ရင်ခွင်တစ်စုံသို့တမ်းခြင်း
ယဥ်အခုဆိုရင် ညီ့ဆန္ဒအတိုင်းအိမ်ပြောင်းလိုက်ရတာတစ်ပတ်ရှိပြီဖြစ်သည် ညီနဲ့တစ်အိမ်တည်းအတူတူနေနေပေမဲ့ တစ်ခန်းတည်းအတူတူတော့မသုံးဖြစ်ကြပါ ယဥ်ကအပေါ်ထပ်တွင်နေပြီး ညီကအောက်ထပ်တွင်နေ၏ နှစ်ယောက်လုံးဖြစ်သလိုစားသောက်ကြတာကြောင့် အိမ်ဖော်လည်းခေါ်မထားဖြစ်ပေ ယဥ်လည်းဒီရက်ပိုင်း Night jutyဆင်းရတော့ အိမ်တွင်အမြဲရှိမနေနိုင်ပေ...အန်တီက ယဥ့်အား ကားတစ်စီးပေးစီးထားပယ်မယ့် "ယောကျ်ားရမှပဲ ဆေးရုံကိုကိုယ်ပိုင်ကားနဲ့လာနိုင်တော့တယ်"ဆိုပြီး လှောင်ခံရမှာစိုး၍မောင်းတတ်ပေမဲ့ စီးလည်းမစီးဖြစ်ပေ။ ယဥ်အပြောင်းတင်ထားတာကလည်း နောက်နှစ်ပတ်လောက်ဆိုရင်သိရတော့မည့်ဖြစ်၏
ဒီနေ့ Night jutyထွက်မို့ အိမ်ကိုစောစောပြန်ရောက်လာကာ လူကအရမ်းပင်ပန်းနေ၍ ရေအရင်ချိုးရန်သာ စိတ်ကူးမိသည် ဆံပင်ရှည်တွေကလည်းအရင်ထက်ပိုရှည်လာ၍တင်ပါးပင်ဖုံးနေပြီဖြစ်သည်
ရေချိုးပြီးတာနဲ့ လက်မောင်းပြတ်အသားရောင်ဂါ၀န်ဒူးကျလေးကို၀တ်ထားလိုက်ပြီးဆံပင်တွေကိုဖြန့်ချထားလိုက်၏ day cream နဲနဲလူးလိုက်ပြီးအောက်ထပ်ကိုဆင်းလာခဲ့၏
ဒီအိမ်ရောက်မှပဲ ယဥ်နဲ့ညီသည် ပိုစိမ်းသွားလေ၏ ညီသည်လည်း ယဥ်အား ရှိမှန်းပင်သိပုံမရချေ ရေခဲသေတ္တာထဲတွင်လည်းရေသန့်မှလွဲ၍ ဘာမှရှိမနေပေ အပြင်ထွက်ရန်ပဲတွေးလိုက်တော့သည်
ဟုတ်သားပဲ ဟန်နီခင်နဲ့ယဥ်တွေ့လို့ရနေတာပဲ ဟန်နီအားရဲ့လား ဖုန်းခေါ်ကြည့်အုံးမည်
ယဥ်ဖုန်းခေါ်လိုက်တော့ တန်း၀င်သွားပယ်မယ့် မကိုင်ချေ နှစ်ခါလည်းခေါ်မနေချင်တာကြောင့် ဖုန်းကိုဘေးမှာချထားလိုက်တော့ ဟန်နီ့ဆီမှဖုန်းပြန်၀င်လာသည်"ဟယ်လို "
"ဟယ်လို ဟန်နီလား ငါယဥ်!"
"အော်ဘယ်သူများလဲလို့ ခ်ခ် ယဥ်ကဲပြော ဘာကိစ္စလဲ "
"နင်ခုအားလား တွေ့ကြရအောင်လေ "
"ခုလား အားတော့အားတယ် ငါဦးကို တစ်ရက်လုံးအချိန်ပေးထားမယ်လို့ပြောပြီးသားတော့ဖြစ်နေပြီ ဒါမဲ့ တွေ့ကြမယ်လေ ဘယ်မှာတွေ့ကြရင်ကောင်းမလဲ "
BẠN ĐANG ĐỌC
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Phi Hư Cấu"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...