အပိုင်း(၂၃) uni-zaw

10K 172 20
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၂၃

ပွဲနေ့
.
.
ဒီနေ့ကတော့ လူတွေစည်ကားသိုက်မြိုက်စွာနဲ့ N2K Hotelမှာပြုလုပ်ကျင်းပသော ZUNELAR ရဲ့၈၈နှစ်ပြည့်အထိမ်းအမှတ်ပွဲနေ့ဖြစ်သည် privateနဲ့မို့ ဖိတ်စာပြမှသာ  လက်ခံခြင်းဖြစ်ပြီးpromotion အနေနဲ့  အထူးလျော့ စျေးရောင်းပွဲတော်ပါရှိနေသေး၏ အပြင်အဆင်မှုတွေကအစ နည်းစနစ်သပ်ရပ်ကာလှပသပ်ရပ်စွာလုပ်ထားပြီး ခမ်းခမ်းနားနားပင် ...Zunelarရဲ့သက်ဆိုင်ဆိုင်သူအသီးသီးကတော့ ကြွရောက်လာကြသောဧည့်သည်အသီးသီးကို လိုက်ဧည့်ခံလျှက်ရှိသည် ဒေါ်နှင်းမို့ခက်က ငွေမျှင်ရောင်မြန်မာ၀တ်စုံနဲ့တင့်တင့်တယ်တယ်လှနေပြီး အပြာရင့်ရောင်ကျောက်စိမ်းလည်ဆွဲကြီးကိုဆင်မြန်းထား၏ လက်၀တ်လက်စားကအစဆင်တူပင်  ဖွားဒေါ်မာလာခက်ကတော့ လမ်းသိပ်မလျှောက်နိုင်တာကြောင့်Vvip တွေအတွက်သီးသန့်ပြင်ဆင်ထားသာ ထိုင်ခုံတွင်အ သင့်ထိုင်လျှက်ရှိ၏ နှင်းယမုံနွယ်ကတော့ ခရမ်းရောင်dressကိုလှပစွာဆင်ထားပြီး သဇင်နွယ်နဲ့အတူ အကုန်လုံးကိုလိုက်ဧည့်ခံနေလေ၏  သဇင်နွယ်ကတော့ အစိမ်းရောင် dressကိုမှ ပေါင်လည်အထိအရှည်ခွဲထားပြီး ကောက်ကြောင်းပေါ်အောင်၀တ်ဆင်ထား၏

ပျိုတစ်ယောက်ကတော့ လိမ္မော်ရောင် Dressကိုမှ အပေါ်ကတော်တော်ဟိုက်ထားပြီး အောက်ပိုင်းပေါင်တိုလေးသာ၀တ်ထား၏ ပျိုကတော့ ဒီနေ့အဖို့ရင်ခုန်စိတ်လှုပ်ရှားနေကာ ညီ့ကိုလည်း ပျိုကိုယ်တိုင်ပြင်ဆင်ထားပေးသော အင်္ကျီလေးနဲ့မြင်ချင်နေ၏ ပျိုထိုင်နေရာမှ မသိမသာအကဲခတ်နေပယ်မယ့် ခုချိန်ထိ  ညီရဲ့အရိပ်အရောင်ပင်မတွေ့ ပျိုမတွေ့ရသေးချေ ...ညီတို့ရဲ့ပိုင်ဆိုင်မှုတွေကို ပျိုသိရတဲ့အခါ နည်းနည်းတော့အံ့သြရပါသလို နန်းစုယဥ်ကိုလည်းမနာလိုဖြစ်မိတာအမှန်ပင် နန်းစုယဥ်ကတော့ တသက်လုံး ဆင်းဆင်းရဲရဲနေလာပြီးမှ လောလောလတ်လတ် သူဌေးအသိုင်းအ၀ိုင်းကြီးကိုပိုင်ဆိုင်ခဲ့ရတာကြောင့်ပါ...

ညီတစ်ယောက်တော့ ခုမှရေချိုးပြီးတာမို့ bathrobe တစ်ထည်ပတ်ကာရေးချိုးခန်းမှထွက်လာလေ၏ အရပ်မြင့်ပြီးခန္ဓာကိုယ်ဖွဲ့စည်းပုံကအစတောင့်တင်းနေ၏ ကျန်းမာရေးလိုက်စားသူဖြစ်တာကြောင့်  gymဆော့ကာ ခန္ဓာကိုယ်ပေါ်မှ six packကသက်သေပင်  မှန်ထဲမှာကိုယ့်ရုပ်ကိုကိုယ်ပြန်ကြည့်လိုက်ပြီး
မရိတ်တာကြာတော့ နုတ်ခမ်းမွေးယေ့ယေ့ကလေးကိုမရိတ်ပဲဒီတိုင်းထားလိုက်၏  ခေါင်းကိုရေသုတ်လိုက်ပြီး သူကဒီရက်ပိုင်း ဟိုတယ်မှာပဲနေတာများ၏ နန်းစုယဥ်အကြောင်းတွေးမိတော့လည်း စိတ်ပျက်ဖို့သာကောင်းပါသည်  'နန်းစုယဥ်ခုချိန်ဘာတွေများလုပ်နေမလဲမသိ' နှစ်ယောက်သားစကားများပြီးကတည်းက မတွေ့ကြတော့တာဖြစ်၏ ညီခန့်ငယ်ငယ့်ထံသွားပယ်မယ့် သူရှောင်လိုက်ကိုယ်ရှောင်လိုက်နဲ့ နှစ်ယောက်သားမဆုံဖြစ်ကြပေ သူတို့နှစ်ဦးဆုံပြီဆိုလည်း စကားများဖို့ကိုသာဦးတည်နေတာပဲကို

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now