ရင်ခွင်တစ်စုံသို့တမ်းခြင်း (၃၂)
ယဥ် ညီ့ မြည်းဖို့အတွက် ငါးသံပရာပေါင်းရယ် ကင်းမွန်သုပ်ရယ် နဲ့ကြက်သောက်ဆန်းပါ ချက်လိုက်လေ၏ အကုန်ပြင်ဆင်ပြီးတာနဲ့ ညီ့ဘေးနားမှာအဆင်သင့်ချပေးလိုက်၏
"မိန်းမ ဒီကိုလာထိုင်လေ ဟင်းနောက်မှချက်တော့ အတူဂစ်တာတီးပြီးသီချင်းဆိုကြရအောင်!"
"အာ ညီကလည်း ယဥ်မှမဆိုတတ်တာ !"
"ဒါဆိုလည်းဘေးကနေအမြည်းစားရင်း လာနားထောင်ပေးပေါ့ ဒီကိုလာ ကိုယ့်ပေါ်မှာပဲထိုင်"
"ရပါတယ် ညီညောင်းနေမှာပေါ့!"
"လာပါဆိုကွာ!"
ယဥ်လည်း ညီဆွဲခေါ်တော့မတတ်သာပဲ ပါသွားရလေ၏
ညီထက်တွင်ထိုင်လိုက်ပြီး ညီကတော့ယဥ့်အား ဖက်ထားလေ၏
"ကိုယ့်မိန်းမလက်ရာကရှယ်ပဲ "
ညီက ကင်းမွန်သုပ်ကိုစားရင်းယဥ့်အားချီးကျူးနေ၏
"အာ ဟ ကိုယ်ခွံ့ကျွေးမယ်!"
ယဥ်ပါးစပ်ဟပေးလိုက်လေ၏ ...ညီကတော့ ဘီယာလေးသောက်လိုက် အမြည်းလေးစားလိုက်နဲ့ ဘီယာဘူးခွံတွေကဘေးမှာတပုံကြီးပါ...ယဥ်ကတော့ဘေးမှအမြည်းသာစားနေလိုက်၏
ညီက သီချင်းဆိုလိုက် ယဥ်ကဘေးကနေလက်ခုပ်တီးပေးလိုက်နဲ့ ဒီပျော်စရာအခိုက်အတန့်လေးကိုယဥ်အမှတ်တရသိမ်းထားဖို့တွေးထားလိုက်သည် ယဥ်နဲ့ညီက နှစယောက်သာပျော်ရွှင်စွာရယ်မောလိုက်ကြပြီး ယဥ်လည်း ညီ့အားပြန်ခွံကျွေးလိုက်၏ 'ညီဘီယာသောက်တဲ့အခါ ညီ့ဘေးနားမှာ အမြည်းခွံ့ကျွေးတဲ့သူဟာ ယဥ်ပဲဖြစ်ချင်သလို ညီဆေးလိပ်သောက်တဲ့အခါ မီးခြစ်ခြစ်ပေးမဲ့သူကယဥ်ပဲဖြစ်ချင်တယ် ယဥ်က asthma ရှိပယ်မယ့့်လည်းပေါ့..ညီဂစ်တာတီးပြီးသီချင်းဆိုတဲ့အခါ ညီ့ဘေးမှာ လက်ခုပ်တီးပေးမယ့့် သူဟာယဥ်ပဲဖြစ်ချင်ပါတယ် 'ယဥ်ညီ့အားအဓိပ္ပာယ်ပါသော မျက်လုံးတွေနဲ့ပြုံးပြီးကြည့်နေမိ၏"ညီ အများမသောက်နဲ့လေ မူးနေပြီမလား !"
"အဟွန်း ကိုယ်မမူးသေးပါဘူး!"
မမူးသေးပါဘူးတဲ့ မျက်လုံးကမပွင့်တော့ချေ ညီက တဖန် ယဥ့်ကိုအောက်ချကာ သူက ယဥ်ပေါင်ပေါ်တွင်လှဲအိပ်လိုက်လေ၏....
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...