EXTRA-2 uni-zaw

9.9K 261 9
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း Extra 2!!

ယဥ်ဒီနေ့ညနေဖက် သားအတွက်ဖြည့်စွက်စာကျွေးဖို့ကို ကိုယ်တိုင်မီးဖိုချောင်၀င်နေလိုက်၏ သားအတွက် ဆန်နဲနဲရယ် မုန်လာဥနီရယ် ပန်းဂေါ်ဖီရယ် ကြက်သားရယ်ကိုနူးနေအောင်ချက်လိုက်ပြီးမှ သားအတွက်သီးသန့် လုပ်ကာ သားရဲ့ထမင်းစားခုံလေးမှာနေရာတကျ
ထည့်ထားလိုက်၏ သားကို ယဥ်သိတတ်ကာစမှစပြီးကိုယ်တိုင်သာ အလေ့အကျင့်ဖြစ်အောင် စားခိုင်းတာဖြစ်သည်

သားက လမ်းနဲနဲလျှောက်နေပြီမို့ သူ့ကိုလိုက်ရှာရတာအမောပါ...သားကဟိုဆွဲသည်ဆွဲလိုက်ကာစပ်စုတတ်သေးသည် နေ့လည်ကလည်းသူ့ပါသူလဲကျတော့ နဖူးမှာကြက်ဥပေါ်သွားလေရဲ့ သူ့အဖေလာရင်တော့ယဥ်နဲ့စကားများရအုံးမှာမလွဲပေ ... ဟင်း...ယဥ်သက်ပြင်းချလိုက်မိသည်

"သာရယ် ချမ်းငြိမ်း မန်းမန်းစားရအောင်! သားဖေဖေလာရင်သားအတွက် သား ကြိုက်တဲ့ကားတွေပါမှာနှော် မြန်မြန်လေးလာခဲ့!''

သားက ခုကတည်းက ကားခရေစီမို့ ညီကကားတွေဆိုပုံစံမျိုးစုံ ကားမျိုးစုံ ရောင်စုံ၀ယ်ပေးထားလေ၏

"မေ့ !မေ့!!"

သားကထိုင်နေရင်း မပီကလာပီကလာနဲ့ယဥ့်နာမည်ခေါ်လေ၏

"ရှင့် ရှင့် အားပါးပါး ချစ်ဖို့ကောင်းလိုက်တာ မေ့မေ့သားလေးက အာဘွား အာဘွားပေးပါအုံး! မေ့မေ့ကို"

တစ်နှစ်နဲ့ ၄လအရွယ်သားက လူလည်လေးဖြစ်ပြီးအတတ်ကလေးပါ သူ့အဖေကိုအာဘွားပေးဆိုပေးတတ်ပြီး သူ့အဖေမသွားခင် တာတာ့ပြတတ်နေပြီဖြစ်သည်

"အာ!!၀ါး!"

"ဟုတ်ပြီ အရမ်းချစ်ဖို့ကောင်းတယ်ကွာ လာ မန်းမန်းသွားစားကြမယ် နဖူးကကြက်ဥလေးကိုတော့ သားအဖေလာရင်မေမေကြော်​ကျွေးလိုက်မယ်သိလား ကျွေးရမလားပြော ဟမ် ဒီကြက်ဥလုံးကလေးကိုလေ !"

ယဥ်စလိုက်တော့ သားကရယ်နေပြန်သည် ချစ်ဖို့ကောင်းလိုက်တာ ...သားက အမေတူအဖေတူလေးပါ ညီနဲ့ရောယဥ်နဲ့ပါတူလေ၏

ယဥ်သားကိုချီကာ ထမင်းစားခုံမှာနေရာချပေးလိုက်၏ သားက လက်ခုပ်တွေပါတီးပြီး စစားပါတော့သည် သားကိုကိုယ့်ဖာသာစားတတ်အောင် ယဥ်အလေ့အကျင့်ဖြစ် သင်ပေးထားတာမို့ အစပိုင်းထက်တော့သားကနဲနဲအဆင်ပြေလာ၏
ယဥ်သားဘေးမှာထိုင်လိုက်ပြီးစိတ်ရှည်လက်ရှည်စောင့်နေလိုက်၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now