အပိုင်း(၅၇)uni-zaw

6.7K 191 26
                                    


ရင်ခွင်တစ်စုံသို့တမ်းခြင်း ၅၇

လာမဲ့သောကြာနေ့ဆို ယဥ်သားလေးကိုတွေ့ရတော့မည်ဖြစ်သည် သားလေးကို ကြာသပဒေး ဒါမှမဟုတ် သောကြာနေ့မှာခွဲမွေးဖို့ကြိုတင်ပြင်ဆင်ထားကြပြီး ယဥ်ကတော့ သောကြာသားလေးဖြစ်စေချင်တာမို့ထိုနေ့ကိုသာရွေးလိုက်တာဖြစ်သည် အန်တီတို့က ဗေဒင်တွေဘာတွေမေးကာ နာမည်တောင်ရွေးပြီးသားဖြစ်နေပါသည် ဖွားကတော့ ရှေးရိုးစွဲတာမို့ မမွေးရသေးပဲ ကလေးကိုနာမည်မထည့်ခိုင်းပါ အန်တီကတော့ သူ့မြေးကို ချမ်းငြိမ်းခန့်သော် ဆိုပြီးပေးထားလေပြီဖြစ်သည် ယဥ်ကတော့ ထွေထူးဘာမှမပြောလိုက်တော့ပါ ချမ်းငြိမ်းခန့်သော်ဆိုတဲ့နာမည်ကလည်းသားလေးနဲ့လိုက်ဖက်မယ်လို့ထင်မိတာကြောင့်ပါ ညီကလည်းနာမည်နဲ့ပတ်သက်ပြီးထွေထူးပြောမလာခဲ့ချေ
ညီနဲ့ယဥ်ရဲ့ဆက်ဆံရေးက အခုနောက်ပိုင်းနဲနဲအဆင်ပြေလာသလိုရှိလာ၏ သားကိစ္စနဲ့ပတ်သက်ပြီး အပြန်အလှန်ဆွေးနွေးတိုင်ပင်ကြတာတော့ ညီက
အရင်င်ယဥ်တို့အတူနေခဲ့တဲ့အိမ်ကလေးမှာပဲသားအတွက်အခန်းပိုလုပ်ပေးထားကြောင်းပြောပြလေ၏ ယဥ်နေမကောင်းတာတို့ဆိုဘေးကနေအကုန်လုပ်ပေးပြီး ယဥ့်အပေါ်တော့ကောင်းပေးရှာပါသည် ထမင်းခွံ့တာတို့ ယဥ့်ဝေယျာ၀ိစ္စတွေပါညီကဒိုင်ခံလုပ်ပေးလေ၏ ယဥ်မလုပ်ဖို့ပြောပေမဲ့ ညီကလက်မခံခဲ့ပါ 'သူ့သားလေးအတွက်'ဆိုပြီးခေါင်းစဥ်တပ်သေးသည်
ယဥ်တို့နှစ်ယောက်အားအဆင်ပြေစေချင်ကြတာမို့ ယဥ်သားလေးမွေးပြီးမှစဥ်းစားဖို့သဘောတူထားလေ၏ ညီ့ဖက်ကလည်းအတင်းအကြပ်ကြီးတော့
ယဥ့်ကိုဖိအားမပေးခဲ့ပါ 'အချိန်ဘယ်လောက်ပဲကြာကြာ စုယဥ်ပြန်လက်ခံပေးမဲ့အချိန်ကိုစောင့်ပါမယ်တဲ့'
ယဥ့်ဗိုက်လေးကိုကိုင်ကာလက်က်နဲ့အသာထိတော့ ဗိုက်ထဲကသားလေးက ကန်လေ၏ ...ယဥ်တချက်ပြုံးမိသွားရင်း အခန်းထဲတစ်ယောက်တည်းကြည်နူးနေမိသည် 'သားသားကို အရမ်းတွေ့ချင်နေပါပြီရှင့်
ကျန်းကျန်းမာမာနဲ့ ထွက်လာပေးပါနော်'

ယဥ်ကုတင်ပေါ်မှာလှဲကာ ခဏမှေးနေတုန်းအခန်း
တံခါးဖွင့်သံကြားတာနဲ့ တံခါးဆီအကြည့်ရောက်သွားရလေ၏ အနီရောင်ထောင့်ဖိနပ်ချွန်ချွန်နဲ့အသံတဂွင်​မြည်အောင်လမ်းလျှောက်လာခဲ့ပြီးပုခုံးပြောက်ကိုမှရင်ဘတ်နေရာဟိုက်ထားသော အနီရောင် bodyfitအားလှပစွာ၀တ်ဆင်ထား၏ ဆံပင်တိုတွေကိုလှိုင်းတွန့်သဖွယ်ကောက်ထားပြီး ငွေမျှင်ရောင်ဆိုးထား၏
အနီရောင်တောက်တောက်နှုတ်ခမ်းနီကိုသေချာတကျဆိုးထားပြီးသွားတန်းလေးတွေပေါ်အောင် ပြုံးနေလျှက်ပင် သူမက ယဥ်နှစ်ခါကြည့်စရာမလိုလောက်အောင်ပင် ပျို၀င့်လွှာဖြူမှန်းတန်းသိလေ၏
နှင်းဆီနီပန်းစည်းကိုလည်းလက်တွင်ကိုင်ထားပြီး
ယဥ့်အနားလျှောက်လာလေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now