အပိုင်း(၁၉) uni-zaw

9K 155 7
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း

ညီညီနဲ့ သဇင်လည်းသွား နန်းစုယဥ်လည်းအသီးသီးထွက်သွားကြတော့ တစ်အိမ်လုံးမှ နှင်းယမုံနွယ်တစ်ယောက်တည်းသာဖြစ်၏ နန်းစုယဥ်ပြောပြလာသောအကြောင်းအရာတွေက တကယ်ပဲသူဖြစ်နေတာနဲ့တူနေတာလား ငါကိုယ်၀န်ရှိနေတာများလား ဒါမဲ့ငါဆေးကြိုသောက်ထားပြီးသားပဲကို ဒီလိုဖြစ်စရာအကြောင်းမှမရှိတာပဲ .နှင်းယမုံနွယ်တစ်ယောက်ကိုယ့်ဘာသာဘာလုပ်လို့ဘာကိုင်ရမှန်းမသိတော့ချေ
ညီညီရောမာမီရောသိ၍လည်းလုံး၀မဖြစ်ပေ..နန်းစုယဥ်ကရော ညီ့ညီ့ကိုမျက်နှာလိုမျက်နှာရနဲ့သွားတိုင်လိုက်ရင်ကော ဒါမဲ့ သူမပြောဘူးလို့ပြောထားပီးသားပဲ တခုခုပေါက်ကြားရင်တော့ နန်းစုယဥ်ကိုပါးရိုက်ပြစ်မည် ...ငါဘယ်လိုလုပ်ရပါ့မလဲ ဒီကိစ္စမာမီသာသိကြည့်ပါလား မာမီသိရင်မိုးမီးလောင်လိမ့်မယ် သူ့မကိုလည်းရစရာမရှိအောင်ပြောခံရလိမ့်မည် မာမီသည် ငယ်ငယ်ကတည်းက သူတို့မောင်နှမအားရိုက်၍မဆုံးမတတ်ပေ စကားနဲ့သာနာအောင်ပြောတတ်သည် 'အသားနာတာက ခဏကြာရင်သက်သာသွားပယ်မယ့် စကားနဲ့လူတစ်ယောက်ကိုသေရာပါနာကျင်အောင်ပြောတတ်တဲ့လူစားမျိုးဖြစ်သည် သူဆုံးမတဲ့ကြားက နှင်းဒီလိုလုပ်တယ်ဆိုတာသာသိကြည့်ပါလား နှင်းမာမီသိမှာ​စိုးနေရတာကတစ်ကြောင်းဖြင့်...အခုဘာလုပ်သင့်လဲ သက်ထူးစံဆီကိုဖုန်းဆက်ပြီးအကျိုးနဲ့အကြောင်းပြောသင့်လား ဒီရက်ပိုင်းနှင်း သက်ထူးစံနဲ့အဆက်သွယ်မရှိကြချေ စာမေးပွဲနီးနေပြီဟုဆိုကာလည်းည်း နှင်းနဲ့မဆက်ဖြစ်တာသုံးလေးရက်ရှိနေပြီဖြစ်သည်
ဒါမဲ့ နှင်းဖက်ကကောသေချာမှမသိရသေးတာ
နန်းစုယဥ်လာတော့မှပဲသေချာစစ်ကြည့်ရမှာဖြစ်သည် တကယ်လို့သာ နှင်းမှာတကယ်ကိုယ်၀န်ရှိနေတယ်ဆိုရင်သက်ထူးစံကလက်ခံနိုင်ပါ့မလားပြီးတော့နှင်းကိုသူမုန်းသွားပါ့မလား
အဟင်း..လွယ်လိုက်တဲ့မိန်းမပါလားနှင်းရယ် နှင်းယမုံနွယ် ကိုယ့်ဘာတွေးရင်းဖြေမဆည်နိုင်ပေ မိုက်မဲလိုက်တာ....နှင်းသက်ထူးစံတစ်ယောက်တည်းနဲ့သာထိုကိစ္စရှိဖူ၏ ဒါကိုလည်းသက်ထူးစံသိတာပဲ သူမယုံနိုင်စရာမှအကြောင်းမရှိတာ ဒါမဲ့လည်း သက်ထူးစံက ချစ်သူရီးစားပွေရှုပ်သူဖြစ်ပြီး အတည်တွဲပါ့မလား ကျစ်!!နှင်းယမုံုံနွယ် နင်တော်တော်မိုက်လုံးကြီးပြီး
မစဥ်းစားတတ်ပါလား နင်အခုဘာဆက်လုပ်အုံးရမလဲဟမ်  အတွေများနေတာကြောင့် လူကခေါင်းပင်မူးချင်လာသည် အခန်းရှေ့ခေါက်တုန့်ခေါက်ပြန်လမ်းလျှောက်နေရာမှ ကုတင်ပေါ်တက်ကာအသာလှဲနေလိုက်သည် .....သက်ပြင်းချသံတွေကတစ်ခန်လုံးလွှမ်းခြုံလျှက်ရှိ၏
.
.
.
.ဒီနေ့ စုမြတ်ငယ်တစ်ယောက်ဆေးခန်းသွားပြဖို့ပြင်နေရသည်ည်' ဖေကြီးပါလိုက်မလို့'ဆိုတာကြောင့်စိတ်ထဲအနည်းငယ်ကျဥ်းကြပ်မိသည် တကယ်ဆိုမေကြီးနဲ့သွားရင်ပြီးတာပဲမလား အရင်လို မကြီးနန်းသာရှိရင်သိပ်ကောင်းမှာဘဲ အဲဒါဆိုငယ် မကြီးနန်းနဲ့အတူတူသွားလို့ရ၏ မကြီးနန်းကိုသတိရလိုက်တာ မကြီးနန်းကတခုခုဆို
ငယ့်ကိုဂရုစိုက်နေကျဖြစ်သည် မကြီးနန်းရှိတဲ့အချိန်တုန်းကဆိုသူပဲအရာရာလုပ်ပေး၏  စုမြတ်ငယ်ကငယ်ငယ်ကတည်းကကျန်းမာရေးနဲနဲချူချာ၏ အခုလည်း ရာသီမလာတာ၃လရှိပြီမို့ မေကြီးနဲ့ဆေးခန်းပြဖို့သွားရန်ပြင်ဆင်နေ၏ ငယ်က စာတွေနဲ့သာတစ်ချိန်လုံးနပန်းလုံးနေတော့သူ့ကိုသူလည်း သိပ်သတိမထားမိချေ ဒါမဲ့ မျက်ကွင်းတွေညို ခေါင်းတွေလည်းခဲကာ ခေါင်းမူး၏ လူကနေရထိုင်ရမသက်သာပေ မေကြီးကို
ဖွင့်ပြောပြလိုက်တော့ မေကြီးကစိုးရိမ်တကြီးဆေးခန်းသွားဖို့ပြင်ဆင်၏ ဒီကြားထဲ ဖေကြီးကပါလိုက်အုံးမည်တဲ့ ဟွန့်   ဘယ်လောက်ပဲသားသမီးနဲ့မိဘဆိုလည်း ဖေဖေ့ကိုကိစ္စတိုင်းပြောပြနေရတာကိုတော့ ငယ်မကြိုက်ပေ ဖေကြီးကနေရာတကာပါလွန်း၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now