ်ကနာနေတာထုံကျင်တာတို့ရှိလား"
"......" ယဥ်ဖက်ကတာ၀န်အရမေးလိုက်ပေမဲ့အကြောင်းပြန်မလာခဲ့ပေ...
"မိအေးရယ် ငါ့အတွက်ဘယ်မှာလဲ မနက်စာ"
"ဟုတ်မေမေကြီးယူလာပါပြီ ဒီမှာပါကျွန်မနွှေးထားပြီးပါပြီ"
အဖွားကမနက်တိုင်းမုန့်ဟင်းခါးပုံမှန်စားတတ်သူဖြစ်တာကြောင့်ယဥ်ကိုယ်တိုင်သွား၀ယ်ထားခြင်းပါ အဲဒီမုန့်ဟင်းခါးက ယဥ်၀ယ်ပေးထားတာသိရင်အမှိုက်ခြင်းထဲရောက်သွားလောက်တယ်
"ငါဗိုက်ဆာနေပြီမြန်မြန်ထည့်ပေးစမ်းပါ "
"ဟုတ်ကဲ့ပါ မေမေကြီး"
"ဖွားဖွားသမီးအလုပ်သွားတော့မယ် သမီးပေးထားတဲ့ဆေးလေးတွေပုံမှန်သောက်နော်" အဖွားကယဥ်စကားပြောတာကိုအဖက်မလုပ်သည့်အပြင် သူ့မုန့်ဟင်းခါးကိုသာဆက်စားနေ၏
"နင့်ဆေးတွေငါ့အခန်းထဲမှာအကုန်ပြန်ယူသွား မသောက်တော့ဘူး တော်ကြာနင်ငါ့ကိုအဆိပ်ခတ်နေရင်ဘယ်လိုလုပ်မလဲ ငါ့မြေးကိုတောင်ဆေးခတ်ပြီးယူထားသေးတာပဲ ရတယ် ငါ့ဘာသာ၀ယ်သောက်မယ်"
"....."
ယဥ်ထမင်း၀ိုင်းမှမသိမသာထွက်လာခဲ့တော့သည် အဖွားနဲ့စကားအချေအတင်လုနေဖို့လည်း ယဥ်ကအားမနေခဲ့ ဂျူတီသွားရအုံးမယ် ယဥ်ဒီနေ့အပြောင်းတင်ဖို့တွေးထားတာလည်းရှိသည်ပင် အထူးသဖြင့် ပျိုနဲ့ဆေးရုံတစ်ခုတည်းယဥ်အတူမနေချင်တော့ပါ ပျိုကခုလောက်ဆိုယဥ့်အကြောင်းတွေဖြန့်ထားပြီးဖြစ်လိမ့်မည် ယဥ့်ကို toxicဖြစ်စေတဲ့ဘယ်အရပ်ကိုမဆိုယဥ်ရှောင်ရမည်  ဒါမဲ့ချွတ်ချွင်းအနေနဲ့ ညီရဲ့ရင်ခွင်တော့မပါခဲ့ပေ ဒီရင်ခွင်ကိုတော့ယဥ်တကယ်လိုချင်မက်မောပါသည် ယဥ့်အတွက်မဟုတ်ခဲ့ရင်တောင်မှပေါ့
သတို့သားကမဂ်လာဦးညကတည်းကပျောက်နေတာခုထိဆိုတာသာ ပျိုသိကြည့်ပါလား ယဥ့်ကိုဘယ်လောက်များလှောင်နေလိမ့်မည်လဲ....ယဥ်သည်ထိုအိမ်ကြီးမှထွက်သည်နဲ့ ကားမှတ်တိုင်ရှိရာသို့လမ်းလျှောက်လာခဲ့သည် နန်းစုယဥ်ကနန်းစုယဥ်ပါပဲယဥ်က အရင်လိုလိုင်းကားပဲစီးနိုင်သည် ပျို့လိုတော့ ဆေးရုံသို့ကိုယ်ပိုင်ကားနဲ့လာသူမဟုတ်ပါ ....
ပြည့်သူ့ဆေးရုံကြီးရောက်တော့ ယဥ်ပုံမှန်အတိုင်းလမ်းလျှောက်လာခဲ့သည် ယဥ့်ကိုဘယ်သူတွေဘာပြောနေကြမလဲဆိုတာစိတ်ကမသိမသာအကဲခတ်ကြည့်မိသည်  ယဥ်အခုတာ၀န်ကျနေတဲ့wardထဲရောက်တော့ TNညီမလေးတစ်ယောက်နဲ့ဆုံလေသည်
"Morning အမယဥ်"
"morning ပါ"
TNညီမလေးတစ်ယောက်နုတ်ဆက်တော့ယဥ်ပြုံးပြလိုက်သည်
"အမယဥ် စစ်စတာက အမရောက်လာရင် သူ့အခန်းလာခဲ့ပါတဲ့"
ယဥ်သိလိုက်ပါပြီ စစ်စတာခေါ်တာတခြားအကြောင်းမဟုတ်လောက်ပါ စစ်စတာသည်အရင်ကတည်းက ယဥ့်အလုပ်ကြိုးစားတာသိပြီး ယဥ့်ကိုသဘောကျတဲ့သူပင် ယဥ်အား သင်ပြပေးတယ် ဆုံးမပေးတယ် စစ်စတာအကူညီဖြင့်လည်းယဥ်အပြင်ဆေးခန်းတွေမှာအလုပ်ရခဲ့သည်
ယဥ့်စိတ်ထဲ့အနည်းနဲ့အများတော့စိုးရိမ်ပူပန်နေရ၏ အခန်းရှေ့ရောက်တော့ ယဥ်တံခါးခေါက်လိုက်သည်
"ယဥ်လား ၀င်လာခဲ့လေ"
ယဥ်၀င်လာတော့ စစ်စတာသည် ယဥ့်အားတချက်ပင်လှည့်မကြည့်ပဲလက်မှတ်ထိုးနေ၏
"ထိုင်ပါအုံးမယ်မင်းကြီးမ"
"morning ပါ စစ်စတာ"
"အင်းပါ စစ်စတာ သမီးသတင်းကြားပြီးပြီး ဘယ်လိုဖြစ်တာလဲ ယဥ် စစ်စတာက မိသားစုတွေကြား၀င်ပါတတ်တဲ့သူမျိုးမဟုတ်ပေမဲ့ ယဥ့်ကိုစစ်စတာဘယ်လောက်ချစ်ပြီးအားထားခဲ့ရလဲသိလား အခုငါ့သမီးဒီလိုလုပ်သွားတာ စစ်စတာစိတ်မကောင်းဘူး အိမ်ထောင်ဆိုတာထင်သလောက်မလွယ်နေဘူးသမီးရယ် အိမ်ထောင်တစ်ခုထူထောင်ဖို့နှစ်ဦးနှစ်ဖက်ပြေလည်အဆင်ပြေဖို့လိုတယ် သမီးခုရွေးလိုက်တဲ့လမ်းသိပ်မှားတာပဲကွယ် "
"စစ်စတာပြောတာတွေကိုသမီးနားလည်ပါတယ်
စစ်စတာ "
၀မ်းနည်းဆို့တက်လာမှုနဲ့အတူ ယဥ်စကားပင်မပြောနိုင်ခဲ့ ယဥ့်ကိုခုလိုခေါ်ဆုံးမတာစစ်စတာပဲရှိသည် ယဥ့်မိဘတွေတောင်ခုလိုမလုပ်ခဲ့ကြ တန်းပြီးအမွေဖြတ်စွန့်လွှတ်ခဲ့ကြသည်အထိ အမှိုက်စတစ်ခုလိုပါ..
"စစ်စတာ့ မှာသတင်းကြားပြီးချက်ချင်းဖြေမဆည်နိုင်လိုက်တာ ကောင်လေးကပျို့ချစ်သူတဲ့စစ်စတာဆိုပြီးလာပြောကြတုန်းကအံ့သြလို့မဆုံးဘူး သမီးယဥ် စစ်စတာ အမှန်တိုင်းပြောရရင် ပျိုကခုဆိုဆေးရုံတစ်ခုလုံးဖြန့်ပြီးလောက်နေပြီး ယဥ်ကသူ့ဘဲကိုလုယူသွားတယ်ဆိုပြီးတော့ စစ်စတာကတော့သမီးကို မိုက်မဲတယ်လို့ဘဲမြင်တယ်သမီးရယ် "
"သမီးအပြောင်းတင်ဖို့တွေးထားပါတယ်စစ်စတာ သမီးပျိုနဲ့ဆေးရုံအတူမလုပ်ချင်တော့ပါဘူး သူ့ကိုမျက်နှာပူလွန်းလို့တော့မဟုတ်ပါဘူးစစ်စတာ သမီးဘာသာရွေးချယ်ထားတာပါ"
"အော် အေးပါကွယ် ဘာဘဲဖြစ်ဖြစ်အကောင်းဆုံးကျော်ဖြတ်နော် သမီး ကိုယ်ရွေးတဲ့လမ်းကိုအကောင်းဆုံးနဲ့အလှဆုံးလျှောက်ရမယ်စိတ်မပျက်ရဘူးဘ၀ကိုအရှုံးမပေးနဲ့အော်ဒါနဲ့ သမီးဘယ်ဆေးရုံကိုပြောင်းမှာလဲ "
"ဟုတ်စစ်စတာ CWH(central women hospital)ပါ"
"ကောင်းပါပြီး အဲမှာစစ်စတာ့သူငယ်ချင်းတွေရှိတယ် သမီးအဲပြောင်းတဲ့အခါအဆင်ပြေအောင် စစ်စတာပြောပေးမယ် "
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်စစ်စတာ သမီးကိုခုလိုဆိုဆုံးမပေးတဲ့အတွက်အပြစ်လည်းမမြင်ပါဘူး သမီးပျော်ပါတယ် "
"အင်းပါသမီးရယ် ဘာဘဲဖစ်ဖစ် စစ်စတာကသမီးဘက်ကပဲ အားတင်းထားနော် လူတွေပြောစကားတွေကိုနားမယောင်နဲ့သမီးအချိန်တန်ရင်အဆင်ပြေသွားလိမ့်မယ်သိလား"
"ဟုတ်ကျေးဇူးတင်ပါတယ် sister"
"ကဲကဲသွားသွား သမီးလုပ်စရာရှိတာသွားလုပ်အုံး"
"ဟုတ်ကဲ့စစ်စတာခွင့်ပြုပါအုံး"
ယဥ် စစ်စတာအခန်းထဲမှထွက်လာကာ သက်ပြင်းတချက်ချမိလိုက်သည်
ယဥ် ကောင်တာဖက်ပြန်လျှောက်လာပီးလုပ်စရာရှိတာလုပ်နေလိုက်သည် ခဏနေ ဆရာ၀န်Roundတော့မှာမို့ယဥ်လိုအပ်တာလေးတွေလိုက်ကြည့် လူနာတွေရဲ့chatတွေလိုက်ကြည့်ရတာနဲ့ ယဥ့်အာရုံတွေကိုအလုပ်ထဲမှာပဲစိတ်နှိပ်ထားလိုက်သည်
.
.
ညနေဖက်ဂျူတီoffချိန်မှာတော့ ယဥ်မတွေ့ချင်သောသူနဲ့တန်းဆုံလေ၏  ယဥ်ကတော့ဟန်ဆောင်ပြီူတောင်ုပုံးမပြချင်တော့ပေ ပျိုနဲ့ယဥ်သည် ဆေးရုံတူကြပြီးWardလောက်သာကွဲ၏ ယဥ့်ကိုမြင်တော့ပျိုကပဲအရင်ဦးစွာပြုံးပြလာခဲ့သည်
"ယဥ်ပါလား ပိန်သွားတယ်နော်ယဥ်အစာမစားဘူးလား anemiaရုပ်နဲ့ "
ပျိုကသူတို့ကြားဘာမှမဟုတ်ခဲ့သလိုပုံစံမျိုးနဲ့မေးလာခဲ့၏
"စားပါတယ်"
"နင့်ပုံကြီးကလည်းယဥ်ရဲ့ ဘာဖြစ်နေတာလဲ ငါ့ကိုအရင်တိုင်းဆက်ဆံလို့ရပါတယ်ဟာ နင့်ဖက်ကရိုးသားရင်ပေါ့လေ အော်ဒါနဲ့ ကိုညီလာမကြိုဘူးလားနင့်ကို သူကောအဆင်ပြေရဲ့လား "
"ommပြေတယ် ညီအလုပ်များနေလို့"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now