အပိုင်း(၆၀) uni-zaw

12.1K 320 31
                                    

ရင်ခွင်တစ်စုံသို့တမ်းခြင်း ၆၀

☘️☘️☘️☘️၂လခန့်ကြာပြီးနောက်☘️☘️☘️☘️

"ညီရေ !!မပြီးသေးဘူးလားမြန်မြန်လုပ်လေ ရေတစ်ခါချိုးတာကအဲလောက်ကြာလို့လား  ဒီမှာ သားအရမ်းငိုနေပြီလို့ ပြီးတော့ ယဥ်လည်းဗိုက်ဆာနေပြီ!"

သားလေးကို  ဒီနေ့ ကာကွယ်ဆေးထိုးထားရတာမို့ သားက အဖျားပါတက်ကာ အငြိမ်မနေပါ  ခဏခဏငိုနေ၏  ယဥ်အကောင်းမနေရပဲ သားကိုချီကာလမ်းလျှောက်မ်းလျှောက်နေလိုက်၏

"ပြီးပြီမိန်းမရေ ခဏလေး ကိုယ် သားအ၀တ်လေးတွေလက်စသပ်နေတာနဲ့ ကြာနေတာ ခဏလေး!"

ညီက သားရဲ့အ၀တ်အစားတွေကို သူကိုယ်တိုင်ပဲလက်နဲ့ပဲလျှော်လေ၏ သားကိုအိမ်နေရင်းဆို ဒိုင်ဘာခံမပေးပေ  သားလေးကထွားတော့ အရာထင်နေမှာစိုးတာနဲ့ပူနေမှာစိုးရတာနဲ့ပဲ အပြင်သွားခါနီးဒါမှမဟုတ် ညအိပ်ခါနီးမှပဲဒိုင်ဘာ၀တ်ပေးလေ၏ ....ကလေးအီးအီးပါသမျှညီကပဲဒိုင်ခံလျှော်လေ၏ လျှော်ပေါ့....

ထုံးစံအတိုင်းယဥ်နဲ့ညီကပြန်ပေါင်းမုန့်စားလိုက်ပြီးအတူတကွပြန်ပေါင်းထုပ်လိုက်ကြလေ၏ 'လင်နဲ့မယားလျှာနဲ့သွားတဲ့'
လူကြီးတွေရဲ့ဆန္ဒအရရော  သားကိုမိဘစုံလင်ရှိရဲ့နဲ့တကွဲဲတပြားမကြီးပြင်းစေချင်တာကတစ်ကြောင်းဖြစ်ပြီး ယဥ်နဲ့ညီကိုယ်တိုင်ကလည်း ပြန်ပေါင်းဖို့ဆန္ဒရှိကြတာမို့ အတူပြန်နေလိုက်တာဖြစ်သည်

'စုယဥ်သဘောဆန္ဒအတိုင်းဖြစ်စေရမည် စုယဥ်က မလုပ်နဲ့အရာမှန်သမျှမကြိုက်ဘူးဆိုတဲ့အရာမှန်သမျှမသွားနဲ့ဆိုတဲ့အရာမှန်သမျှဘာမှမလုပ်ပဲ စုယဥ်မျက်နှာတစ်ကမ္ဘာနေပါ့မယ် !!စုယဥ်ကသေဆိုရင်တောင်ကိုယ်သေပါ့မယ်တဲ့ အရက်ဘီယာမှန်သမျှစုယဥ်မကြိုက်ရင်စွန့်ပါ့မယ်!"ဆိုပြီး လင်တော်မောင်ကကြူးတော့ ဘယ်သူကများအရည်မပျော်ပဲနေလိမ့်မှာလဲ....

(ကြားကတို့ကသာ ခင်မို့မို့အေး Pro max🙄)

ယဥ်တို့အရင်အိမ်လေးမှာပဲ အတူနေကြပြီး အခုဆိုရင်နှစ်လတင်းတင်းပြည့်သွားခဲ့ပြီးဖြစ်သည် တကယ်ပဲ ညီက အခုချိန်ထိတော့ ယဥ်နဲ့သားလေးအပေါ်မှာကောင်းပြီး ဘာကိုမှထွေထူးပြောစရာမလိုအောင်အလိုက်သိပေးလေ၏

ရင်ခွင်တစ်စုံသို့တမ်းခြင်း(Completed)Where stories live. Discover now