ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၆သုခငြိမ်း ဆေးရုံရဲ့ဘေးဘက်မှာက ခြံအကျယ်အ၀န်းနဲနဲကျယ်ပြီး ကလေးတွေအတွက်ရောကစားစရာတွေအပြည့်နဲ့ကစားကွင်းသဖွယ်ပြုလုပ်ထား၏ လူကြီးတွေအတွက်လည်း ထိုင်စရာခုံတန်းလေးတွေကအစ ပြုလုပ်ထား၏ ပုဂ္ဂလိကဆေးရုံမို့ ငွေကြေးတတ်နိုင်တဲ့သူများသာအများအားဖြင့်တက်ရောက်လေ့ရှိ၏ ဆေးရုံရဲ့ ရှေ့ဘက်က ကားလမ်းနဲ့နီးကပ်ပေမဲ့ ဘေးဘက်ကတော့နေစရာ သာသာယာယာကြီးပင် ယဥ် ဆေးရုံအပြင်ဘက်ကိုထွက်လာရင်း ဆရာဘုန်းစစ်ငြိမ်းနဲ့ဆုံလေ၏ ဆရာက ယဥ့်ကိုမြင်တော့ပြုံးပြလာ၏
"ယဥ် သက်သာလား အခုနေရတာအဆင်ကောပြေရဲ့လား!"
"ဟုတ်ကဲ့ဆရာအဆင်ပြေပါတယ် ယဥ် ပျင်းတာနဲ့အောက်ဆင်းပြီးလမ်းလျှောက်ချင်လို့ ထွက်လာခဲ့တာဆရာရော !"
"အဟွန်း ကိုယ်ကတော့အခုမှထွက်လာရတာ သူငယ်ချင်းတစ်ယောက်အတွက် အစား၀င်ပေးနေရသေးတယ်!"
"ညနေစာမစားရသေးဘူးပေါ့ ကျန်းမာရေးဂရုစိုက်ပါဆရာ !"
"ဟုတ်ကဲ့ပါဗျာ လူနာကပြန်ပြီးဂရုစိုက်ခိုင်းနေတော့!"
"အဟွင်း !!"
ညီခန့်ကတော့မဆိုင်သူတစ်ယောက်လို့ပဲ ယဥ်တို့အနားမလာပဲ အဝေးမှသာလက်ပိတ်၍ ရပ်ကြည့်နေတော့သည် စုယဥ်ကတော့ သဘောကျစွာရယ်မောလျှက်ပင် သူနဲ့ဆိုလျှင် အရယ်အပြုံးမရှိပေမဲ့ တခြားသူတွေနဲ့ဆိုစုယဥ်ကပြုံးရွှင်နေ၏
"ယဥ့်အမျိုးသားမလား ယဥ်တို့ပြန်အဆင်ပြေသွားပြီလား!"
ဆရာဘုန်းစစ်ငြိမ်းက ညီ့ကိုမြင်သွားဟန်ပါ
ဆရာကယဥ်ပြောပြထား၍ယဥ်တို့အကြောင်းကိုသိလေ၏ အမှန်တကယ်ဆို ယဥ်ဆရာ့အားပြောပြမည်မဟုတ်ပါ ဆရာ့ဖက်ကထုတ်မေးလာခဲ့၍ ယဥ် မလိမ်ချင်တော့ပဲ အမှန်တိုင်းသာပြောလိုက်ရခြင်းပါ"ဟုတ်တယ်ဆရာ ဒီနေ့မှရောက်လာတာပါ!"
"အော်!!ဟုတ်ပါပြီ ယဥ်တို့ပြန်အဆင်ပြေတာမြင်တော့လည်း၀မ်းသာပါတယ်ဗျာ!"
"ဟိုအဲလိုမျိုးတော့မဟုတ်ပါဘူးဆရာ သူလည်းတာ၀န်အရလာခဲ့တာထင်တယ်ယဥ်တို့က ကွာရှင်းပြီးသွားကြပြီးတဲ့ဟာ!"
YOU ARE READING
ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)
Non-Fiction"ငါယဥ့်ကိုဘယ်တော့မှချစ်လာမှာမဟုတ်ဘူး" "ငါလည်း ညီ့ကိုချစ်တယ်လို့မပြောမိပါဘူး " "နင်စိတ်ချပါ နန်းစုယဥ်ဆိုတဲ့ငါက ကိုယ့်လည်ပင်းကိုကိုယ်ကြိုးကွင်းပြန်မစွပ်ဘူး " "ငါကတခြားမိန်းမတွေလို ကလေးကိုဗန်းပြပြီးနင့်ကိုဆွဲထားမှာမဟုတ်ဘူး အဲလိုဖြစ်စရာလည်းအကြောင်းမရှိဘ...