အပိုင်း(၉)uni-zaw

7.1K 116 7
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

အပိုင်း(၉)

"သားတို့မနေ့ညကပြဿနာတက်ကြပြန်ပြီလား"

"မဖြစ်ပါဘူးမာမီ ဘာဖြစ်လို့လဲ"

ညီခန့်မာမီအားဗြောင်လိမ်လိုက်သည်

"ဘာမှတော့မဖြစ်ဘူး နန်းစုယဥ်က ညဘက်ကြီးမာမီ့ဆီမှာအ၀တ်လာငှားလို့လေ သူ့အ၀တ်တွေရေစိုကုန်လို့တဲ့ အ၀တ်တွေအကုန်လုံးရေစိုကုန်အောင်ဘာများလုပ်ကြတာလဲ"

"..."

နန်းစုယဥ်ကမာမီ့ဆီမှာအ၀တ်လာငှားတယ်ပေါ့
..ညီခန့် မနက်စာအတွက် မုန့်ကိုသာဆက်စားနေလိုက်သည် ခုချိန်ထိနန်းစုယဥ်ကတော့မဆင်းလာသေးပေ မနေ့ကညီခန့် အရင်လိုပဲစာကြည့်ခန်းမှာသွားအိပ်ဖြစ်၏

"သားမာမီတို့ကိုပြောစရာရှိတယ် သားတို့အိမ်ခွဲနေမလို့ပါ "

"ဟင်!!" မာမီ့ဆီမှအံ့သြမှုနဲ့ထွက်လာသောအသံပင်။

"ဘယ်လို!! မြေး အိမ်ခွဲနေမယ်ဟုတ်လား "

"ဟုတ်တယ်ဖွား သားအိမ်၀ယ်ထားပြီးသွားပြီ သားနဲ့နန်းစုယဥ်အတူနေမလို့ပါ "

"ဟင့်အင်!!မသွားရပါဘူး ဖွားဖွားသဘောမတူဘူးနော်မြေး ဘာလို့ ခွဲထွက်ချင်ရတာလဲဟမ် ဘာလဲ
နန်းစုယဥ်က မြေးကိုအိမ်ခွဲနေဖို့ပူဆာလို့လား အဲကောင်မကိုအဖွားပြောမယ် ဘယ့်နှယ် အိမ်ဖြင့်ရောက်တာမကြာသေးဘူး ငါ့မြေးကိုခွဲထုတ်ဖို့ဘယ်ကတည်းကကြံနေလဲမသိပါဘူးအေ "

"ဟို သူနဲ့မဆိုင်ပါဘူး ဖွား သား ဘာသာစီစဥ်တာပါ ဒီကိစ္စနန်းစုယဥ်မသိသေးပါဘူး"

"အော်!!မြေး ဘာလို့အကြီးတွေကိုမတိုင်ပင်ပဲ ​ခုလိုဆုံးဖြတ်ရတာလဲကွယ် ဒီအိမ်မှာနေလို့အဆင်ပြေရဲ့နဲ့ ဖွားဖွားကတော့ဒီကိစ္စလုံး၀သဘောမတူဘူးမြေး မသွားရဘူး"

"မေမေကလည်း တဖက်ကစဥ်းစားလိုက်ရင်လည်းဟုတ်တာပဲကို သားတို့လည်း သူတို့ဘာသာလူငယ်သဘာ၀သပ်သပ်နေချင်မှာဘဲကို သမီးတို့ဆွဲထားလို့မှမရတာ မာမီကတော့သဘောတူတယ် "

"ဟုတ်တယ် ဖွား သားအိမ်ခွဲနေတယ်ဆိုပယ်မယ့် ဒီကိုမကြာမကြာလာမှာပါ ဖွားကိုပြစ်မထားပါဘူးဖွားရဲ့"

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now