အပိုင်း(၁၈) uni-zaw

8.9K 154 14
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ညီတစ်ယောက်မနေ့ညကအိပ်ရေးပျက်ဒဏ်ကြောင့် မျက်တွင်းကျကာ စိတ်ပါမလန်းဆန်းတော့ချေ ညကလည်း နန်းစုယဥ်ကောင်းမှုကြောင့် သူ့မှာအိမ်သာထဲသာ​အပြေး၀င်ပြီးလက်သမားလုပ်လိုက်ရသည့်အဖြစ်ပါ မနက်ရောက်တော့ကိုယ့်ဘာသာပြန်တွေးမိရင်းအနည်းငယ်ရှက်စိတ်၀င်မိ၏ ကိုယ့်ဘာသာဒီလောက်နှာဘူးထမှန်းလည်းမသိခဲ့ပေ သေချာတာကနန်းစုယဥ်ကြောင့် သွေးတွေပွက်ပွက်ဆူလာသည်အထိခံစားခဲ့ပြီးသူ့ကိုသူလည်းမထိန်းနိုင်ခဲ့ပါ ဒါကလည်းအရင်တုန်းကနန်းစုယဥ်နဲ့ပါတနာဆက်ဆံရေးရှိခဲ့တာရော သူနန်းစုယဥ်ရဲ့အထိအတွေ့ကိုစွဲလမ်းဖူးတဲ့သူမို့မထိန်းနိုင်တာလည်းဖြစ်လောက်ပေမည် နန်းစုယဥ်ကတော့ သူ့ကိုဘယ်လိုထင်နေမလဲမသိပေ ညီခန့် နန်းစုယဥ်ဆီကအငြင်းခံလိုက်ရတာကြောင့်ခံစားချက်ကအောင့်သက်သက်နဲ့ပါ
နန်းစုယဥ်နဲ့မျက်နှာချင်းမဆိုင်ချင်သေးတာမို့ ညီခန့်မနက်အစောကြီးကတည်းကထကာ အောက်ထပ်ကိုဆင်းလာခဲ့၏ သူမနေ့ကအလောတကြီးနဲ့အခန်းပေးလိုက်ရတော့ ညီခန့်အ၀တ်အစားတွေလည်းမယူဖြစ်လိုက်ချေ မနှင်းနဲ့မသဇင်ကတော့ အိပ်ရာမှနိုးသေးပုံမပေါ်ပါ ညီခန့်မနက်စာကိုလည်း သူ့ဟိုတယ်ကပဲလာပို့ဖို့ကြိုဖုန်းဆက်လိုက်၏ နန်းစုယဥ်ကလည်း ဧည့်သည်ဆိုပြီးတကူးတကထလုပ်ပေးမည်မဟုတ်တာကြောင့်ပင်
ညီခန့်တစ်ယောက် ဧည့်ခန်းမှာထိုင်ကာ မနှင်းတို့နိုးအလာကိုစောင့်ရင်း ဖုန်းသုံးနေလိမ့်၏
"တောင် "
လိုင်းဖွင့်လိုက်တော့ မက်ဆေ့ချ်တန်း၀င်လာ၏ ညီခန့်သေချာကြည့်လိုက်တော့ ပျို့ဆီကပင်

"morning ညီ အစောကြီးနိုးလို့ပါလား "

"အွန်း ပျိုကော ဂျူတီရှိလို့လား "

"မဟုတ်ပါဘူးပျိုက စောစောနိုးတဲ့အကျင့်ရှိနေလို့☺️"

"အွန်းပါ နေကောင်းတယ်မလား"

"ကောင်းပါတယ် ညီကော အဆင်ပြေရဲ့လား"

ညီခန့်ပျို့ဆီကစာပြန်ပို့တာကိုမကြည့်ဖြစ်လိုက်တော့ပါ နန်းစုယဥ်ကဘယ်လိုလုပ်ပြီးသူ့အနားရောက်နေမှန်းညီခန့်လည်း မသိပေ ညီခန့်အားမျက်တောင်မခတ်တမ်းကြည့်နေလေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Kde žijí příběhy. Začni objevovat